ရဟန္းဝတ္ခဲ့တဲ့ ဘုန္းႀကီးေက်ာင္းမွာ သိမ္ေက်ာင္းတိုက္ေဆာက္ဖို႔ အလႉေငြ သိန္းတစ္ရာ မတည္လႉဒါန္းခဲ့တဲ့ ပိုင္တံခြန္

ပိုင္တံခြန္ကေတာ့ သာသနာ့ေဘာင္ဝင္ခဲ့တဲ့ ဘုန္းႀကီးေက်ာင္းမွာ သိမ္ေဆာက္ေပးခ်င္ခဲ့ တာေၾကာင့္ အလႉေငြ သိန္းတစ္ရာ မတည္ခဲ့တဲ့ အေၾကာင္းကို လူမႈကြန္ရက္စာမ်က္ႏွာ မွာ ဇန္နဝါရီလ ၁၇ ရက္ေန႔က ေရးသား လာခဲ့ပါတယ္။ ပိုင္တံခြန္ဟာ သာသနာ့ေဘာင္ ကေန လူထြက္ၿပီးတဲ့အခ်ိန္မွာေတာ့ သိမ္ေက်ာင္းေဆာက္လုပ္ေပးဖို႔ ဆႏၵရွိ တာေၾကာင့္ ေက်ာင္းတိုင္ဆရာေတာ္ကို ေလၽွာက္ၿပီး အလႉေငြ သိန္းတစ္ရာ မတည္ခဲ့တာလည္း ျဖစ္ပါတယ္

ကၽြန္ေတာ္ ဒီဘုန္းႀကီးေက်ာင္းမွာ ဆံခ်ၿပီး ရဟန္းဘဝရခဲ့တာပါ။ အဓိက က ေက်ာင္းေလးက ဆင္းရဲတဲ့ အ တြက္ ဒီေနရာမွာ သာသနာလုပ္ငန္းေတြ လုပ္ေပးခ်င္တဲ့ ဆႏၵေၾကာင့္ တစ္ျခားေက်ာင္းမွာ မဝတ္ဘဲ ကၽြန္ေတာ္ ဒီမွာ ရဟန္းဝတ္ခဲ့တာပါ။ ဒီဘုန္းႀကီးေက်ာင္းေလးက အလႉရွင္အရမ္း နည္းပါးတဲ့အျပင္ ရဟန္းေန ဖို႔အေဆာင္၊ ထမင္းစားေဆာင္၊ တရားခ်တဲ့အေဆာင္၊ စာသင္ေဆာင္၊ရဟန္းေတြအတြက္ အေရးႀကီးဆုံးျဖစ္တဲ့ သိမ္ေက်ာင္း ေဆာင္ရယ္လို႔ ေက်ာင္းဝင္းထဲမွာ မရွိပါဘူး။ သိမ္မရွိေတာ့ တစ္ျခားဘုန္းႀကီး ေက်ာင္းမွာ ကၽြန္ေတာ္သိမ္ဝင္ ရ တယ္

ဆရာေတာ္ ကလည္းေမတၱာတရားႀကီးမားသလို ဘယ္သူ႔ဆီကမွ အလႉလည္း မခံခဲ့ ပါဘူး။ ကၽြန္ေတာ္ ရဟန္းအျဖစ္နဲ႔ ဒီေက်ာင္းေလးမွာ တစ္ရက္ပဲကုသိုလ္ေရးေတြ လုပ္ျဖစ္တယ္။ ၿပီးေတာ့မွ တစ္ေယာက္တည္း တရားအားထုတ္ခ်င္လို႔ ျမဝတီၿမိဳ႕ကိုထြက္သြားၿပီး သစ္တံခါးဆရာေတာ္ဘုရားႀကီးဆီမွာ ရဟန္းဘဝနဲ႔ ကုသိုလ္ ေရးေတြ လုပ္ၿပီး တရားအားထုတ္ခဲ့ပါတယ္။ ျမဝတီကို မသြားခင္မွာလည္း ဆရာေတာ္ကို ေျပာခဲ့ပါတယ္။ တ ပည့္ေတာ္လူထြက္လာရင္ ဒီေက်ာင္းကို အစစအရာရာျပည့္စုံေအာင္ မတည္ၿပီး လႉဒါန္းေပး မယ္လို႔ တစ္ ေယာက္တည္းမနိုင္ရင္လည္း ပရိသတ္ေတြကို နိဗၺာန္ေဆာ္ ေပးမယ္လို႔ ေျပာခဲ့ပါတယ္ လို႔ ပိုင္တံခြန္က ေရးသားထားတာျဖစ္ပါတယ္

ပိုင္တံခြန္ သာသနာ့ေဘာင္ဝင္ခဲ့တဲ့ ဘုန္းႀကီးေက်ာင္းကေတာ့ ဒဂုံၿမိဳ႕သစ္ အေရွ႕ပိုင္း ၁၃၁ ရပ္ကြက္၊ ေရသန႔္ လမ္းမွာတည္ရွိတာပါ။ ဒါ့အျပင္ ဘုန္းႀကီးေက်ာင္းအတြက္ ပထမဆုံးအေနနဲ႔ သိမ္ေက်ာင္းကို ေဆာက္လုပ္ေပးခ်င္တာေၾကာင့္ သိန္း တစ္ရာ မတည္ၿပီး ပရိသတ္ေတြကိုလည္း သံသရာမွာ သူနဲ႔အတူ ေရစက္ပါေအာင္ အလႉေငြ တစ္ေထာင္၊ တစ္ေသာင္းကအစ ပါဝင္လႉဒါန္းေပးပါလို႔လည္း နိဗၺာန္ေဆာ္ ထားပါေသးတယ္

crd သိမ့္, ျပည္ျမန္မာ

Unicode

ပိုင်တံခွန်ကတော့ သာသနာ့ဘောင်ဝင်ခဲ့တဲ့ ဘုန်းကြီးကျောင်းမှာ သိမ်ဆောက်ပေးချင်ခဲ့ တာကြောင့် အလှူငွေ သိန်းတစ်ရာ မတည်ခဲ့တဲ့ အကြောင်းကို လူမှုကွန်ရက်စာမျက်နှာ မှာ ဇန်နဝါရီလ ၁၇ ရက်နေ့က ရေးသား လာခဲ့ပါတယ်။ ပိုင်တံခွန်ဟာ သာသနာ့ဘောင် ကနေ လူထွက်ပြီးတဲ့အချိန်မှာတော့ သိမ်ကျောင်းဆောက်လုပ်ပေးဖို့ဆန္ဒရှိ တာကြောင့် ကျောင်းတိုင်ဆရာတော်ကို လျှောက်ပြီး အလှူငွေ သိန်းတစ်ရာ မတည်ခဲ့တာလည်း ဖြစ်ပါတယ်

ကျွန်တော် ဒီဘုန်းကြီးကျောင်းမှာ ဆံချပြီး ရဟန်းဘဝရခဲ့တာပါ။ အဓိက က ကျောင်းလေးက ဆင်းရဲတဲ့ အ တွက် ဒီနေရာမှာ သာသနာလုပ်ငန်းတွေ လုပ်ပေးချင်တဲ့ ဆန္ဒကြောင့် တစ်ခြားကျောင်းမှာ မဝတ်ဘဲ ကျွန်တော် ဒီမှာ ရဟန်းဝတ်ခဲ့တာပါ။ ဒီဘုန်းကြီးကျောင်းလေးက အလှူရှင်အရမ်း နည်းပါးတဲ့အပြင် ရဟန်းနေ ဖို့အဆောင်၊ ထမင်းစားဆောင်၊ တရားချတဲ့အဆောင်၊ စာသင်ဆောင်၊ရဟန်းတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ သိမ်ကျောင်း ဆောင်ရယ်လို့ ကျောင်းဝင်းထဲမှာ မရှိပါဘူး။ သိမ်မရှိတော့ တစ်ခြားဘုန်းကြီး ကျောင်းမှာ ကျွန်တော်သိမ်ဝင် ရ တယ်

ဆရာတော် ကလည်းမေတ္တာတရားကြီးမားသလို ဘယ်သူ့ဆီကမှ အလှူလည်း မခံခဲ့ ပါဘူး။ ကျွန်တော် ရဟန်းအဖြစ်နဲ့ ဒီကျောင်းလေးမှာ တစ်ရက်ပဲကုသိုလ်ရေးတွေလုပ်ဖြစ်တယ်။ ပြီးတော့မှ တစ်ယောက်တည်း တရားအားထုတ်ချင်လို့ မြဝတီမြို့ကိုထွက်သွားပြီး သစ်တံခါးဆရာတော်ဘုရားကြီးဆီမှာ ရဟန်းဘဝနဲ့ ကုသိုလ် ရေးတွေ လုပ်ပြီး တရားအားထုတ်ခဲ့ပါတယ်။ မြဝတီကို မသွားခင်မှာလည်း ဆရာတော်ကို ပြောခဲ့ပါတယ်။ တ ပည့်တော်လူထွက်လာရင် ဒီကျောင်းကို အစစအရာရာပြည့်စုံအောင် မတည်ပြီး လှူဒါန်းပေး မယ်လို့ တစ် ယောက်တည်းမနိုင်ရင်လည်း ပရိသတ်တွေကို နိဗ္ဗာန်ဆော် ပေးမယ်လို့ ပြောခဲ့ပါတယ် လို့ ပိုင်တံခွန်က ရေးသားထားတာဖြစ်ပါတယ်

ပိုင်တံခွန် သာသနာ့ဘောင်ဝင်ခဲ့တဲ့ ဘုန်းကြီးကျောင်းကတော့ ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၃၁ ရပ်ကွက်၊ ရေသန့် လမ်းမှာတည်ရှိတာပါ။ ဒါ့အပြင် ဘုန်းကြီးကျောင်းအတွက် ပထမဆုံးအနေနဲ့ သိမ်ကျောင်းကို ဆောက်လုပ်ပေးချင်တာကြောင့် သိန်း တစ်ရာ မတည်ပြီး ပရိသတ်တွေကိုလည်း သံသရာမှာ သူနဲ့အတူ ရေစက်ပါအောင်အလှူငွေ တစ်ထောင်၊ တစ်သောင်းကအစ ပါဝင်လှူဒါန်းပေးပါလို့လည်း နိဗ္ဗာန်ဆော် ထားပါသေးတယ်

crd သိမ့်, ပြည်မြန်မာ