အရှင်လတ်လတ် နှစ်နဲ့ချီ တည်ရှိနေတဲ့ အသက် (၅) နှစ်ကလေး လည်ချောင်းထဲက မျှော့




Unicode

တရုတ်ပြည်၊ ယူနန်မှာ မနှစ်လောက်ကတည်းက နေမကောင်းစဖြစ်နေတဲ့ အသက် ၅ နှစ်အရွယ် ကောင်လေးဟာ လည်ချောင်းတွေနာပြီးအသက်ရှူခက်တဲ့ဝေဒနာ ခံစားနေ၍ ဆေးခန်းသွားပြခဲ့ပါတယ်

ဒါပေမယ့် မသက်သာဘဲ မိဘက ဆေးရုံသို့ ခေါ်သွားပြလိုက်တဲ့အခါ ဆရာဝန်များက မှန်ပြောင်းနဲ့သေချာစစ်ဆေးကြည့်ပြီး အဆုတ်သို့သွားတဲ့ပါးစပ်နှင့်နှာ ခေါင်းအ ဆက် လေပြွန်မှာ မျှော့တစ်ကောင်တွေ့ခဲ့ရပါတယ်။ ထို့နောက် ၎င်းကို ခွဲစိတ်ဖယ်ရှားပေးလိုက်ပြီး ပုံထဲမြင်ရတဲ့အတိုင်းခွဲစိတ်ဆရာဝန်မှ ကလေးရဲ့လည်ချောင်း ထဲ ကနေ မျှော့အရှင်လတ်လတ်တစ်ကောင်ကို ဆွဲထုတ်နေတာ အသည်းယားစရာမြင်ကွင်းပါ

မျှော့ပါဝင်နေသော ရေသောက်သုံးမိ၍ ခန္ဓာကိုယ်ထဲဝင်ရောက်သွားပြီး လပေါင်းများစွာကျန်ရှိနေတယ်လို့ ဆရာဝန်ကဆိုထားပါတယ်ထို့ကြောင့် ကျေးလက်ဒေသ နေ ထိုင်သူများ အထူးသဖြင့် ကလေးငယ်များအား မသန့်ရှင်းသော ချောင်းရေမြောင်းရေများသောက်သုံးရန်အထူးသတိထားသင့်ကြောင်း သတိပေးထားပါတယ် crd