unicode
ပရိသတ်ကြီးရေ နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော် က တော့ သားလေး ဘုန်းမင်းနေလ ၊ သမီးထင်သစ္စာတို့နဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ သူမရဲ့ အနုပညာအမွေကို ဆက်ခံထားတဲ့ သားနဲ့သမီးကိုလည်း ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ပါ ။
လတ်တလောမှာတော့ ဘုန်းမင်းနေလက ကိုဗစ်ကို အကြောက်လွန်တဲ့ မေမေဇာ တစ်ယောက် ဘယ်လိုအလွဲတွေ ဖြစ်နေတယ်ဆိုတာကို ဗီဒီယိုလေး ရိုက်ကူးပြီး ပရိသတ်တွေကို သူ့ရဲ့ ပေ့ချ်ကနေတဆင့် မျှဝေပေးလာခဲ့ပါတယ် ။ ကိုဗစ်ကူးမှာ စိုးရိမ်လို့ သားသမီးတွေကို ဆူပူရင်း အလွဲလေးတွေ ဖြစ်နေတာကို ဟာသ သဘောမျိုးရိုက်ကူးထားတာဖြစ်ပြီး ကြည့်ရှုသူ တစ်သန်းကျော် သွားခဲ့တာပဲဖြစ်ပါတယ် ။
ခုလို ၂၄ နာရီအတွင်းကြည့်ရှုသူ 1.3 သန်း ရရှိခဲ့တဲ့အတွက် နောက်ထပ် ဗီဒီယို တွေ အများကြီး တင်ဆက်ပေးဖို့ရှိသေးလို့ အားပေးကြပါဦး လို့ ဘုန်းမင်းနေလကတောင်းဆိုခဲ့ပါသေးတယ် ။ ပရိသတ်ကြီးအားလုံးလည်း အိမ်မှာနေရတဲ့အချိန်မှာ ဒီဗီဒီယိုလေးကို ကြည့်ပြီး အပျင်းပြေကြပါစေနော် ..။ ရွှေရိုး