အိမ်ထောင်ဖက်ကို စွန့်လွှတ်လိုက်တာက ကိုယ့်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတခုကို စွန့်လွှတ်လိုက်တာနဲ့တူတူပါပဲ လို့ဆိုလာတဲ့ မြတ်ကေသီအောင်။ မင်းသမီးချော မြတ်ကေသီအောင်ကတော့ အကယ်ဒမီဆုနှစ်ဆုတိတိ ရယူသိမ်းပိုက်နိုင်ခဲ့တဲ့ ပရိသတ်အချစ်တော်လေး
တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ အနုပညာသက်တမ်း နှစ်အတော်ကြာအောင်ရှိပြီဖြစ်တဲ့ မြတ်ကေသီအောင်က ဇာတ်ရုပ်မျိုးစံကို သူမရဲ့အနုပညာ အရည်အချင်းတွေနဲ့ ပြောင်မြောက်စွာ ဖန်တီးပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ မြတ်ကေသီအောင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့
ဇာတ်ကားတွေကလည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြတ်ကေသီအောင်က အနုပညာလှုပ်ရှားမှုတွေနဲ့ ဝေးကွာနေခဲ့တာ အချိန်အတော်ကြာနေပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြတ်ကေသီအောင်
ကိုချစ်တဲ့ ပရိသတ်တွေက သူမရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက် စာမျက်နှာကတစ်ဆင့် စောင့်ကြည့်အားပေးနေတာ ဖြစ်ပါတယ်။ အခုလည်း မြတ်ကေသီအောင်က ထပ်တူညီမျှခြင်းဟာ ကိုယ့်အတွက် အချိန်တော်တော်များများ ပေးထားတတ်တဲ့ချစ်သူ (သို့)
အိမ်ထောင်ဖက်ကို စွန့်လွှတ်လိုက်တာက ကိုယ့်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို စွန့်လွှတ်လိုက်တာနဲ့တူတူပါပဲ နောက်ဆက်တွဲဖြစ်လာတဲ့ ခံစားမှုဟာလည်း နှစ်ယောက်လုံးရဲ့စိတ်ကို ဆက်တိုက်ခြောက်ခြားစေတယ်။ တစ်ဖက်နဲ့တစ်ဖက် ပြုမိခဲ့တဲ့အမှားတွေနဲ့
ရှင်သန်နေထိုင်ရတဲ့အခါမျိုး ပိုပြီးစိတ်ကိုနာကျင်စေခဲ့တယ်။ အဝေးဆုံးနေရာတွေမှာ နေမိပြန် တော့လည်း အမှားတွေနဲ့ ကင်းလွှတ်ခွင့်ရတဲ့ အခိုက်အတန့်လေးလိုမျိုး စိတ်ဒဏ်ရာတွေကို သက်သာစေခဲ့တယ်။ တကယ်တော့ ဘဝတွေဟာ ကြင်နာခြင်းကို လိုချင်လို့
ရှာရင်းနဲ့ နာကျင်ခြင်းတွေတွေ့ပြီး ထပ်တူကျကျလာတယ်ဆိုတာ ချစ်တတ်တဲ့သူတွေက မေ့နေကြတာပါ MKTA ဆိုပြီး ပုံလေးနဲ့အတူ စာလေးတွေကိုရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်။crd