ဆီမကုန်အောင် ကားမောင်းတဲ့ နည်းလမ်း ဒီလိုအချိန်နဲ့ ကွက်တိပါပဲ၊ ကိုယ်တွေ့ နည်းလမ်းပါ

ယခုအချိန်မှာ လောင်စာဆီဈေးကြီးမြင့်မှုဂယက်ကြောင့် အားလုံးခေါင်းကိုက် စိတ်ညစ်နေကြရပါတယ်။ ရန်ကုန်မြို့လမ်းမတွေမှာ ကားတော်တော်ရှင်းသွားတာလည်း တွေ့ရတယ်။

ဘာမှမတတ်နိုင်ကြတော့အတတ်နိုင်ဆုံး ဆီကုန်သက်သာမယ့်နည်းကို စဉ်းစားကြတာပေါ့။ ကားက ဆီဘယ်လိုစားလဲ။လီဗာနင်းလေ စားလေပဲ။ ဒါပေမယ့် နင်းတတ်ရင် ဆီစားသက်သာတယ်။ ပုံထဲမှာကြည့်ပါ။ ဘယ်ဖက်အခြမ်းက RPM ဒိုင်ခွက်ဖြစ်တယ်

လီဗာနင်းတဲ့အခါမှာ RPM ကို 2 မကျော်ပါစေနဲ့။ ကားစထွက်ခါစမှာတော့ 2 ကျော်ချင်ကျော်ပါစေ၊ အရှိန်ရလာပြီဆိုရင် 2အောက်မှာပဲ နင်းပါ။

Eco mode ကိုလည်း on ထားပါ။ ဒီအတိုင်းမောင်းရင် ဟိုင်းဝေးဖြစ်ဖြစ် မြို့တွင်းဖြစ်ဖြစ် ဆီစား သိသိသာသာသက်သာပါလိမ့်မယ်။ နောက်တစ်ခုက ကားဘီးလေလျော့ရင်လည်း ကားက လေးပြီး ဆီပိုစားတယ်

ကားကို နေပူထဲမှာ ထားရင်လည်း ဆီတိုင်ကီထဲက ဆီတွေ အငွေ့ပျံတယ်။မနက်စောစောနဲ့ ညနေပိုင်းတွေမှာ အဲကွန်း မသုံးဘဲ မှန်ဖွင့်မောင်းပေါ့။ လိုအပ်မှပဲ ကားသုံးရမယ့် အခြေအနေမျိုး ဖြစ်နေပါပြီ

လောင်စာဆီဈေး အမြန်ကျပြီး ပြည်သူများ စိတ်ချမ်းသာမယ့်ရက် လျင်မြန်ာစွာရောက်လာပါစေမင်း ကျော် ဝင်း

Zawgyi

Leave a Comment