crd- HAP
Unicode
အထက်တန်းသူနာပြု ဒေါ်အေးမူမူမှာ မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ် ကာကွယ်ဆေး ထိုးနှံသူဖြစ်လာ
အထက်တန်းသူနာပြု ဒေါ်အေးမူမူသည်မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ် ကာကွယ်ဆေး ထိုးနှံသူဖြစ်လာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန မှ သိရသည်။
ဇန်နဝါရီလ ၂၇ ရက်၊နံနက် ၈ နာရီအချိန်တွင် မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ကိုဗစ် ကာကွယ်ဆေးအား နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ်အေးမူမူကို နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် မြန်မာနိုင်ငံရှိ အခြားနေရာများတွင်လည်း ကိုဗစ် ကာကွယ်ဆေးများ စတင်ထိုးနေကြပြီ ဖြစ်သည်။
crd- HAP