Unicode
မကွေးတိုင်း ရေစကြိုမြို့နယ်က မအူရွာ အလယ်ရဲ့ အမွေအနှစ်တွေထဲကတစ်ခု။ သော့ပေါင်း ၁၃ ချောင်းကိုကျော်ဖြတ်ပြီးမှရွှေဆင်းတုဘုရားကိုပူဇော်ကန်တော့ ခွင့်ရမယ်။ရွှေဆင်းတုဘုရားကို ဖူးမြော်ဖို့ဆိုရင် ဂေါပက ၅ ယောက်ဆုံပြီး သော့ငါးချောင်းနဲ့ ပထမတဆင့်ကိုဖွင့်ပြီးမှ ဒုတိယတံခါးကသော့သုံးချောင်း ကိုထပ်ဖွင့် အဲ့လို
ဖွင့်ပြီးမှ ဘုရားရှင် စံမြန်းတဲ့ မီးခံသေတ္တာဆီရောက်တယ်။ အကြိုက်ဆုံးကတော့ ပထမဆုံးပုံမှာ ပြထားတဲ့ မီးခံသေတ္တာ တံခါး။ရှေးတံခါး သော့ငါး ချောင်းလုံး ထည့် ပြီး မှ lock တွေတစ်ခုခြင်းလိုက်လှည့်ပြီး အားလုံးစုံမှပွင့်တာ နှစ်ပေါင်းများစွာကြာပြီ ခုထိမပျက်မစီးကျန်တယ်။ သုံးလို့လဲရတယ်။ တကယ့်စက်မှုအမွေအနှစ်တစ်ခု ပဲ
ကျနော်တို့ဖူးနိုင်ဖို့ အတွက် ငါးယောက်လုံးစုံအောင် စုဝေးရင်းအလုပ်ရှုပ်သွားခဲ့ရတဲ့ ဂေါပကလူကြီးမင်းများကို ကျေးဇူးအထူးတင်ပါတယ်။ပရိသတ်ကြီးရေ သော့ပေါင်း ၁၃ ချောင်းကိုကျော် ဖြတ်ပြီးမှ ပူဇော်ကန်တော့ခွင့်ရမဲ့ ရှေးဟောင်းရွှေဆင်းတုဘုရားအကြောင်းလေးကို ဖူးမြော်ရအောင် ပြန်လည်မျှဝေလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့အတွက် ပရိတ် သတ် ကြီးကိုလဲ ကျေးဇူးတင်ပါတယ်။သာယာပျော်ရွှင်သော နေ့လေးတ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ crd လောကသုတ