Unicode
EFD Groupမှ ကှိုဗစ် ကာကွယ်ဆေး ဝယ်ယူနိုင်ရန် အလှူငွေ ကျပ်သိန်းပေါင်းတစ်သောင်းကို လှူဒါန်း
EFD Groupမှ ကှိုဗစ် ကာကွယ်ဆေး ဝယ်ယူနိုင်ရန် အလှူငွေ ကျပ်သိန်းပေါင်းတစ်သောင်းကို ယနေ့ ဇန်နဝါရီ ၂၅ ရက် မှာ လှူဒါန်း ခဲ့တာဖြစ်ပါတယ် နိုင်ငံတော်ရဲ့ ကျန်းမာရေး လိုအပ်နေချိန်မှာ ကျွန်တော်တို့ EFD Group အနေနဲ့ ကှိုဗစ် ကာ ကွယ်ဆေး ဝယ်ယူနိုင်ဖို့အတွက် ကျပ်သိန်းပေါင်းတစ်သောင်းကို လှူဒါန်းခွင့်ရလို့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့က လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူထုအကျိုးပြု လုပ်ငန်းတွေကို လည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ဖြည့်ဆည်းနေတာလည်းဖြစ်ပါတယ် ဟု EFD Group တည်ထောင်သူ ဦးစိုင်းမျိုးဝင်းက ပြောပါတယ်။
ထို့အပြင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့်ဇနီးအဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ မိသားစုသည် Excellent Fortune Foundation EFF Foundation အမည်ဖြင့် လူမှုရေး၊ ကျန်း မာရေး၊ ပညာရေးနှင့် လူထုအကျိုးပြု လုပ်ငန်းများအား စဉ်ဆက်မပြတ် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ပါဝင်လှူဒါန်းခြင်းများအပြင် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza We Love Yangon Happy ကှိုဗစ်စင်တာ ယာယီ ဆေးရုံကိုတည်ဆောက်ကာ နိုင်ငံတော်သို့ လှူဒါန်းထားသူများဖြစ်ပါတယ်။ crd