Unicode
ဆေးကျောင်းတက်ခွင့်ရေ တာ့မှာဖြစ်တဲ့ သမီးလေးအတွက် ဖခင်တစ်ယောက်ရဲ့ ဝမ်းသာပီတိတွေကို ဂေါ်ဇီလာက အခုလို ပြောပြခဲ့ပါတယ်၊ လူရွှင်တော် ဂေါ်ဇီလာတဲ့ သမီးဖြစ်သူ မသမီးချောကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်မြင်ခဲ့ပြီးနောက် အခုဆိုရင် ဆေးကျောင်းတက်ဖို့ အခွင့်အရေးရှိလာခဲ့ပြီလို့ ဂေါ်ဇီလာက ဝမ်းသာအားရ ပြောပြခဲ့ပါ တယ်။ သမီးလေးရဲ့ဆယ်တန်းအမှတ်စာရင်းထွက်ပါပြီ။ စုစုပေါင်း 503 မှတ်ရပါတယ်။ သမီးလေးလို ချင်တဲ့ဆရာဝန်လိုင်းတော့သေချာပြီပေါ့။ ရှေ့လျှောက်လျှောက်လှမ်းရမယ့် အခက်အခဲတွေကြားထဲမှာသမီးလေးအားတင်းထားပါ
လိုရာပန်းတိုင်ကိုရောက်အောင်ကြိုးစားချီတက်ဖို့ကြိုးစားရုန်းကန်ရတော့မယ် ဆိုပြီးတော့ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။သမီးချောဟာ အ.ထ.က ၂ အင်းစိန်အထက်တန်းကျောင်းကနေ အောင်မြင်ခဲ့ တာဖြစ်ပါတယ်။ ဂေါ်ဇီလာဟာ အနုပညာလောကထဲကို လူရွှင်တော် တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာ ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဇာတ်ပို့ သရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါ တယ် Crd