ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို ထောင်ဖမ်းခဲ့သူ ရန်ကုန်တိုင်း စစ်ကြောရေး ဗိုလ်မှူးအပါအဝင် ၄ ဦးရှော့ခံရ

ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဖမ်းမိပြီး သက်- ခံလိုက်ရတဲ့ စစ်ကြောရေး ဗိုလ်မှူးအပါအဝင် ၄ ဦးဟာ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို အသွင်ယူထောင်ဖမ်းခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးသန်းထွဋ်နှင့် တပ် ကြပ်ကြီး မြင့်အောင် တို့ကို ဖမ်းဆီးပြီး လက်နက်များ သိမ်း ဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးသန်းထွဋ်နှင့် တပ် ကြပ်ကြီး မြင့် အောင် တို့ကို ဖမ်းဆီးပြီး လက်နက်များ သိမ်း ဆည်း ရရှိကြောင်း Bago PDF က သတင်းထုတ်ပြန်သည်

ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ ရန်ကုန် – မန္တလေး အမြန် လမ်း မိုင်တိုင် ၁၆၁ အနီးတွင် UG တော်လှန်ရေးရဲဘော်များကို အသွင် ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော

ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဒုဗိုလ် မှူးကြီး/ ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို တောင် ငူ ခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆တို့မှ ပူးပေါင်းအဖွဲ့က ပစ် ခတ် ရှင်းလင်းခဲ့ကြောင်း သိရှိရသည်

 

ရန်ကုန်တိုင်း ၉-မိုင် ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးရှိ အမှတ် ၁ စစ်ဘက် ရေးရာလုံခြုံ ရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက ၁ တပ်မှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင် တို့သည်

UG များ၏ သတင်းကွင်းဆက်များ လိုက်လံစုံစမ်း၍ လက် နက်များ ၀ယ်ယူ မည် ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းများ ပြုလုပ်နေ ကြသူများ ဖြစ်သည်

ဒုဗိုလ်မှူးကြီး /ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင် တို့နှင့်အတူ စုစုပေါင်း လူ ၄ ဦး လိုက်ပါသော TOYOTA VANGUARD အမည်းရောင် ယာဉ် သည်

ရန်ကုန်-မန္တလေး အမြန် လမ်း အတိုင်း ထွက်ခွာလာပြီဖြစ်ကြောင်း YUA အဖွဲ့၏ သတင်း အချက် အလက် ပေးပို့မှုအရ တော်လှန်ရေးတပ်ဖွဲဝင်များမှာ ကင်းပုန်းဝပ်၍ ကားကို တားဆီး ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်

 

ကားရပ်တန့်ပြီးနောက် တော်လှန်ရေးတပ်ဖွဲဝင်များက ဝိုင်းဝန်းပိတ်ဆို့ ဖမ်း ဆီးစဉ် အဆိုပါ ၂ ဦးမှ ပြန်လည် ခုခံ သဖြင့် တော်လှန်ရေးတပ်ဖွဲဝင်များက ဖမ်းဆီးရာ စစ်ကောင်စီ၏ တပ်ဖွဲဝင် ၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သွားခဲ့ကြောင်း သိရှိရသည်

သေဆုံးသူ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ ထံမှ ၉မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဉ်လိုင်စင်နှင့် စာရွက် စာတမ်း တချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဉ်ကို မီးရှို့ ဖျက် ဆီးခဲ့ကြောင်း သိရှိရသည်

YUA အဖွဲ့ရဲ့ သတင်းပေးချက်အရ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကင်းပုန်း ဝပ် စောင့်ပြီး ဖမ်းခဲ့တာပါ၊ ကားရပ်တဲ့အချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးတော့

အဲဒီ(ဒုဗိုလ်မှူးကြီး သန်း ထွဋ်နှင့် တကက ကြီး မြင့်အောင်) ၂ ဦး က ပြန်ပစ်ခတ်တဲ့ အချိန် မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းလိုက်တာ နေရာမှာတင် ၂ ဦး လုံး ကြွသွားတယ်၊ တော်လှန်ရေး ရဲဘော်တွေ အန္တရာယ် ကင်းပါတယ် ဟု Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည် Crd- Khit Thit

Leave a Comment