M2 World Championship ၿပိဳင္ပြဲ Grand Final သို႔ ျမန္မာနိုင္ငံကိုယ္စားျပဳ Burmese Ghouls အသင္း တက္ေရာက္

M2 World Championship ၿပိဳင္ပြဲ Grand Final သို႔ ျမန္မာနိုင္ငံကိုယ္စားျပဳ Burmese Ghouls အသင္း တက္ေရာက္

စင္ကာပူနိုင္ငံ၌ က်င္းပေနသည့္ M2 World Championship ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ေနသည့္ ျမန္မာနိုင္ငံကိုယ္စားျပဳ Burmese Ghouls အသင္းသည္ ဇန္နဝါရီ ၂၃ ရက္က က်င္းပ သည့္ Upper Bracket Final ပြဲစဥ္တြင္ နိုင္ပြဲရရွိၿပီး Grand Final သို႔ တက္ေရာက္သြားသည္။

Burmese Ghouls အသင္းသည္ Upper Bracket Final ပြဲစဥ္တြင္ အင္ဒိုနီးရွားနိုင္ငံကိုယ္စားျပဳ RRQ Hoshi အသင္း ႏွင့္ ယွဥ္ၿပိဳင္ကစားရာ (၃-၂) ပြဲျဖင့္ အနိုင္ရရွိခဲ့ျခင္းျဖစ္သည္။ Burmese Ghouls အသင္းသည္ အေစာပိုင္းပြဲမ်ားတြင္ ႏွစ္ပြဲဆက္အနိုင္ရထားေသာ္လည္း ႏွစ္ပြဲျပန္လည္အေရး နိမ့္ခဲ့သျဖင့္ ငါးပြဲေျမာက္အထိ ယွဥ္ၿပိဳင္ခဲ့ရၿပီး ေနာက္ဆုံးပြဲ တြင္ ျပန္လည္အနိုင္ရခဲ့သျဖင့္ (၃-၂)ပြဲျဖင့္ အနိုင္ရခဲ့ျခင္းျဖစ္ သည္။

ယင္းၿပိဳင္ပြဲကို ဇန္နဝါရီ ၁၈ ရက္မွ ၂၄ ရက္အထိ စင္ကာပူနိုင္ငံ၌ က်င္းပေနျခင္းျဖစ္ၿပီး ျမန္မာအပါအဝင္ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ စင္ကာပူ၊ မေလးရွား၊ ကေမၻာဒီးယား၊ ဂ်ပန္၊ ဘရာဇီးႏွင့္ ႐ုရွားနိုင္ငံတို႔မွ ကိုယ္စားျပဳအသင္းမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။ ျမန္မာနိုင္ငံကိုယ္စားျပဳ Burmese Ghouls အသင္းသည္ အုပ္စု (က)တြင္ စင္ကာပူ ႏွင့္ ႐ုရွားကိုယ္စားျပဳအသင္းမ်ားႏွင့္ က်ေရာက္ခဲ့ၿပီး ႏွစ္ပြဲ စလုံး အနိုင္ရခဲ့သျဖင့္ Upper Bracket အဆင့္သို႔ တက္ေရာက္ ခဲ့သည္။


Burmese Ghouls အသင္းသည္ ဖိလစ္ပိုင္နိုင္ငံကိုယ္စားျပဳ Bren Esports အသင္းကို (၂-၀) ပြဲျဖင့္ အနိုင္ရခဲ့ၿပီး Upper Bracket Final ပြဲစဥ္သို႔ တက္ေရာက္ခဲ့ကာ အင္ဒိုနီးရွားနိုင္ငံ ကိုယ္စားျပဳ RRQ Hoshi အသင္းကို ထပ္မံအနိုင္ယူကာ Grand Final သို႔ တက္ေရာက္ခဲ့ျခင္းျဖစ္သည္။ Grand Final ပြဲစဥ္ကို ယေန႔ဇန္နဝါရီ ၂၄ ရက္ ညေနပိုင္းတြင္ ဆက္လက္က်င္းပမည္ျဖစ္ ၿပီး ျမန္မာနိုင္ငံကိုယ္စားျပဳ Burmese Ghouls အသင္းႏွင့္ ေတြ႕ဆုံမည့္အသင္းကို ဇန္နဝါရီ ၂၄ ရက္ နံနက္ပိုင္းပြဲစဥ္ၿပီးမွ ထြက္ေပၚမည္ျဖစ္ေၾကာင္းသိရသည္။

crd-ဆင္ဟြာ၊ ဓာတ္ပုံ-Burmese Ghouls အသင္း Facebook

Unicode

M2 World Championship ပြိုင်ပွဲ Grand Final သို့ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်း တက်ရောက်

စင်ကာပူနိုင်ငံ၌ ကျင်းပနေသည့် M2 World Championship ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းသည် ဇန်နဝါရီ ၂၃ ရက်က ကျင်းပ သည့် Upper Bracket Final ပွဲစဉ်တွင် နိုင်ပွဲရရှိပြီး Grand Final သို့ တက်ရောက်သွားသည်။

Burmese Ghouls အသင်းသည် Upper Bracket Final ပွဲစဉ်တွင် အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြု RRQ Hoshi အသင်း နှင့် ယှဉ်ပြိုင်ကစားရာ (၃-၂) ပွဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ Burmese Ghouls အသင်းသည် အစောပိုင်းပွဲများတွင် နှစ်ပွဲဆက်အနိုင်ရထားသော်လည်း နှစ်ပွဲပြန်လည်အရေး နိမ့်ခဲ့သဖြင့် ငါးပွဲမြောက်အထိ ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးပွဲ တွင် ပြန်လည်အနိုင်ရခဲ့သဖြင့် (၃-၂)ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ် သည်။

ယင်းပြိုင်ပွဲကို ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပနေခြင်းဖြစ်ပြီး မြန်မာအပါအဝင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ဘရာဇီးနှင့် ရုရှားနိုင်ငံတို့မှ ကိုယ်စားပြုအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းသည် အုပ်စု (က)တွင် စင်ကာပူ နှင့် ရုရှားကိုယ်စားပြုအသင်းများနှင့် ကျရောက်ခဲ့ပြီး နှစ်ပွဲ စလုံး အနိုင်ရခဲ့သဖြင့် Upper Bracket အဆင့်သို့ တက်ရောက် ခဲ့သည်။

Burmese Ghouls အသင်းသည် ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု Bren Esports အသင်းကို (၂-၀) ပွဲဖြင့် အနိုင်ရခဲ့ပြီး Upper Bracket Final ပွဲစဉ်သို့ တက်ရောက်ခဲ့ကာ အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြု RRQ Hoshi အသင်းကို ထပ်မံအနိုင်ယူကာ Grand Final သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ Grand Final ပွဲစဉ်ကို ယနေ့ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းတွင် ဆက်လက်ကျင်းပမည်ဖြစ် ပြီး မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းနှင့် တွေ့ဆုံမည့်အသင်းကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းပွဲစဉ်ပြီးမှ ထွက်ပေါ်မည်ဖြစ်ကြောင်းသိရသည်။

crd-ဆင်ဟွာ၊ ဓာတ်ပုံ-Burmese Ghouls အသင်း Facebook