





လုပ်နည်းလုပ်စဉ် အရ










ဦးက …သားနဲ့အတူ ……..


မျက်ရည်တွေကျရတယ်

ဦးက ရှေ့ကနေပြီး









၁၇-၁၂-၂၀၂၀



ထုံးဘိုကုန်း

ပင်တလည်

မြင်စိုင်း(အနောက်)


၀၉၂၅၆၀၀၆၃၅၅

၀၉၂၅၈၄၄၄၄၁၄

WaiLin

unicode

မျက်ရည်မထိန်းနိုင်တဲ့နေ့ အမေသေဆုံးတာက လက်ချိုးရေတွက်လို့ရတယ်

ရက်ပိုင်းပဲ ရှိသေးတာ ဒီ ခလေးက ၄နှစ်မပြည့်သေးဘူး

Positive သမားနဲ့ ထိစပ်မို့ အဒေါ်နဲ့အတူ Qလိုက်ဝင်ရတယ်

ဖြစ်ချင်တော့ အဲ့ကလေးက ပေါ့စတစ်ထွက်

အဒေါ်တွေနဲ့ ခွဲပြီး ဆေးကုသမှုခံရတော့မယ်

လုပ်နည်းလုပ်စဉ် အရ

Positive ထွက်သူဆို အထုပ်ပိုးကအစ

အခန်းကနေ ကားပေါ်ထိ လိုက်ပို့ခွင့်မရှိဘူး

Q Center အပေါ်ထပ် အခန်းထိ

ကလေးကို တက်ခေါ်ကာ သူ့အထုပ်လေးကိုယ်ကဆွဲ

မုန့်တွေအများကြီးကျွေးမှာ

အရုပ်တွေအများကြီးရှိတယ်

အားမငယ်အောင် အားပေးစကားပြောပီး

ကားနောက်ခန်းထိုင်ခိုင်း

အဝတ်ထုပ်လေးပိုက် ထိုင်တော့

ဦးက …သားနဲ့အတူ ……..

နောက်ကမလိုက်ဘူးလားတဲ့…..

မျက်ရည်တွေကျရတယ်

ဦးက ရှေ့ကနေပြီး

ကားကြီး ဗူးခနဲ့မောင်းမယ်နော်

သားက နောက်ကနေ ထိုင်လိုက်ခဲ့ဆိုတော့မှ

ဟုတ်…..ဆိုပြီး အပေါက်လေး သေချာပိတ် လော့ချ

မျက်ရည်ထွက်နေတာတွေ ထိန်းရင်း

ကားမောင်းထွက်လာခဲ့ပြီး

ကျောက်ဆည်ဆေးရုံကြီးအလယ်ပေါက်ကို

ယာဉ်တန်းနဲ့အတူ ပို့ဆောင်ခဲ့တယ်

ခလေးလိပ်စာ- ပင်တလည် (ကျနော်ရွာကပါ)

၁၇-၁၂-၂၀၂၀

ကန့်သတ်ထားရှိရာ နည်းပညာတက္ကသိုလ်မှ

RDT ဖြင့်ဆေးစစ်ရာတွက် (၃)ဦး ပေါ့စတစ်

ထုံးဘိုကုန်း

ပင်တလည်

မြင်စိုင်း(အနောက်)

မြန်မာနိုင်ငံလှုမှုကယ်ဆယ်ရေးအဖွဲ့(ကျောက်ဆည်)

၀၉၂၅၆၀၀၆၃၅၅

၀၉၂၅၈၄၄၄၄၁၄

WaiLin