မိဘႏွစ္ပါး ျမဳပ္ထားတဲ့ သခ်ႋုင္းေျမပုံကို ေန႔တိုင္းသြားၿပီး အေမ အေဖနံမည္ကို ေခၚေနခဲ့တဲ့ ကေလးငယ္ေလး

လူတိုင္းဟာ တစ္ခ်ိန္ခ်ိန္မွာေတာ့ ကိုယ္ခ်စ္ရသူေတြနဲ႔ ၾကဳံဆုံ ၊ ကြဲကြာ ၊ ထားရစ္ ခဲ့ရမွာပါ။ ယခု တစ္ေခါက္မွာလည္း 2ႏွစ္သားအရြယ္ မေလးရွားနိုင္ငံက ကေလးငယ္တစ္ေယာက္ဟာ ကားအက္ဆီးဒင့္ေၾကာင့္ မိဘႏွစ္ပါးလုံးကို တစ္ႀကိမ္ထဲမွာပဲဆုံးရႈံးသြားခဲ့တာပါ။

မိခင္ကို အေတာ္ေလးလြမ္းဆြတ္ေနခဲ့တဲ့ သားငယ္ေလးက မိဘႏွစ္ပါးလုံးကိုျမဳပ္ႏွံထားတဲ့ သဲေျမပုံေလးအၾကား မွာသဲေျမေတြနဲ႔ေဆာ့ကစားေနခဲ့တာကို မခံစားနိုင္လို႔ ကေလးငယ္ရဲ့အျဖစ္ကို အေဒၚျဖစ္သူက Facebook စာမ်က္ႏွာေပၚမွာ ေဝမၽွသြားေပးခဲတာပါ။အေဒၚျဖစ္သူ ေရးသားထားခဲ့တာကေတာ့ ” ကေလးငယ္က အေမနဲ႔စကားေျပာခ်င္တယ္ဆိုလို႔ သူ႔ရဲ့မိဘႏွစ္ပါးကို ျမဳပ္ႏွံထားတဲ့ ေနရာကိုေခၚလာေပးခဲ့တာပါ ။

သူ႔ရဲ့ အေမကဒီေနရာမွာရွိေနတယ္ဆိုၿပီးေျပာျပလိုက္ခ်ိန္မွာေတာ့ ကေလးငယ္က ေမေမ ၊ ေမေမ ဆိုၿပီးေအာ္ေခၚေနခဲ့တာပါ ။ကေလးငယ္က အိမ္ေခၚျပန္လို႔လည္းမရေတာ့ပါဘူး ။ အိမ္မွာသဲေတြလုံးဝမေဆာ့တဲ့ကေလးက ဒီမွာက်သဲေျမေတြနဲ႔ေဆာ့ကစားေနခဲ့တာပါ ။ သူ႔မိဘေတြကို အေတာ္ေလးသတိရေနပုံပါပဲ ၊ အိမ္ျပန္ဖို႔လည္း ျငင္းေနခဲ့တယ္ေနာက္တစ္ႀကိမ္မွျပန္လာလည္ရေအာင္ Arfan ဆိုၿပီး ေျပာခဲ့ရတယ္ ဆိုၿပီးေတာ့ ကေလးငယ္ရဲ့ ရင္နင့္ဖြယ္အျဖစ္ကို ေရးသားထားခဲ့တာပါေနာ္။

သားေလးဟာ အခုခ်ိန္မွာေတာ့ အဘြားျဖစ္သူနဲ႔အတူေနထိုင္လ်က္ရွိၿပီးေတာ့ မိဘႏွစ္ပါးရွိရာေနရာသို႔ အျမဲသြားေရာက္လည္ပတ္ေလ့ရွိတယ္လို သိရပါတယ္။ ဒါေၾကာင့္ အခုလိုတန္ဖိုးရွိလြန္းလွတဲ့အခ်ိန္ေလးမွာ ကိုယ္ခ်စ္ရသူေတြကို အခ်ိန္ေပးၿပီးေတာ့ တန္ဖိုးရွိတဲ့ အခ်ိန္မ်ိဳးေတြ ၊ အမွတ္တရမ်ိဳးေတြဖန္တီးၿပီး အေကာင္းဆုံးေရွ႕ဆက္ေလၽွာက္လွမ္းၾကဖို႔ အႀကံေပးခ်င္ပါတယ္ေနာ္။

Crd

Unicode

လူတိုင်းဟာ တစ်ချိန်ချိန်မှာတော့ ကိုယ်ချစ်ရသူတွေနဲ့ ကြုံဆုံ ၊ ကွဲကွာ ၊ ထားရစ် ခဲ့ရမှာပါ။ ယခု တစ်ခေါက်မှာလည်း 2နှစ်သားအရွယ် မလေးရှားနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ ကားအက်ဆီးဒင့်ကြောင့် မိဘနှစ်ပါးလုံးကို တစ်ကြိမ်ထဲမှာပဲဆုံးရှုံးသွားခဲ့တာပါ။

မိခင်ကို အတော်လေးလွမ်းဆွတ်နေခဲ့တဲ့ သားငယ်လေးက မိဘနှစ်ပါးလုံးကိုမြုပ်နှံထားတဲ့ သဲမြေပုံလေးအကြား မှာသဲမြေတွေနဲ့ဆော့ကစားနေခဲ့တာကို မခံစားနိုင်လို့ ကလေးငယ်ရဲ့အဖြစ်ကို အဒေါ်ဖြစ်သူက Facebook စာမျက်နှာပေါ်မှာ ဝေမျှသွားပေးခဲတာပါ။အဒေါ်ဖြစ်သူ ရေးသားထားခဲ့တာကတော့ ” ကလေးငယ်က အမေနဲ့စကားပြောချင်တယ်ဆိုလို့ သူ့ရဲ့မိဘနှစ်ပါးကို မြုပ်နှံထားတဲ့ နေရာကိုခေါ်လာပေးခဲ့တာပါ ။

သူ့ရဲ့ အမေကဒီနေရာမှာရှိနေတယ်ဆိုပြီးပြောပြလိုက်ချိန်မှာတော့ ကလေးငယ်က မေမေ ၊ မေမေ ဆိုပြီးအော်ခေါ်နေခဲ့တာပါ ။ကလေးငယ်က အိမ်ခေါ်ပြန်လို့လည်းမရတော့ပါဘူး ။ အိမ်မှာသဲတွေလုံးဝမဆော့တဲ့ကလေးက ဒီမှာကျသဲမြေတွေနဲ့ဆော့ကစားနေခဲ့တာပါ ။ သူ့မိဘတွေကို အတော်လေးသတိရနေပုံပါပဲ ၊ အိမ်ပြန်ဖို့လည်း ငြင်းနေခဲ့တယ်နောက်တစ်ကြိမ်မှပြန်လာလည်ရအောင် Arfan ဆိုပြီး ပြောခဲ့ရတယ် ဆိုပြီးတော့ ကလေးငယ်ရဲ့ ရင်နင့်ဖွယ်အဖြစ်ကို ရေးသားထားခဲ့တာပါနော်။

သားလေးဟာ အခုချိန်မှာတော့ အဘွားဖြစ်သူနဲ့အတူနေထိုင်လျက်ရှိပြီးတော့ မိဘနှစ်ပါးရှိရာနေရာသို့ အမြဲသွားရောက်လည်ပတ်လေ့ရှိတယ်လို သိရပါတယ်။ ဒါကြောင့် အခုလိုတန်ဖိုးရှိလွန်းလှတဲ့အချိန်လေးမှာ ကိုယ်ချစ်ရသူတွေကို အချိန်ပေးပြီးတော့ တန်ဖိုးရှိတဲ့ အချိန်မျိုးတွေ ၊ အမှတ်တရမျိုးတွေဖန်တီးပြီး အကောင်းဆုံးရှေ့ဆက်လျှောက်လှမ်းကြဖို့ အကြံပေးချင်ပါတယ်နော်။

Crd