အေမနဲ႔ညီမေလးကို ပလက္စတစ္ေကာက္ၿပီး ရွာေဖြေကၽြးေမြးေနေသာ ဆယ္ႏွစ္သား လူလိမၼာေလးႏွင့္ ေတြ႕ဆုံမႈ (႐ုပ္သံ)

လူတစ္ေယာက္မိသားစုအေပၚသိတက္နားလည္ဖို႔ဆိုတာအသက္အရြယ္နဲ႔မဆိုင္ပါဘူးေနာ္။အခုကေလးေလးဟာ ၃ တန္းအထိသာ ေက်ာင္းေနခြင့္ရခဲ့တာပါ။ဒီကေလးကို ကို Htin Lin Aung (ပုလဲမီးသတ္)မွ ညအေမွာင္ႀကီးထဲ ေခါင္းမီးေသးေသးနဲ႔ ေရသန႔္ဘူးအခြန္ေတြ လိုက္ေကာက္ေနတာ ေတြ႕ၿပီး ေခၚယူေတြ႕ဆုံခဲ့တာပါ။

ကို Htin Lin Aung မွ ကေလးအား ေက်ာင္းထားေပးမည္ဆိုတာေတာင္ မိသားစုစားဝတ္ေနေရးအတြက္ ျငင္းခဲ့တဲ့ ေလးစားစရာ ကေလးတစ္ေယာက္ပါ။ ဆယ္ႏွစ္သားေလးရဲ့ မိသားစုအေပၚသိတက္မႈကေတာ့ ရွားမွရွားပါ။

သူ႔ဖခင္ဟာ နယ္မွာသြားေနတာျဖစ္ၿပီး က်န္ခဲ့တဲ့ အေမနဲ႔ညီမကို ပလက္စတစ္ေကာက္ၿပီး ရွာေကၽြးေနတာျဖစ္ပါတယ္။ ဒီလိုသိတက္နားလည္တဲ့ သားေလးကိုရထားတဲ့ မိဘေတြကေတာ့ ဘုရားေပးတဲ့ဆုလဒ္ပါပဲဗ်ာ။crd

unicode

လူတစ်ယောက်မိသားစုအပေါ်သိတက်နားလည်ဖို့ဆိုတာအသက်အရွယ်နဲ့မဆိုင်ပါဘူးနော်။အခုကလေးလေးဟာ ၃ တန်းအထိသာ ကျောင်းနေခွင့်ရခဲ့တာပါ။ဒီကလေးကို ကို Htin Lin Aung (ပုလဲမီးသတ်)မှ ညအမှောင်ကြီးထဲ ခေါင်းမီးသေးသေးနဲ့ ရေသန့်ဘူးအခွန်တွေ လိုက်ကောက်နေတာ တွေ့ပြီး ခေါ်ယူတွေ့ဆုံခဲ့တာပါ။

ကို Htin Lin Aung မှ ကလေးအား ကျောင်းထားပေးမည်ဆိုတာတောင် မိသားစုစားဝတ်နေရေးအတွက် ငြင်းခဲ့တဲ့ လေးစားစရာ ကလေးတစ်ယောက်ပါ။ ဆယ်နှစ်သားလေးရဲ့ မိသားစုအပေါ်သိတက်မှုကတော့ ရှားမှရှားပါ။

သူ့ဖခင်ဟာ နယ်မှာသွားနေတာဖြစ်ပြီး ကျန်ခဲ့တဲ့ အမေနဲ့ညီမကို ပလက်စတစ်ကောက်ပြီး ရှာကျွေးနေတာဖြစ်ပါတယ်။ ဒီလိုသိတက်နားလည်တဲ့ သားလေးကိုရထားတဲ့ မိဘတွေကတော့ ဘုရားပေးတဲ့ဆုလဒ်ပါပဲဗျာ။crd