crd စွယ်စုံ Empathy
Unicode
အနာနှင့်ဆေးတွေ့ပြီး အမြန်ပျောက်ကင်းပါစေလိုသော စေတနာဖြင့် ဖြန့်ဝေပေးလိုက်ပါတယ် ရှယ်ပြီးသိမ်းထားစေလို
ခါးနာ ဒူးနာ အကြောတင် အကြောကိုက် အစစ်အမြစ်ကိုက်အတွက်
သက်ရင်းကြီးမြစ်ဆိတ်ရိုးလိမ်းပေးရင်အရိုးအစစ်အမြစ်ကိုက်အတွက် ဒေါက်တာအောင်နိုင် – ဆေးသုတေသန ဆေးနည်းမှအစွမ်းထွက်ပြီးသိသူများကြပါတယ်
ယခုဆေးနည်းမှာလူသိနည်းသဖြင့်ဖေါ်ပြပေးလိုက်ပါတယ် လက်တွေ့ဖြစ်သူများအမှန်ပျောက်ကင်းခဲ့တဲ့ဆေးနည်းပါ ။ တလောကရွာမှ သူငယ်ချင်းအိမ်ရောက်တော့သူ့ရဲ့မိခင်မှာ အိပ်ယာထဲတကျွတ်ကျွတ်ညဉ်းနေသဖြင့် ဘာဖြစ်တာလည်းမေးမိလိုက်ရာ ဆန်အိပ်ပိုင်းကိုမလိုက်မိပြီး ခါးမှာဂျွတ်ခနဲဖြစ်သွားသည် ညရောက်တော့ခါးကကိုက်လာပြီးနောက်နေ့ထိုင်ရာကမထနိုင်တော့ပဲ ယခုလိုဖြစ်နေတာပါဟု သူငယ်ချင်းမှပြောပြလေသည်
ကျွန်တော်က သင်္ဘောရွက် ညဖက်ခါးကိုပတ်ပြီးအပေါ်က အဝတ်တစ်စ စည်းပြီး မနက်မှဖြေပေးပါလို့အကြံပေးလိုက်ပါသည်။ ယနေ့သူငယ်ချင်းအမေကိုတွေ့တော့ အဒေါ်နေကောင်းလား ခါးနာတာဘယ်လိုနေသေးလည်းဟုမေးမြန်း နုတ်ဆက်လိုက်သည်။ အေးငါ့တူကြီးနေကောင်းတယ် ခါးနာလည်းပျောက်ပြီကွဲ့ ဟုပြန်ဖြေလေသည်။ ဝမ်းသာအားရဖြင့် ကျွန်တော်က သင်္ဘောရွက် ခါးစည်းတာလား အဒေါ်
အေး … သင်္ဘောရွက်လည်းခါးစည်းတယ် ဦးလေးကြီးတစ်ယောက်က ကြောင်ပန်းပင်အမြစ်နဲ့ဆိတ်ရိုးကို ကျောက်ပျဉ်မှာ သံပုယိုသီးနဲ့သွေးပြီးလူးဖို့ ဆေးနည်းပေးတယ် ။ အိမ်နားမှာက ကြောင်ပန်းပင်ကလည်း အဆင်သင့်ရှိတော့ မင်းသူငယ်ချင်းကိုတူးခိုင်းပြီး စျေးထဲက ဆိတ်ရိုးနဲ့သံမယိုသီးဝယ်ပြီး လူးလိုက်တာ သုံးရက်အတွင်း ကိုက်ခဲနာကျင်နေတာအကုန်သက်သာလို့ ငါလည်းဝမ်းသာနေတာပါကွယ်
ဒ့ါဆိုကျနော် အခုဆေးနည်းကို အများအတွက် ဖေ့ဘုတ်ကနေ ပြန်မျှဝေအုံးမယ်ခင်ဗျာ..အေးသားလေး ကောင်းတယ်ကွဲ့ အဒေါ်လက်တွေ့ပါပဲလေ သာဓု သာဓု သာဓုပါကွယ် ။ ကျွန်တော့်အဒေါ်တစ်ယောက် ဒူးနာပြီးပေါင်ကိုက်နေသည်မှာ ကြာပြီ လွန်ခဲ့သောသုံးရက်ကအိမ်လာတော့ ယခုဆေးနည်းအတိုင်း လိမ်းဖို့တိုက်တွန်းလိုက်သည် ။ မနက်ကလမ်းမှာတွေ့တော့ သူအရင်က သူ့အိမ်အပေါ်ထပ်သို့ မတက်နိုင်သောဒူး ယခုဆေးနည်းအတိုင်း ည/ မနက် လူးလိုက်ရာ အိမ်ပေါ်ထပ်တက်နိုင်ကြောင်းနှင် ဒူးနာနှင့်ပေါင်ကိုက်နေသည်မှာ အတော်သက်သာကြောင်း ဆက်လည်းလူးမည်ဖြစ်ဟုဝမ်းသာအားရပြောပြပြီး မုန့်ဖိုးငါးထောင်အတင်းပေးသွားပါ၏
ဆေးနည်း- ကြောင်ပန်းပင် အမြစ်ကို စျေးမှဆိတ်ရိုးနှင့် ကျောက်ပြင်မှာ သံမယိုသီး အရည်ဖြင့် ခါး / ပေါင်း / ဒူး / ခြေသလုံးတို့အား အသားထဲစိမ့်နေအောင် လူးပေးရန်သာဖြစ်ပါသည် ။ အားလုံး ကျန်းမာခြင်း သုခ ချမ်းသာခြင်း သုခများကို ပိုင်ဆိုင်ပြီး အေးချမ်းပျော်ရွှင်နိုင်ကြပါစေ
crd စွယ်စုံ Empathy