မြန်မာနိုင်ငံက အသုံးပြုနေတဲ့ နို့စိမ်းဗူးတွေမှာ နွားနို့တစ်စက်မှ မပါဘူးတဲ့။ အများအားဖြင့် မသန့်ရှင်းတဲ့ စားအုန်းဆီ ကြိတ်ဖတ်တွေနဲ့အတူ ဓာတုဗေ ပစ္စည်းတွေနဲ့ လုပ်ထားတာလို့ သိရတယ်
ထို့အတူ ကော်ဖီမစ်ဆိုတာကလည်းအုန်း မှုတ် ခွံ စားအုန်းဆီ ကြိတ်ဖတ်တွေနဲ့ လုပ်ထားတာဆိုပဲ။ကော်ဖီမစ်နဲ့ နို့ဆီဆိုတာတွေက သာရေး နာရေး ပွဲတွေမှာ ကန်တော့ပွဲထဲ အမြဲလိုလို ပါဝင်နေတဲ့ ပစ္စည်းတွေ ဖြစ်သလိုသိမ်ဆင်းနဲ့ ဆွမ်းဆန်စိမ်းလောင်းပွဲတွေမှာလည်းတစ် ပါးကို တစ်ထုပ်နှုန်း စသည်ဖြင့်အလွယ်တ ကူ ဝယ်ယူ လောင်းလှူနေကြတဲ့ ပစ္စည်းတွေ ဖြစ်နေတယ်
တချိန်တုန်းကတော့ ကိုယ်လည်း ကော်ဖီမစ် တစ်ထုပ်ကို နို့ဆီနဲ့ နေ့တိုင်း သောက်လေ့ရှိတယ်။နောက်ပိုင်း ကျန်းမာရေးမှာ ထိခိုက်မှု ရှိလာလို့ မသောက်ဖြစ်တာ လေးငါးနှစ်လောက် ရှိပြီ
ကောဖီမစ်အစား နက်စ် ကော်ဖီကိုပဲသကြား နဲ့ သောက်ဖြစ်တော့တယ်။ ဒါတောင် စစ်ပါ့မလား မသိနိုင်ဘူး။ သိမ်ဆင်းလောင်းပွဲနဲ့ ဆွမ်းဆန်စိမ်း လောင်းပွဲတွေက ရလာတဲ့ ကော်ဖီမစ်မှန်သမျှ အသုံးမပြုပဲ ဒီအတိုင်း ပစ်ထားတယ်။လိုချင်တဲ့သူ ရှိရင်တော့ ပေး လိုက်တယ်
မြန်မာ့စားသောက်ကုန် မှန်သမျှက ကင်ဆာ ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေချည်း ဖြစ်နေတော့ ကမ္ဘာပေါ်မှာ ကင်ဆာရောဂါနဲ့သေဆုံး မှု အများဆုံး နိုင်ငံ ဖြစ်နေတာ မဆန်းတော့ပါဘူး
အရင်ကတော့သံဃာအတော်များများကျန်း မာရေး ကောင်းကြတယ်။အခုငယ်ငယ်ရွယ် ရွယ်နဲ့ ပျံတော်မူတာတွေ ရောဂါဖြစ်ကြတာတွေ အတော် များလာနေတယ်။ ရောဂါကို မမေးနဲ့ လူပဲဖြစ်ဖြစ် သာသနာ့ဝန်ထမ်းပဲ ဖြစ်ဖြစ် ကင်ဆာရောဂါက အများဆုံးပဲ
အဓိကက အလွယ်တကူ လောင်းလှူရလွယ်တဲ့ ကော်ဖီမစ်တွေ အချိုရည်ဗူးတွေက အဆိုးဆုံးပါ။ သံဃာတွေအတွက် တကယ်အကျိုးပြုမယ့်ဟာကို လှူချင်ရင် ဆပ်ပြာခဲ/ မှုန့်၊ ဘရိတ်ဓား
ဗလာစာအုပ် ဘော့ပင်။ဖောင်တိန်စတာတွေ ကို လှူတာက အကောင်းဆုံးပါပဲ။ ကန်တော့ပွဲထဲ ထည့်ချင်ရင် နို့ဆီဗူးအစား သကြားထုပ်ကို ထည့်ပါ ။ ကော်ဖီမစ် အစား ကော်ဖီအစစ်ကို ထည့်ပါ
ဒါမှမဟုတ်လည်း တစ်ခုမှ မထည့်ပါနဲ့။ ဒ ကာ ဒကာမတွေကလည်း အမြင်ကျယ်ဖို့ လိုသလို သံဃာတော်တွေကလည်း အမြင်ကျယ်ဖို့ လိုပါပြီ။သံဃာတွေကို အအေးကပ်ချင်ရင်လည်း သဘာဝ ဖြစ်တဲ့ အသီးအနှံ့ ဖျော်ရည်တွေကိုကပ်တာက အ ကောင်းဆုံးပါ
ဈေးကွက်မှာရှိတဲ့ အဖျော်ရည်မှန်သမျှ ဆိုးဆေးနဲ့ သကြားဆီနဲ့ လုပ်ထားတာကြောင့်ပါ။အားလုံးနဲ့ မကင်းနိုင်ပေမယ့် လျှော့ချနိုင်သလောက် လျှော့ချရမှာ ဖြစ်ပါတယ်
မြန်မာနိုင်ငံကို မွဲပြာကျသွားအောင် လူညွန့် တုံးအောင် စစ်တိုက်စရာ မလိုဘူး။ ဓာတုဗုံးတွေ ကြဲစရာ မလိုဘူး။ ဒီလို အရောအနှော အတုအပ ဖြစ်တဲ့ ပစ္စည်းတွေ သွင်းလိုက်ရုံပဲ
ထုတ်လုပ်တဲ့ နိုင်ငံတွေက ဒီပစ္စည်းတွေကို လုံးဝ အသုံးမပြုသလိုပြည်တွင်းက ထုတ် လုပ်သူတွေကလည်း သူတို့ ပစ္စည်းသူတို့ မသုံးဘူးဆိုတာ သိစေချင်တယ်။ဘာမှ မဖြစ်ခင်တော့ ဘာမှမဖြစ်ပေမယ့် ဖြစ်လာ ရင်တော့ ရှိသမျှ ဥစ္စာ အကုန်ပြောင်သွားတဲ့အပြင် နောက်က မျိုးဆက်တွေပါ ဒီဒဏ်ကို ဆက်တိုက် ခံရမှာပဲ
တရုတ်က ပလပ်စတစ်ပစ္စည်းနဲ့ ထိုင်းက ကော်ပစ္စည်းနဲ့ မြန်မာကို ထိန်းချုပ်ထားပြီးတော့ ကိုယ့်ပြည်တွင်းက ထွက်တဲ့ သယံ ဇာတပစ္စည်း အစစ်တွေကို သဲ့ယူနေတယ်။ မြန်မာနိုင်ငံသား အများစုကတော့ ကင်ဆာရောဂါ တောမှာ နစ်မြောလို့ ကောင်းတုန်းရှိသေးတယ်
ပြည်ပက ဝင်လာတဲ့ ပစ္စည်းတွေက အရည် အသွေး မမှီရတဲ့ကြားထဲ ပြည်တွင်းကပါ ထပ်ပြီး အရောအနှော အတုအပလုပ်နေကြတော့ ရောဂါ အစုံဖြစ်တာ သေတာတွေက မဆန်းတော့ပါဘူးဆီထဲမှာ ဆပ်ပြာမှုန့် ရောတယ်
ငပိထဲမှာ ဓာတ်မြေသြဇာ ရောတယ်။အသီး အနှံတွေမှာ ကြာရှည်ခံစေတဲ့ ဆေးတွေ ထိုးတယ်။ အသား ငါး မုန့်ဖတ်နဲ့ ပဲပြားတွေကို ကြာရှည်ခံအောင် လူသေမှာ ထိုးတဲ့ ဖော်မလင်ဆေးတွေ ထိုးတယ် ထည့်တယ်
လဘက်ကို ချဉ်အောင် သဘာဝ ရှောက် သံပုရာကိုမသုံးပဲ ဘတ္ထရီအိုးထဲက အက်စစ်ရည်တွေကို ထည့်တယ်။ ပြုတ်ပြီးသား လဘက်ခြောက်တွေကို ဆိုးဆေး ဆိုးပြီးတော့ လဘက်ရည်ဆိုင်တွေမှာ ပြန်သွင်းတယ်
ဟင်းခတ် ပစ္စည်းတွေကလည်း ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့ ဆိုးဆေးနဲ့ တခြားသော အမယ်ပစ္စည်းတွေကို အသုံးပြု ပြီး ထုတ်လုပ်ထားတာ တွေပဲ ဖြစ်နေတယ် တရုတ်ကလာတဲ့ ပလပ်စတစ်နဲ့ ပြုလုပ်ပြီး အနံ့ပဲ ထည့်ပေးထားတဲ့ ဂျယ်လီတွေ မုန့်တွေ၊ တိရစ္ဆာန် အသေကောင်ပေါင်းစုံကို ရောကြိတ်ထားတဲ့ အသားချောင်းတွေ အသားတုတွေက ပြည်တွင်းမှာ နေရာအနှံ့ ပလူပျံနေတယ်။ ရေနုတ်မြောင်းထဲက စွန့်ပစ်ဆီတွေနဲ့ ကြော်ထားတဲ့ အာလူးကြော် ဘာကြော် ညာကြော်တွေကလည်း ပေါမှပေါ
တာဝန်ရှိ အစိုးရတိုင်းကလည်း ဒါတွေကို သိရက်နဲ့ မပိတ်သိမ်းခိုင်းဘူး အရေးမယူခိုင်းဘူး ကြေညာချက်လေးတွေကိုပဲ လူမသိ သူမသိ ထုတ်ပြန်နေတယ်။ဒီဟာတွေကို ထိန်းချုပ် စစ်ဆေး အရေးယူဖို့ စားသုံးသူကာကွယ်ရေးအဖွဲ့ကိုလည်း လုပ်ပိုင်ခွင့်အပြည့်အဝ မပေးသလို တာဝန် ရှိ အဖွဲ့အစည်း မှန်သမျှကလည်း မသိသလို နေနေကြတယ်
တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ဘယ်သူမှ မရှိကြတော့ ကြားထဲက ပြည်သူတွေနဲ့ အနာ ဂတ် ကလေးငယ်တွေပဲ ဒီဒုက္ခကို ခံစားနေကြရတယ်။အစိုးရကလည်း ပြတ်ပြတ်သားသား အရေးယူ ကိုဟ်တွယ်ဖို့ လိုအပ်သလို ပြည်သူတွေကလည်း အမြင်ကျယ်ဖို့ လိုအပ်နေပါပြီ။အမြင်မကျယ်ကြလို့ အခုဆိုကချင်ပြည် နယ် ဝိုင်းမော်နယ်ကနေ တာလောကြီးတိုက်နယ်အထိ တရုတ်ငှက်ပျော စိုက်ခင်းတွေချည်း ဖြစ်သွားပြီ
အဲဒီ စိုက်ခင်းတွေမှာ အသုံးပြုတဲ့ ဆေးတွေက မြေအောက်ကို စိမ့်ဝင်သွားသလို မြစ် ချောင်း အင်း အိုင်တွေထဲလည်း စီးဝင်သွားတယ်။ရေနေ သတ္တဝါတွေ သေကုန်တယ်။ လူတွေလည်း ဒီအဆိပ်သင့်ရေကိုပဲ သောက်နေရတယ်။ ဒီဆေးတွေက ကချင်ပြည်နယ်သာမက မြန်မာပြည် မြစ်ရိုးအဆုံးထိ ရောက်ရှိသွားမှာပဲ
အစိုးရပိုင်းကလည်း မစစ်ဆေး မကြပ်မတ်ရဲဘူး။ဒေသခံတွေကလည်း မစို့မပို့ရတဲ့ ငွေလေးတွေကိုမက်မောပြီးတော့ လယ်မြေတွေကို ရောင်းစား ငှားစား လုပ်နေကြတယ်။ အမြော်အမြင်ရှိတဲ့ လူကြီးတွေရဲ့ စကားလည်း နားမဝင်ကြတော့ဘူး။မြန်မာပြည်ထဲ လာစိုက်တဲ့ အသီးအနှံ့တွေဆိုတာ သူတို့ ပြည်တွင်းမှာ စိုက်ခွင့်မရှိလို့ မြန်မာနိုင်ငံထဲ လာစိုက်တယ်ဆိုတာ သိဖို့ ကောင်းပါတယ်
ရေးလို့သာ ရေးရတာပါလေ မြန်မာနိုင်ငံသားအတော်များများမှာ စာဖတ်ပျင်းသူက ကိုးဆယ် ရာခိုင်နှုန်းလောက် ရှိနေတော့ လက်ညောင်းရုံ မျက်စိ မွဲရုံပါပဲ။ ဒါပေမယ့် တစ်ယောက်တလေ အသိဥာဏ် ရသွားမယ်၊ အမြင်ကျယ်သွားမယ် ဆိုရင်တော့ ရေးရကျိုး နပ်ပါတယ်
အားလုံး ရောဂါဆိုးဘေးမှ ကင်းဝေးကြပါစေ
Crd.