Unicode
ဂျင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ် ဆိုပေမဲ့ လူတိုင်းအတွက် ကောင်းလှတယ်တော့ မဟုတ်ပါဘူး
အောက်ဖော်ပြပါ ဝေဒနာရှင်တွေ အနေနဲ့ ဂျင်းစားသုံးမှုကို လုံးဝရှောင် ကြဉ်တာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်းအချင့်နဲ့ စားသုံးတာမျိုးဖြစ်ဖြစ် လုပ်ဆောင်သင့် ပါတယ်
(၁) သွေးခဲဆေးသောက်သုံးနေရသူတွေ
ဂျင်းကသွေးကို ကျဲစေနိုင်စွမ် းရှိတာကြောင့် သွေးမတိတ် တဲ့ဝေဒနာ ရှိတာကြောင့် သွေးခဲ ဆေးသောက်သုံးမှီဝဲနေရ သူတွေအနေနဲ့
ဂျင်းစားသုံးမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်
အချို့သောဖြစ်ရပ်တွေမှာ ဂျင်းကဆေး အာနိသင်ကို လျော့ပါးစေနိုင် တာကြောင့် ဂျင်းစားသုံးတဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ပြီး မှသာ စားသုံးသင့် ပါတယ်
(၂) ဆီးချိုဆေး မှီဝဲနေရသူတွေ
ဂျင်းက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်း ရှိပေမဲ့ မက်ဖော်မင်နဲ့အင်ဆူလင်လိုမျိုး ဆီးချိုဆေးသောက်သုံးနေရသူတွေ အနေနဲ့ ဆေးအာနိသင်ကို လျော့ပါးစေနိုင် တာကြောင့် ဂျင်းမစားသုံးသင့်ပါဘူး
သွေးချို တအားကျဆင်း သွားနိုင်တာကြောင့်လည်း ဂျင်းစားသုံးမှုကို ရှောင်ကြဉ် သင့်တာဖြစ်ပါတယ်
(၃)သွေးကျဆေးသောက်နေရသူတွေ
သွေးတိုးကျစေဖို့ အတွက် သောက်သုံးရတဲ့ ဆေးတွေကို မှီဝဲနေရသူတွေ အနေနဲ့လည်း ဂျင်းကိုမစားသုံးသင့်ပါဘူး
ဂျင်းကသွေးတိုးကျဆေးအချို့နဲ့ ဓာတ်ပြုနိုင် တာကြောင့် ဖြစ်ပါတယ်
ဂျင်းနဲ့ သွေးတိုးကျဆေးတို့ ဓာတ်ပြုတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို အန္တရာယ်ရှိတဲ့ အခြေအနေလောက် အထိကျဆင်း စေတာမျိုး ဖြစ်ပေါ်စေ ပါတယ်
နောက်ဆက်တွဲဝေဒနာတွေ ကိုတောင်ဖြစ်ပေါ်စေနိုင် ပါတယ်။ နှလုံးခုန်မမှန် တာမျိုးလည်း ဖြစ်ပေါ်ခံစားရနိုင် ပါတယ်
(၄)သည်းခြေကျောက်တည်နေသူတွေ သည်းခြေကျောက်တည်မှုကို ခံစားရနိုင်ခြေရှိသူတွေ အနေနဲ့ ဂျင်းစားသုံးမယ် ဆိုပါက ရောဂါအခြေအနေက ပိုမိုဆိုးရွားသွားနိုင် ပါတယ်
သည်းခြေအိတ်မှာ သည်းခြေကျောက်တည်တာမျိုး ဖြစ်လာနိုင်ပါတယ်
သည်းခြေကျောက်တွေက သည်းခြေပြွန် တစ်လျှောက် စီးပါသွားရင်း သည်းခြေရည်တွေကို အသည်းဆီကိုရောက်ရှိ သွားစေနိုင် ပါတယ်
ချင်းက သည်းခြေရည်ထုတ် လွှတ်မှုကို တိုးစေနိုင် ပါတယ်
သည်အခြေအနေက သည်းခြေကျောက်ပိတ်ဆို့မှု ကိုဖြစ်ပေါ်စေပြီး ဆိုးရွားလှတဲ့ နာမကျန်းဖြစ်မှုကိုဖြစ်ပေါ်စေနိုင် ပါတယ်
သည်းခြေရည်များ လွန်းတာက သည်းခြေကျောက်ဖြစ် နိုင်ခြေကို တိုးစေနိုင်တာကြောင့် သည်းခြေကျောက်တည် နိုင်ခြေရှိသူတွေ အနေနဲ့ ဂျင်းမစား သုံးသင့်ပါဘူး
(၅) ကိုယ်ဝန်ဆောင်အမျိုးသမီးများ
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ချင်းမစားသုံးသင့် ပါဘူး။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ ဂျင်းစားသုံးသင့် သလားဆိုတာကို
သေသေချာချာ သိရတာမျိုး မရှိပေမဲ့ ဆိုးကျိုးဖြစ်နိုင် သလား ဆိုတာကိုလည်း ရေရေရာရာမသိရသေး ပါဘူး
လေ့လာမှုတော်တော် များများမှာတော့ ဂျင်းစားသုံးတာက သန္ဓေသားရဲ့ လိင်ပိုင်းဆိုင်ရာဟော်မုန်းကို ထိခိုက်စေနိုင် တယ်လို့ ဆိုပါတယ်။ ဂျင်းက သွေးထွက်မှုကို များစေနိုင် တာကြောင့် မီးဖွားမယ့်ရက်နီးတဲ့ အခါ မစားသုံးသင့် ပါဘူး
crd- သမားတော်တိုင်းရင်းဆေး