ပိုက္ဆံလည္း လုံးဝမကိုင္ နဝကမၼလႉလည္းလက္မခံ ရဟန္းဝိနည္းႏွင့္အညီ ေနထိုင္ေသာ နိုင္ငံျခားသားဘုန္းႀကီးမ်ား

ပိုက္ဆံလည္း လုံးဝမကိုင္ နဝကမၼလႉလည္းလက္မခံ ရဟန္းဝိနည္းႏွင့္အညီ ေနထိုင္ေသာ နိုင္ငံျခားသားဘုန္းႀကီးမ်ား

ဝိနည္းနဲ႔အညီေနထိုင္တဲ့ဘုန္းႀကီးကိုမွ ၾကည္ညိဳပါတယ္။ဝိနည္းနဲ႔ညီမွသာလႉခ်င္ပါတယ္ -လို႔ေဖ့ဘုတ္တစ္လႊားမွာ မၾကာခဏေျပာဆိုတတ္သူမ်ားအတြက္ သတင္းေကာင္းပါးလိုက္ပါတယ္။ တစ္ပါးက အီတလီ-ပါ။ ၅-ဝါေလာက္ ရသြားပါၿပီ။ဘုန္းဘုန္းက ဥပဇၩာယ္ဆရာျဖစ္ပါတယ္။

ဥပဇၩာယ္ဆရာ-ဆိုတာ ရဟန္းတစ္ပါးရဲ့ ဖခင္-လိုပါပဲ။ေနာက္တစ္ပါးက ႐ုရွားနိုင္ငံသားပါ။ေနာက္တစ္ပါးက ဂ်ာမနီနိုင္ငံသား ျဖစ္ပါတယ္။ေနာက္တစ္ပါးကေတာ့ ဓမၼဂုဏ္ေရာင္မဟာစည္-ကကိုရင္ဗလႀကီးပါ။သူကေတာ့ နိုင္ငံျခားသားဘုန္းႀကီး မျမင္ဖူးေတာ့ ဦးေတြခဏခဏကုန္းခ်ေနေလရဲ့။

ဒီဝါတြင္းကာလဘုန္းဘုန္းရဲ့ေက်ာင္းမွာ ဝါဆိုဝါကပ္ၿပီး တရားဘာဝနာစီးျဖန္းအားထုတ္ဖို႔ဒီကေန႔ လာေရာက္ေလၽွာက္ထားခြင့္ေတာင္းၾကပါတယ္။ပိုက္ဆံ လုံးဝ မကိုင္ၾကပါဘူး။ေငြလည္း မကိုင္ၾကပါဘူး။စာအိတ္နဲ႔လႉလည္း အလႉမခံၾကပါဘူး။နဝကမၼလႉလည္း လက္မခံၾကပါဘူး။

ရဟန္းနဲ႔ အပ္စပ္တဲ့ အသုံးအေဆာင္ကိုသာ သုံးၾကပါတယ္။ဆြမ္းခဲဖြယ္ေဘာဇဥ္မ်ားကိုအပ္စပ္ေအာင္ျပဳလုပ္၍လႉဒါန္းလိုသူမ်ား ဆက္သြယ္နိုင္ပါသည္။သူတို႔က ျဖစ္နိုင္ရင္ ဒီကေန႔ပဲ ဘုန္းဘုန္းေက်ာင္းကိုေျပာင္းလာခ်င္ေနၾကပါၿပီ-တဲ့။

ဒို႔ေက်ာင္းမွာကေန႔တိုင္း ပဲျပဳပ္နဲ႔ ဟင္းေပါင္းစားနိုင္ပါ့မလား-လို႔ေတာ့ေျပာလိုက္ပါတယ္။အဆင္သင့္ မျဖစ္ေသးလို႔ ၂၉-ရက္ေန႔မွ ေျပာင္းေရႊ႕လာၾကဖို႔မွာၾကားလိုက္ပါတယ္။ခက္တာက သူတို႔အတြက္ သီးသန႔္ ကုဋီကအခုမွ ေႂကြျပားကပ္ေနတုန္းပါ။

crd-Original

Unicode

ပိုက်ဆံလည်း လုံးဝမကိုင် နဝကမ္မလှူလည်းလက်မခံ ရဟန်းဝိနည်းနှင့်အညီ နေထိုင်သော နိုင်ငံခြားသားဘုန်းကြီးများ

ဝိနည်းနဲ့အညီနေထိုင်တဲ့ဘုန်းကြီးကိုမှ ကြည်ညိုပါတယ်။ဝိနည်းနဲ့ညီမှသာလှူချင်ပါတယ် -လို့ဖေ့ဘုတ်တစ်လွှားမှာ မကြာခဏပြောဆိုတတ်သူများအတွက် သတင်းကောင်းပါးလိုက်ပါတယ်။ တစ်ပါးက အီတလီ-ပါ။ ၅-ဝါလောက် ရသွားပါပြီ။ဘုန်းဘုန်းက ဥပဇ္ဈာယ်ဆရာဖြစ်ပါတယ်။

ဥပဇ္ဈာယ်ဆရာ-ဆိုတာ ရဟန်းတစ်ပါးရဲ့ ဖခင်-လိုပါပဲ။နောက်တစ်ပါးက ရုရှားနိုင်ငံသားပါ။နောက်တစ်ပါးက ဂျာမနီနိုင်ငံသား ဖြစ်ပါတယ်။နောက်တစ်ပါးကတော့ ဓမ္မဂုဏ်ရောင်မဟာစည်-ကကိုရင်ဗလကြီးပါ။သူကတော့ နိုင်ငံခြားသားဘုန်းကြီး မမြင်ဖူးတော့ ဦးတွေခဏခဏကုန်းချနေလေရဲ့။

ဒီဝါတွင်းကာလဘုန်းဘုန်းရဲ့ကျောင်းမှာ ဝါဆိုဝါကပ်ပြီး တရားဘာဝနာစီးဖြန်းအားထုတ်ဖို့ဒီကနေ့ လာရောက်လျှောက်ထားခွင့်တောင်းကြပါတယ်။ပိုက်ဆံ လုံးဝ မကိုင်ကြပါဘူး။ငွေလည်း မကိုင်ကြပါဘူး။စာအိတ်နဲ့လှူလည်း အလှူမခံကြပါဘူး။နဝကမ္မလှူလည်း လက်မခံကြပါဘူး။

ရဟန်းနဲ့ အပ်စပ်တဲ့ အသုံးအဆောင်ကိုသာ သုံးကြပါတယ်။ဆွမ်းခဲဖွယ်ဘောဇဉ်များကိုအပ်စပ်အောင်ပြုလုပ်၍လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပါသည်။သူတို့က ဖြစ်နိုင်ရင် ဒီကနေ့ပဲ ဘုန်းဘုန်းကျောင်းကိုပြောင်းလာချင်နေကြပါပြီ-တဲ့။

ဒို့ကျောင်းမှာကနေ့တိုင်း ပဲပြုပ်နဲ့ ဟင်းပေါင်းစားနိုင်ပါ့မလား-လို့တော့ပြောလိုက်ပါတယ်။အဆင်သင့် မဖြစ်သေးလို့ ၂၉-ရက်နေ့မှ ပြောင်းရွှေ့လာကြဖို့မှာကြားလိုက်ပါတယ်။ခက်တာက သူတို့အတွက် သီးသန့် ကုဋီကအခုမှ ကြွေပြားကပ်နေတုန်းပါ။

crd-Original