“အလှူရှင် မရှိတဲ့နေ့တွေဆိုရင် ဒီလိုပဲ ဘုန်းပေးရပါတယ်” သင့်ရဲ့ ရှယ်တစ်ချက်ကြောင့် အလှူရှင်တစ်ဦးပေါ်ခဲ့ရင် အဆုံးမရှိတဲ့ ကုသိုလ်ထူးရနိုင်ပါသည်

သင့်ရဲ့ ရှယ်တစ်ချက်ကြောင့် အလှူရှင်တစ်ဦးပေါ်ခဲ့ရင် အဆုံးမရှိတဲ့ ကုသိုလ်ထူးရနိုင်ပါတယ်အလှူရှင် မရှိတဲ့နေ့တွေဆိုရင် ဒီလိုပဲ ဘုန်းပေးရပါတယ်သင့်ရဲ့ရှယ်တစ် ချက် ကြောင့် အလှူရှင်တစ်ဦးပေါ်ခဲ့ရင် အဆုံးမရှိတဲ့ ကုသိုလ်ထူးရနိုင်ပါသည်

မန္တလေးတိုင်း ဒေသကြီး စဉ့်ကိုင်မြို့နယ် ဖလံဗိုလ်ကျေးရွာအနီးမှာရှိတဲ့ မာဃိန္ဒာရာမ ဥယျာဉ်လေး ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မရှိဆင်းရဲနွမ်း ပါးကလေးများနှင့် မိဘမဲ့ကလေးများရှင်သာမဏေ

သီလရှင်ဆရာလေး စုစုပေါင်း ၂၅၀ ကျော်ရှိပြီး၊ နယ်ကျောင်းတစ်ကျောင်းဖြစ်နေတာကြောင့် အလှူရှင် နည်းပါးကာ အနေအစားအလွန်ဆင်းရဲနွမ်းပါးနေပါတယ်။အ လှူရှင်မရှိတဲ့နေ့တွေမှာဆိုရင် ဘူးသီးဟင်းရည် ကျဲကျဲ ဇွန်းကြီးတစ်ဇွန်းနဲ့ ဆွမ်းကို ဖျော်ပြီး မိဘမဲ့ ရှင်သာမဏေ သီလရှင်လေးတွေ ဆွမ်းဘုန်းပေးနေကြရတာကို Al i n nMyayအလင်းမြေမီဒီယာ မှ လက်တွေ့ တွေ့မြင်ခံစားခဲ့ရပါတယ်၊ အဆိုပါ နေ့မှာပဲ Alinn Myay အလင်း မြေမီဒီယာ နှင့် အသိမိတ်ဆွေ အပေါင်းအသင်းများမှ ထာဝရ ဆွမ်းပဒေသာပင် အတွက် အလှူငွေ ၁၀၅၀၀၀၀ ဆယ်သိန်းငါး သောင်းကျပ်၊ မန္တလေးမြို့ထိပ်တန်းရွှေဘုရင် ရတနာရွှေဆိုင်မှ ရေသန့်ဗူးကြီးနှင့် ရေခွက်အစုံ ၄၀တို့ အား လှူဒါန်းခဲ့ပါတယ်

ကိုရင်လေးတွေ သီလရှင်လေးတွေ ဘုန်းပေးနေတာကိုကြည့်ပြီး ရင်ထဲမှာတကယ်စိတ်မကောင်းဖြစ်ပြီး လိုက်ပါလာသူ တော်တော်များများ မျက်ရည်တောင် ကျမိ ခဲ့ ကြပါတယ် သူတို့လေးတွေ ဘုန်းပေးနေကြတာ ယခုတင်ပြတဲ့ ဗွီဒီယိုထဲမှာ မြင်တဲ့အတိုင်း ဗူးသီးဟင်းရည် ဇွန်းကြီးတစ်ဇွန်းနဲ့ ဆွမ်းကို ဖျော်ပြီး ဘုန်းပေးနေ ကြ တာ ဖြစ်ပါတယ်။ အခုလို အလှူရှင်မရှိတဲ့နေ့တွေမှာ ဒီလိုပဲ ဘုန်းပေးပြီး အချိုပွဲဆိုတာလည်း မဘုန်းပေးနိုင်ဘူးလို့ သိရပါတယ်။

အဆိုပါ အမှန်တကယ်လိုအပ်နေသော ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို မိဘပြည်သူများအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြစေရန် ယခုလို Alinn Myay အလင်း မြေမီဒီယာ မှ သွားရောက်ရိုက် ကူးတင်ဆက်ရင်း မိတ်ဆွေများနှင့် စုပေါင်းကာ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။မာဃိန္ဒာရာမ ဥယျာဉ်လေး ပရဟိတဘုန်း တော်ကြီးသင် ပညာရေးကျောင်း ကို သွားရောက်လှူဒါန်းလိုသူများအနေဖြင့် မန္တလေးမြို့ ဝေဇယန္တာပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်စွာ ဖုန်း 097 7 7462227ဆက်သွယ်ပြီး ဦးကျော်စွာမှ လိုက်ပါပို့ဆောင်ပေးခြင်း

လမ်းညွှန်ပေးခြင်းများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။AlinnMyayအလင်းမြေမီဒီယာ ပရိသတ်ကြီးနှင့် အတူ မိဘပြည်သူများအား လုံးမှ အဆိုပါ ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်းသို့ တတ်နိုင်သလောက် သွားရောက်လှူဒါန်းပေးကြပါရန် နှင့် ကိုယ်တိုင် မလှူဖြစ်သေးရင်လည်းအလှူရှင်များပေါ် ပေါက်လာစေရန် လက်ဆင့်ကမ်းမျှဝေပေးကြပါလို့ AlinnMyayအလင်းမြေမီဒီယာ မှ တိုက်တွန်း နှိုးဆော်ပေးလိုက်ပါရစေခင်ဗျာ Crd အလင်းမြေ မီဒီယာ