၅ ရှာလကာရည်မှာ ပါဝင်တဲ့ Ascetic Acid ဟာ အပူလောင်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနဲ့ အရည်ကြည်ဖု ထခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ် အပူလောင်ထားတဲ့ အရေပြားကို ရှာလကာရည် အနည်းငယ် လောင်းချပေးပြီး ရေအေးအေးနဲ့ ပြန်လည် ဆေးကြောပေးရုံနဲ့ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ် crd
Unicode
ဆီပူလောင် ရေနွေးပူလောင် ဆေးနည်းများ
၁ ကြက်ဥ ပြုတ်ပီး အကာကိုဖယ်ပါ ။ အနှစ်ကို ဒယ်အိုး သန့်သန့်နဲ့ မီးအပူ ပေးလှော်ပါ ။ အရည် ပျော်အောင်ထိပေါ့ အရည်ပျော်လာရင်ဆီလိုဖြစ်လာပါလိမ့်မည် ၎င်းကိုအနာမှာ လိမ်းပေးကြပါ။ ကျနော် လက်တွေ့သုံးခဲ့ဘူးတာ မီးလောင်ဒဏ်ရာတောင် ပျောက်တယ်
အမာရွက် လို့တောင်မရှိဘူး နဂိုအသားတိုင်းပြန်ဖြစ်ပါတယ်။ ကူညီနိုင်တာဆို လို့ ဘာမှမရှိလို့ ဆေးမီးတိုလေး ရေးပို့ပေး ရတာပါ။ မြန်မြန်နေပြန်ကောင်း ကြပါစေကျေးဇူးတင်ပါတယ်
၂ကြက်သား၏ အဆီကိုကြော်ထားသောဆီကို အပူလောင် အနာများကိုလိမ်းပေး လျင်လည်း သက်သာပျောက်ကင်းပြီး အနာအမာရွတ်မကျန်ပါ။တကယ်ကောင်းသောလက်တွေ့ဆေးနည်းပါ
၃ ဆီပူလောင် ။ အပူလောင် အမာရွတ်ဟောင်းများအားကွမ်းသီးခြောက်ကို သွေးလူးပေးပါ ။ အမာရွတ်ပျောက်ကင်းပါသည် စိတ်ရှည်ရှည်နဲ့လူးပါ
ခံရခက်သော အပူလောင် ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်း ၅ ခု
အပူလောင်ခြင်းဟာ အဖြစ်များတဲ့ မတော်တဆမှု တခုဖြစ်ပြီး ကြီးကြီးမားမား အပူလောင်တာမျိုးမဟုတ်ဘူးဆိုရင် အိမ်မှာ အလွယ်တကူရှိတဲ့ သဘာဝပစ္စည်းတွေနဲ့တင် သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ် ဒါကြောင့်မို့လို့ အပူလောင် ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်း သဘာဝကုထုံး နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်
၁ ဆီပူလောင်တာမျိုးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ပူနေတဲ့ အရာဝတ္ထုတခုခုနဲ့ ကပ်မိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ အပူလောင်သွားတဲ့ အရေပြားနေရာပေါ်ကို ရေခဲရေနဲ့ လောင်းပေးပြီး အိမ်မှာ အလွယ်တကူရှိတဲ့ သွားတိုက်ဆေး အနည်းငယ်ကို ပွတ်လိမ်း ပေးထားခြင်းအားဖြင့် အပူလောင်ခြင်းကြောင့် အရည်ကြည်ဖုထခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်
၂ ပျားရည်ဟာ အသေးစား အပူလောင်ဒဏ်ရာတွေအတွက် အသင့်တော်ဆုံး သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။ အပူလောင်ထားတဲ့ အရေပြားပေါ်ကို ပျားရည်အနည်းငယ် သုတ်လိမ်းပေးခြင်းအားဖြင့် အပူလောင်ခြင်းကြောင့် ခံစားရတဲ့ စပ်ဖျင်းဖျင်း ဝေဒနာတွေကို သက်သာစေတဲ့အပြင် ကူးစက်ပိုးတွေ ဝင်ရောက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်
၃ အုန်းဆီမှာ ဗီတာမင်အီးနဲ့ Fatty Acid တို့ပါဝင်တာကြောင့် အပူလောင်ခြင်းကို သက်သာစေနိုင်ပြီး သံပုရာရည်နဲ့ အုန်းဆီတို့ကို ရောစပ်ပြီး အပူလောင်ဒဏ်ရာပေါ်လိမ်းပေးခြင်းအားဖြင့် အပူလောင်ဒဏ်ရာကြောင့် ကျန်ခဲ့တဲ့ အမာရွတ်ကို ပျောက်ကင်းစေနိုင်ပါတယ်
၄ နွားနို့မှာ ပရိုတင်းဓာတ်နဲ့ အဆီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အပူလောင်သွားတဲ့ အရေပြားကို အနာကျက် မြန်စေမှာ ဖြစ်ပါတယ်။ အပူလောင်ထားတဲ့အရေပြားပေါ်ကို နွားနို့နဲ့ သေချာစွာဆေးကြော သန့်စင်ပေးရုံနဲ့ အရေပြားကို အေးမြစေပြီး ရေဓာတ်ပြည့်နေစေမှာ ဖြစ်ပါတယ်
၅ ရှာလကာရည်မှာ ပါဝင်တဲဲ့ Ascetic Acid ဟာ အပူလောင်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနဲ့ အရည်ကြည်ဖု ထခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်အပူလောင်ထားတဲ့ အရေပြားကို ရှာလကာရည် အနည်းငယ် လောင်းချပေးပြီး ရေအေးအေးနဲ့ ပြန်လည် ဆေးကြောပေးရုံနဲ့ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ် crd