Unicode
မင်္ဂလာဦးလက်စွပ်နှင့် ရတနာပစ္စည်းအချို့ကိုလှူဒါန်းလိုက်တဲ့ အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေ
ပရိသတ်ကြီးရေ ဒေါ်ဝါဝါဝင်းရွှေကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ဝါရင့်အကယ်ဒမီဆုရ မင်းသမီးကြီးပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိကို ဒါရိုက်တာ ထုတ်လုပ်သူတစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲပါ။ ဒေါ်ဝါဝါဝင်းရွှေကတော့ အလှူအတန်းတွေကိုလည်း အခါအခွင့်သင့်ရင်သင့်သလို ပြုလုပ်နေခဲ့ပါတယ်။
အခုတခါမှာလည်း အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေက သူမရဲ့ မင်္ဂလာဦးလက်စွပ်နှင့် ရတနာပစ္စည်းအချို့ကိုလှူဒါန်းလိုက်ပြန်ပါတယ်။
အကယ်ဒမီများရှင်‌ဒေါ်ဝါဝါဝင်း‌ရွှေကမွန်ဘုရင်မကြီးရှင်​စောပုအားအမှူးထား၍၎င်းတို့ဇနီး‌မောင်နှံ၏မင်္ဂလာဦးလက်စွပ်နှင့်ရတနာပစ္စည်းအချို့ကိုပဲခူးခေါင်းဆေးကျွန်းကျောက်စာတိုက်၌တည်ထားသောဝဋ်ကျွေးတော်ပြေဘုရားတွင်ဌာပနာရန်အတွက်လှူဒါန်းလိုက်ကြောင်းယ‌နေ့သိရသည်။ crd