နိုင်ငံတကာပရိသတ်တွေရဲ့ အကြီးအကျယ်စိတ်ဝင်စားမှုရရှိပြီးနောက် အင်စတာဂရမ်စာမျတ်နှာ Follower (1) သန်းကျော် ထိပိုင်ဆိုင်နိုင်ခဲ့တဲ့ ပိုင်တံခွန်




Unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကတော့ ရုပ်ရည်ချောမောတဲ့အပြင် ကြင်နာတတ်ပြီး သူတစ်ပါးအပေါ်ကို ကူညီချင်စိတ်အပြည့်ရှိသူတစ်ယောက်မို့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်ခြင်းခံရတဲ့ မင်းသားတစ်ယောက်ပါပဲ။ စိတ်ထားကောင်းတဲ့အပြင် မိဘတွေအပေါ်မှာလည်း သိတတ်တဲ့ ပိုင်တံခွန်က သူ့ရဲ့ ကံအကျိုးပေးကြောင့် နိုင်ငံကျော်ရုံသာမက ကမ္ဘာကျော်တဲ့အထိ ကျော်ကြားဖို့ လမ်းကြောင်းတွေ ပွင့်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အောင်မြင်ပြီးသားဖြစ်တဲ့ ပိုင်တံခွန်က အခုဆိုရင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူစတဲ့ နိုင်ငံတွေက သတင်းတွေမှာလည်း အကြီးအကျယ်ဖော်ပြခြင်းခံနေရတာပဲ ဖြစ်ပါတယ်

ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိလာတာနဲ့တကွ ပိုင်တံခွန်ကို ချစ်ကြတဲ့ နိုင်ငံတကာက ပိုင်တတံခွန်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကို Follow ပြုလုပ်မှုတွေ တစ်ရက်တည်း သိန်းနဲ့ချီရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ ပိုင်တံခွန်က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ တစ်ရက်တည်းနဲ့ Follower ၁၀ သိန်းထိတက်လာခဲ့ပြီး နောက်ဆုံးမှာတော့ Follower 1 Million ထိ ရောက်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်

ပိုင်တံခွန်ရဲ့ အောင်မြင်မှုအတိုင်းအတာကတော့ တကယ့်ကိုကြောက်ခမန်းလိလိပါပဲ။ ပရိသတ်ကြီးလည်း ကိုယ့်နိုင်ငံက မြန်မာမင်းသားကို အခုလိုမျိုး ဝန်းရံအားပေးသူတွေ 1 Million ထိရှိလာတာကို ထပ်တူဝမ်းသာနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် Source: Paing Takhon’s ig Credit – Cele Connections