မောင်လေးအတွက် ဆေးဖိုးရှာဖို့ ထမင်းနဲ့ ငရုတ်သီးကို (၅)နှစ်လုံးလုံးစားခဲ့ရသူလေးရဲ့အဖြစ်

(၅)နှစ်လုံးလုံး တစ်နေ့ကို (၂)ယွမ်(မြန်မာငွေ ၄၃၂ ကျပ်)ပဲ သုံးပြီး ထမင်းနဲ့ ငရုတ်သီးပဲ စားခဲ့လို့ အာဟာရပြတ်လပ်မှုဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့တရုတ်ကျောင်းသူကွယ် လွန်သွားပြီလို့ တရုတ်မီဒီယာတစ်ခုက ဖော်ပြပါတယ်

အသက်(၂၄)နှစ်အရွယ် ရှိပေမဲ့ ခန္ဓာကိုယ်အလေးချိန်(၄၃)ပေါင်ကျော်ပဲရှိတဲ့ ဝူဟွာယန်(Wu Huayan)ရဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာချိန်မှာ တရုတ်တစ်နိုင်ငံလုံးတုန် လှုပ်ခဲ့ပါတယ် …။သူဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ အသက်ရှူကျပ်တဲ့ဝေဒနာကြောင့်ဆေးရုံရောက်လာခဲ့တာပါ

ဝူဟွာယန် ကျန်းမာလာအောင်ကူညီနိုင်ဖို့ ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကွယ်လွန်သွားခဲ့တာလို့ မောင်ဖြစ်သူက ပြောပါတယ် ။ တ တိ ယနှစ် တက္ကသိုလ်ကျောင်းသူဝူဟွာယန်(Wu Huayan)ဟာ စိတ်ကျန်း မာရေး မကောင်းတဲ့ မောင်ဖြစ်သူကို စောင့်ရှောက်ရင်း

ကျောင်းတက်ခဲ့သူပါ။ဝူဟွာယန်(၄)နှစ်သမီးအရွယ်မှာ မိခင်ဆုံးပါးခဲ့ပြီး ကျောင်းသူဘဝ ရောက်ချိန်မှာဖခင်လည်းကွယ်လွန် ခဲ့လို့မိဘမဲ့ ဖြစ်ခဲ့ပါတယ်။အစောပိုင်းမှာ သူတို့မောင်နှမကို အဘွားဖြစ်သူက စောင့်ရှောက်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ ဦးလေးနဲ့ အဒေါ်က ထောက်ပံ့ပေးခဲ့ပါတယ်

ဒါပေမဲ့ တစ်လကို ယွမ်(၃၀၀)ပဲ ထောက်ပံ့ပေးနိုင်ခဲ့ပြီး အဲဒီငွေကလည်း မောင်ဖြစ်သူရဲ့ ဆေးဖိုးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဝူဟွာယန်က တစ်နေ့ကို ၂ ယွမ်ပဲ သုံးခဲ့ပြီး ထမင်းနဲ့ ငရုတ်သီးပဲ စားခဲ့ပါတယ်

သူဟာ (၅)နှစ်လုံးလုံး အစာရေစာ မဝမလင် စားခဲ့ရလို့ နှလုံးကျောက်ကပ် ရောဂါတွေ ခံစားခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်…။သူတို့မောင်နှမဟာတရုတ် နိုင် ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခု

ဖြစ်တဲ့ ကွေ့ကျိုး ပြည်နယ်မှာ နေထိုင်သူတွေပါ။ သူတို့အကြောင်း လူသိ ရှင်ကြား ဖြစ်သွားပြီးချိန်မှာတော့ တရုတ်ပြည်သူတွေက အာဏာပိုင်တွေက ဒေါသတကြီး ဝေဖန်ခဲ့ကြပါတယ်။ဝူဟွာယန် ရဲ့အဖြစ်က အာဖဂန်နစ္စတန်ဒုက္ခသည်တွေထက် ပိုဆိုးခဲ့တယ်လို့ တရုတ်လူမှုကွန်ရက် Weibo အသုံးပြုသူတစ်ယောက်က ရေးသား ခဲ့ပါ crd