နာမည်ကြီးနေတဲ့ စစ်သူနာပြု ဗိုလ်ကြီး မမ အလှမယ်(ရုပ်သံ)







Video ကြည့်ရန်

Unicode

တပ်မတော်အရာရှိဘဝကနေ အိမ်ထောင်ရှင် အလှမယ် ဖြစ်လာသူ အငြိမ်းစား ဗိုလ်ကြီး မမ အလှမယ်

တပ်မတော်အရာရှိဘဝကနေ အိမ်ထောင်ရှင် အလှမယ် ဖြစ်လာသူ၊ လွှတ်တော်အမတ်လောင်း အဖြစ် နိုင်ငံရေးထဲ ဝင်ဖို့လည်း ကြိုးစားခဲ့သူ၊ ဗိုလ်ကြီး မမ အလှမယ် မအေမီဇင်ဝင်း

နိုင်ငံပေါင်း ၉၀ ကျော်က အိမ်ထောင်ရှင်အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Mrs Universe 2020 နိုင်ငံတကာပါဝင်တဲ့ ၂၀၂၀ ခုနှစ်အတွက် အိမ်ထောင်ရှင် မယ်စကြာဝဠာ ပြိုင်ပွဲမှာ အသက် ၄၁ နှစ်အရွယ် မအေမီဇင်ဝင်းက မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်နေပါတယ်။

ကိုဗစ်၁၉ ကပ်ဘေးကာလဖြစ်တဲ့အတွက် အရင်နှစ်တွေလို စင်မြင့်ပေါ် အလှပြ၊ စွမ်းရည်ပြပွဲတွေ မလုပ်ရဘဲ အွန်လိုင်းကနေ မဲပေးတဲ့ စနစ်နဲ့ ရွေးချယ်မှာ ဖြစ်ပါတယ်။ စစ်သူနာပြု ဗိုလ်ကြီးအဆင့်အထိ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မအေမီဇင်ဝင်းဟာ အခု ၂၀၂၀ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပါတယ်။

crd ဘီဘီစီမြန်မာပိုင်း

မြန်မာဂုဏ်ဆောင်မယ့် ဗိုလ်ကြီးမမကို အားပေးဝန်းရံကြပါအုံးနော်