တခ်ိန္ကမင့္ကိုေဆးထည့္ေပးဖူးတဲ့အဘြားႀကီးပါကြာ အခုမင္းဆြဲႀကိဳး ရိုက္လုလို႔ ဒဏ္ရာနဲ႔ ႏုတ္ဆက္သြားပီ

တခ်ိန္ကမင့္ကိုေဆးထည့္ေပးဖူးတဲ့အဘြားႀကီးပါကြာ အခုမင္းဆြဲႀကိဳး ရိုက္လုလို႔ ဒဏ္ရာနဲ႔ ႏုတ္ဆက္

ေမတခု သားတခု ရွိတဲ့ ဘဝေလးကိုမွ လုပ္ရက္လိုက္ၾကတာ ဆြဲႀကိဳး အလုခံရတဲ့ အေမႀကီး ကြယ္လြန္ရွာၿပီ

၁၆.၁.၂၀၂၁(စေနေန႔) ၁၇.၁.၂၀၂၁(တနဂၤေႏြေန႔) ႐ုံးပိတ္ရက္ ႏွစ္ရက္ဟာ အိပ္မက္ဆိုး တစ္ပုဒ္လို ၿပီးဆုံးသြားခဲ့ပါၿပီ

တကယ္တမ္း အိပ္မက္ ျဖစ္ခဲ့ရင္ အရမ္းေကာင္းမွာပါပဲ။ ၁၅.၁.၂၀၂၁(ေသာၾကာေန႔) ညေနက

အေမ ေရခ်ိဳးခန္းေရွ႕ ေခ်ာ္လဲတယ္ ဆိုတဲ့သတင္းနဲ႔ အစ ျပဳခဲ့ပါတယ္။ ႐ုံး ကေန အျမန္ ျပန္ခဲ့ေပမယ့္

ဒဏ္ရာေတြနဲ႔အတူ အေမ အဲဒီကတည္းက ဘာစကားမွ မေျပာနိုင္ေတာ့ပါဘူး

၁၈.၁.၂၀၂၁(တနလၤာေန႔) မနက္မွာ အေမက က်ေနာ္ အပါအဝင္ အားလုံးကို ႏႈတ္ဆက္သြားခဲ့ပါၿပီ

။ ဒဏ္ရာ အေနအထားအရ တစ္စုံတစ္ဦးရဲ့ ျပဳလုပ္မႈေၾကာင့္လို႔ ေပၚေပါက္တဲ့အတြက္

ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးၿပီး တရားခံကိုလည္း ေဖာ္ထုတ္ဖမ္းဆီးနိုင္ခဲ့ပါၿပီ

တရားခံက လြန္ခဲ့တဲ့ ၂/၃လ ေလာက္က အိမ္ျပင္လို႔ လက္သမားေခၚတဲ့ အထဲမွာ ပါလာခဲ့တဲ့

လက္သမားအကူ ေကာင္ေလးပါ။ ၁၀ သိန္းေလာက္ တန္တဲ့ ဆြဲႀကိဳး တစ္ကုံးအတြက္နဲ႔ က်ေနာ့္

အေမကို ရက္ရက္စက္စက္ တမလြန္ပို႔သြားခဲ့တယ္ ဗ်ာ။ ေနာက္ေဖးေပါက္ကေန အိမ္ထဲခိုးဝင္

ေရခ်ိဳးခန္းကေန ျပန္ထြက္လာတဲ့ အေမ့ကို ေပါက္ဆိန္ရိုး သစ္သားတုတ္နဲ႔ ၂/၃ ခ်က္ ဆင့္ရိုက္သတဲ့

။ ေမွာက္လဲ သြားမွ ဆြဲႀကိဳး ကို ျဖဳတ္ယူၿပီး အိမ္ေရွ႕ ျပတြင္းေပါက္ ကေန ခုန္ထြက္ ေျပးသြားသတဲ့

လုပ္ရက္ပါ့ကြာ။ မင္း အိမ္မွာ လက္သမားလုပ္ရင္း လက္ကို စက္လႊထိ ခဲ့တုန္းက ေဆးထည့္ ၿပီး

ပတ္တီးစည္းေပးခဲ့တဲ့ အဘြားႀကီး ပါကြာ။ မင္း တို႔ ေန႔လယ္ ထမင္းစား ျပန္တိုင္း ဟင္း ထုပ္ေလးေတြ

ထည့္ေပးေနက် အဘြားႀကီး ပါကြာ။ မင္းတို႔ အတြက္ မိုးလင္းတာနဲ႔ ေရေႏြးအိုး တည္ၿပီး

ေသာက္ေရခြက္ေလးေတြကို ေျပာင္ ေအာင္ တိုက္ေပးထားတဲ့ အသက္ ၇၆ အရြယ္ အဘြားအိုႀကီးပါကြာ

မင္း တို႔ ေတာင္းတဲ့ ေစ်းထက္ အေမ မသိေအာင္ ငါ ပိုေပးခဲ့တယ္ေလ။ မင္း တို႔ အတြက္ ေဆးလိပ္

ကြမ္းယာ၊ လက္ဖက္ရည္ ၊ အေအး လိုေလေသး မရွိ ငါ စီစဥ္ ေပးခဲ့တယ္ေလ။ ငါ ေျပာတာ ဟုတ္

မဟုတ္ မင္း ရဲ့ လက္သမား ေခါင္းေဆာင္ မေသေသးပါဘူးကြာ။ ငါ ေမး ျပပါ့မယ္

အခု ေတာ့ကြာ။ တြန္းလွဲၿပီး လု ေျပးရင္ေတာင္ မင္း မွန္း မသိနိုင္မယ့္ မင္း ေနာက္ မလိုက္နိုင္မယ့္

အဘြားႀကီးကို ဆြဲႀကိဳး တစ္ကုံးအတြက္ မေသမခ်င္း ရိုက္ခဲ့တယ္တဲ့လား။ အေမတစ္ခု သား တစ္ခု ဘဝနဲ႔

ႏွစ္ေပါင္း ၃၀ ေလာက္ ေနလာၿပီးမွ ၃ ရက္အတြင္း အေမက ခပ္ျမန္ျမန္ပဲ က်ေနာ့္ ကို ထားသြားခဲ့တယ္

သူ႔ ကို ဘာလုပ္ခ်င္လဲ ေမးရင္ က်ေနာ္ ျပန္ လက္စားေခ်ခ်င္ပါတယ္။ က်ေနာ္ ပုတုဇဥ္ မို႔ ခြင့္မလႊတ္နိုင္ပါဘူး

က်ေနာ္ တကယ္ ျပန္လက္စားေခ်ခ်င္တာပါ။ ဒါေပမဲ့ ျပဳသူအသစ္မို႔ ဘာသာေရး အဆုံးအမ အရ တရားဥပေဒရဲ့ ျပစ္ဒဏ္ကိုပဲ သူ ခံ ပါေစ

က်ေနာ္ အသစ္ ျပန္မျဖစ္ခ်င္ေတာ့ပါ။ က်ေနာ့္ အေမလည္း ဒီ ဘဝ ဟာ ေနာက္ဆုံး ျဖစ္ပါေစ။ ကံေႂကြးမ်ား

ရွိခဲ့ရင္လည္း ဒီဘဝ ေက်ပါေစ ။ အေမ ေကာင္းရာသုဂတိလားပါေစ

Nay Linn Aung

Unicode

တချိန်ကမင့်ကိုဆေးထည့်ပေးဖူးတဲ့အဘွားကြီးပါကွာ အခုမင်းဆွဲကြိုး ရိုက်လုလို့ ဒဏ်ရာနဲ့ နုတ်ဆက်

မေတခု သားတခု ရှိတဲ့ ဘဝလေးကိုမှ လုပ်ရက်လိုက်ကြတာ ဆွဲကြိုး အလုခံရတဲ့ အမေကြီး ကွယ်လွန်ရှာပြီ

၁၆.၁.၂၀၂၁(စနေနေ့) ၁၇.၁.၂၀၂၁(တနင်္ဂနွေနေ့) ရုံးပိတ်ရက် နှစ်ရက်ဟာ အိပ်မက်ဆိုး တစ်ပုဒ်လို ပြီးဆုံးသွားခဲ့ပါပြီ

တကယ်တမ်း အိပ်မက် ဖြစ်ခဲ့ရင် အရမ်းကောင်းမှာပါပဲ။ ၁၅.၁.၂၀၂၁(သောကြာနေ့) ညနေက

အမေ ရေချိုးခန်းရှေ့ ချော်လဲတယ် ဆိုတဲ့သတင်းနဲ့ အစ ပြုခဲ့ပါတယ်။ ရုံး ကနေ အမြန် ပြန်ခဲ့ပေမယ့်

ဒဏ်ရာတွေနဲ့အတူ အမေ အဲဒီကတည်းက ဘာစကားမှ မပြောနိုင်တော့ပါဘူး

၁၈.၁.၂၀၂၁(တနင်္လာနေ့) မနက်မှာ အမေက ကျနော် အပါအဝင် အားလုံးကို နှုတ်ဆက်သွားခဲ့ပါပြီ

။ ဒဏ်ရာ အနေအထားအရ တစ်စုံတစ်ဦးရဲ့ ပြုလုပ်မှုကြောင့်လို့ ပေါ်ပေါက်တဲ့အတွက်

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး တရားခံကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါပြီ

တရားခံက လွန်ခဲ့တဲ့ ၂/၃လ လောက်က အိမ်ပြင်လို့ လက်သမားခေါ်တဲ့ အထဲမှာ ပါလာခဲ့တဲ့

လက်သမားအကူ ကောင်လေးပါ။ ၁၀ သိန်းလောက် တန်တဲ့ ဆွဲကြိုး တစ်ကုံးအတွက်နဲ့ ကျနော့်

အမေကို ရက်ရက်စက်စက် တမလွန်ပို့သွားခဲ့တယ် ဗျာ။ နောက်ဖေးပေါက်ကနေ အိမ်ထဲခိုးဝင်

ရေချိုးခန်းကနေ ပြန်ထွက်လာတဲ့ အမေ့ကို ပေါက်ဆိန်ရိုး သစ်သားတုတ်နဲ့ ၂/၃ ချက် ဆင့်ရိုက်သတဲ့

။ မှောက်လဲ သွားမှ ဆွဲကြိုး ကို ဖြုတ်ယူပြီး အိမ်ရှေ့ ပြတွင်းပေါက် ကနေ ခုန်ထွက် ပြေးသွားသတဲ့

လုပ်ရက်ပါ့ကွာ။ မင်း အိမ်မှာ လက်သမားလုပ်ရင်း လက်ကို စက်လွှထိ ခဲ့တုန်းက ဆေးထည့် ပြီး

ပတ်တီးစည်းပေးခဲ့တဲ့ အဘွားကြီး ပါကွာ။ မင်း တို့ နေ့လယ် ထမင်းစား ပြန်တိုင်း ဟင်း ထုပ်လေးတွေ

ထည့်ပေးနေကျ အဘွားကြီး ပါကွာ။ မင်းတို့ အတွက် မိုးလင်းတာနဲ့ ရေနွေးအိုး တည်ပြီး

သောက်ရေခွက်လေးတွေကို ပြောင် အောင် တိုက်ပေးထားတဲ့ အသက် ၇၆ အရွယ် အဘွားအိုကြီးပါကွာ

မင်း တို့ တောင်းတဲ့ စျေးထက် အမေ မသိအောင် ငါ ပိုပေးခဲ့တယ်လေ။ မင်း တို့ အတွက် ဆေးလိပ်၊

ကွမ်းယာ၊ လက်ဖက်ရည် ၊ အအေး လိုလေသေး မရှိ ငါ စီစဉ် ပေးခဲ့တယ်လေ။ ငါ ပြောတာ ဟုတ်၊

မဟုတ် မင်း ရဲ့ လက်သမား ခေါင်းဆောင် မသေသေးပါဘူးကွာ။ ငါ မေး ပြပါ့မယ်

အခု တော့ကွာ။ တွန်းလှဲပြီး လု ပြေးရင်တောင် မင်း မှန်း မသိနိုင်မယ့် မင်း နောက် မလိုက်နိုင်မယ့်

အဘွားကြီးကို ဆွဲကြိုး တစ်ကုံးအတွက် မသေမချင်း ရိုက်ခဲ့တယ်တဲ့လား။ အမေတစ်ခု သား တစ်ခု ဘဝနဲ့

နှစ်ပေါင်း ၃၀ လောက် နေလာပြီးမှ ၃ ရက်အတွင်း အမေက ခပ်မြန်မြန်ပဲ ကျနော့် ကို ထားသွားခဲ့တယ်

သူ့ ကို ဘာလုပ်ချင်လဲ မေးရင် ကျနော် ပြန် လက်စားချေချင်ပါတယ်။ ကျနော် ပုတုဇဉ် မို့ ခွင့်မလွှတ်နိုင်ပါဘူး

ကျနော် တကယ် ပြန်လက်စားချေချင်တာပါ။ ဒါပေမဲ့ ပြုသူအသစ်မို့ ဘာသာရေး အဆုံးအမ အရ တရားဥပဒေရဲ့ ပြစ်ဒဏ်ကိုပဲ သူ ခံ ပါစေ

ကျနော် အသစ် ပြန်မဖြစ်ချင်တော့ပါ။ ကျနော့် အမေလည်း ဒီ ဘဝ ဟာ နောက်ဆုံး ဖြစ်ပါစေ။ ကံကြွေးများ

ရှိခဲ့ရင်လည်း ဒီဘဝ ကျေပါစေ ။ အမေ ကောင်းရာသုဂတိလားပါစေ

Nay Linn Aung