ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ရင်ခုန်စရာကောင်းတဲ့ ဆောင်းယွန်းစံရဲ့ ဗီဒီယို

မင်းသမီးချောလေး ဆောင်းယွန်းစံ ကတော့ အနုပညာလောကထဲကို ရွှေကြိုတစ်ယောက် အဖြစ် အကယ်ဒမီဆုပေးပွဲ တွင် မပါဝင်ခင်တည်းက ဗီဒီယို ဇာတ်ကား တွေကို ရိုက်ကူးလာခဲ့တာ ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် ကောင်းမွန် မှုကြောင့် ပရိသတ်တွေက အသိအမှတ်ပြုကာ ချစ်ခင်အားပေး လာကြတာလည်း ဖြစ်ပါတယ်။သူမဟာ လူငယ်ပီပီ အလုပ်တွေကို အရမ်းကြိုးစားကာ အနုပညာအလုပ်တွေ အပြင် တခြားစီးပွားရေး အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်နေတဲ့ မင်းသမီးချောလေး ပဲဖြစ်ပါတယ်။

သူမကတော့ အနုပညာ လောကမှာ နေရာ တစ်နေရာကို ရယူထားနိုင်ခဲ့တာ ဖြစ်ပြီး မိဘတွေကိုလည်း လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေး တစ်ယောက် ပဲဖြစ်ပါတယ်။ဆောင်းယွန်းစံဟာ စိတ်ထားလေး ဖြူစင်သလို ရိုးသားကြိုးစားကာ ဘဝကို အကောင်းဆုံး ဖြတ်သန်းနေသူလေး ဖြစ်ပြီး အလှူအဒါန်း ကိစ္စတွေမှာလည်း တကယ်လိုအပ်နေတဲ့ နေရာတွေကို လက်မနှေးပဲ ရက်ရောတာလည်း တွေ့ရပါတယ်နော်……။

ပရိသတ်တွေ ချစ်တဲ့ ဆောင်းလေးကတော့ အနုပညာသမား တစ်ယောက်ပီပီ သရုပ်ဆောင်ပိုင်း ကျွမ်းကျင်တဲ့ အပြင် ကတာလည်း မိုက်တာကြောင့် Tik Tok လေးတွေကို ဆော့ကစားတာလည်း တွေ့ရပါတယ်။မကြာသေးခင်တုန်းကတော့ သူမ ပရိသတ်တွေ အတွက် Tik Tok ဗီဒီယိုလေးကို အလွမ်းပြေအောင် ဆော့ကစားပြီး တင်ပေးလာတာ ပဲဖြစ်ပါတယ်။ဆောင်းလေးရဲ့ အမိုက်စား ဗီဒီယိုလေးကို ကြည့်ရှု အားပေးကြမှာ အမှန်ပဲမို့ ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်။

Photo Credit -Saung Yoon San FB Account DW shweyoe