မိတ်ဆွေတို့ရဲ့ အိမ်မှာ ဖြစ်ဖြစ် ၊ ပတ်ဝန်းကျင်မှာ ဖြစ်ဖြစ် မနက်အိပ်ရာထချိန်များမှာ လက်ချောင်းလေးတွေ တင်းနေပြီး၊ လေ့ကျင့်ခန်းလုပ် တာတောင် မပြေချင်တဲ့ အနေအထားမျိုးဖြစ်နေကြ သူများကို
ထုံကျင်နာများပျောက်ကင်းစေပြီးရောဂါကင်းဝေးစေ ချင်လို့ ဒီဆေးနည်းလေးကို မျှဝေတင်ပြပေးလိုက် ပါတယ်
ဒီဆေးနည်းလေး ကတော့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်နေ ရသူ များဖြစ်ကြတဲ့ ရုံးသမားများစက်ချုပ် သမားများ၊ စားဝတ်နေရေး အတွက် မိုးလင်းမှမိုးချုပ်တစ်နေကုန် အလုပ်ခွင်ထဲမှာအလုပ် များနေသူများ အတွက် ရောဂါကင်းဝေးစေရေး နည်းလေးဖြစ် ပါတယ်။
အချိန်တွေကြာလာတဲ့ အခါ ခြေထောက်၊ဒူးနှင့် ပေါင်များဟာ ထုံကျဉ်လာတတ်ပါတယ်။ ဒီလိုမျိုးတွေဖြစ်လာတဲ့အခါ ဆေးလိမ်း၍ မသက်သာ ဘဲဖြစ်တတ် ပါတယ်။ နွေရာသီမှာ ခံနိုင်ပေမယ့် မိုးနဲ့ဆောင်း မှာတော့ ထုံကျဉ် တဲ့ဝေဒနာများဟာ ပို၍ ဆိုးရွား လာကာ လေဖြတ်ချင်တဲ့အထိဖြစ်မှုများကို ပျောက်ကင်းစေနိုင် ပါတယ်လို့ သိရပါတယ်။
တစ်ခြားနည်းတွေလည်း ရှိပေမယ့် ဒီဆေးနည်းလေး ကတော့ ရှာဖွေအသုံးပြုရန် ပစ္စည်းများဟာ လွယ်ကူလွန်းပြီး ပြုလုပ်ပုံ ကလည်း မခက်ခဲတာမို့ ကိုယ်တိုင်ရောဂါ မဖြစ်လို့ အသုံးမပြုခဲ့ရင်တောင်ခြေ လက်တွေ ထုံကျဉ်နေသူတို့အတွက် ဆေးစွမ်း တစ်လက်ကို ပေးပါရစေ တစ်ခြား သူများကို နည်းလမ်းလေး ညွှန်ကြားပေးစေလိုတဲ့ဆန္ဒနှင့်ထပ်ဆင့် တင်ပြပေးတာဖြစ် ပါတယ်။ လိုအပ်တဲ့ ပစ္စည်းလေးတွေ ကတော့ ချင်းတက်၊ စပါးလင်၊ သံပုရာသီးတို့ပဲဖြစ် ပါတယ်။
ဒီပစ္စည်းလေးတွေကို ပထမဦးဆုံးတော့ ထောင်းမယ့် ဆုံကို သန့်အောင်ပြုလုပ်ပေး ရပါမယ်။ ပြီးတဲ့အခါ ချင်းတက်နှင့် စပါးလင် ကိုထောင်းထားပြီး၊ အဲဒီထောင်းထားပြီးသား နှစ်မျိုးထဲကို ခြေ လက်တွေ ထုံကျဉ်နေသူတို့အတွက် ဆေးစွမ်း တစ်လက်ကို ပေးပါရစေ သံပုရာသီး နှစ်လုံးလောက်ကို အရည်ညှစ် ထည့်ပြီး လက်ဖြင့်နယ်ပေးရပါမယ်။ ပေါင်းစပ်နယ်ထားတဲ့ အတွက် ထွက်လာတဲ့ အရည်များကို ညအိပ်ရာဝင်ချိန်တွင် ပေါင်တံရင်းမှနေ၍ခြေဖျားအထိ
အထက်မှအောက်ကို ပူလာတိုင်း လိမ်းပေးပြီးမှ အိပ်ရာဝင် ရပါ မယ်။ သုံးလေးရက် ဆက်တိုက် နေ့တိုင်း လိမ်းပေးပါက ထုံကျဉ်မှုများပျောက် သွားပါ လိမ့်မယ်။စပါးလင်၊ ချင်း၊ သံပုရာသီးတို့ကတော့ ရှာဖွေရတာ လွယ်ကူတဲ့ အတွက် ပို၍ အသုံးပြုနိုင်မယ့် ဆေးနည်းလေး လို့ပြောချင် ပါတယ်။ ထုံနာကျဉ် နာဘေးမှ ကင်းဝေးကြ ပါစေ။ Credit