အိမ်နဲ့ ခြံ ၀ယ်ဖို့စဉ်းစားနေတယ်ဆို ဂျင်းမမိစေဖို့ ဂရန် အတုလား အစစ်လား အလွယ်တကူ ခွဲခြားနည်း….

အိမ်နှင့် ဝိုင်း ဝယ်တော့မယ်ဆို ဂရန်အတုလား အစစ်လားအလွယ်တကူခွဲခြားနည်း

ဂရန်အတုဂရန်အစစ်အားအောက်ပါအချက်များဖြင့်ခွဲနိုင်ပါသည်။ဂရန်အစစ်မှာ ဂရန်မျက်နှာဖုံးကသားရေအစိမ်းရင့်ပါတွန့်ကြေခြင်းမရှိပါ။ဌာနတံဆိပ်မှာရွှေရောင်လက်နှင့်ပွတ်ကြည့်လျင်ကြမ်းပြီးဖောင်းကြွဖြစ်ပါတယ်။အိုးအိမ်ဂရန်မှာအပြာရောင်ပါ

အတုမှာနက်ပြာရောင်သို့မဟုတ်အစိမ်းပုတ်ရောင်ဖြစ်ပြီးဌာနတံဆိပ်မှာကြမ်းမနေပါ။

ဌာန တံဆိပ်ရေစာမှာအပြာနုပါထင်ရှားပြီး မှုံဝါးမနေ အရောင်မှာအရမ်းတောက်ပမနေပါ။စာအုပ်ချုပ်ထားတဲ့ချုပ်ရိုးမှာသက်သက်ရပ်ရပ်ဖြစ်နေပြီး အပ်ပေါက်ရာနှင့်ချုပ်ထားသောချုပ်ရိုးစများအပြင်သို့ထွက်မနေပါ

အတုမှာ ချုပ်ထားသောကြိုးစများထွက်နေပြီးကြိုးထက်အပ်ပေါက်ရာကကြီးနေတက်ပါတယ်။

စာရွက်ရဲ့အသားဟာထူပြီး ချောနေပါတယ်။စာရွက်ကို ထောင်ကြည့်လျှင်ရေစာသည်အရောင်ဖျော့ ပြီးပြတ်သားစွာမြင်ရပါတယ်

အတုသည် ရေစာအားcolourprinterဖြင့်ထုတ်ထားသဖြင့်အရမ်းထင်းလွန်းပြီးစာရွတ်သားမှာမထူပါ စာလုံးများအားပွတ်ကြည့်လျှင်အရောင်ပျက်သွားပါသည်။

မြေပုံဆွဲသည့်အခါအဝိုင်းများနှင့်မြေကွက် ဘောင်ခတ်ခြင်း အားမှင်နီဖြင့်ဆွဲပြီးလက်ရာမှာသေသပ်ပြီး အစွန်းများထွက်မနေပါ။လိုင်းများညီညာလွန်းပါတယ်။စာသားအားအနက်ဖြင့် သာရေးလေ့ရှိပါတယ်

အတုမှာဘောင်လိုင်းများအစွန်းထွက်ပြီးစာသားအားမှင်ပြာဖြင့်ရေးလေ့ရှိပါတယ်။ဟော်လိုဂရန်မှာ အစစ်ရောအတုမှာပါပါလေ့ရှိပါတယ်…။

အားလုံးပဲ အတုအယောင်များမှကင်းဝေး၍ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေလို့ဆန္ဒပြုလိုက်ရပါသည်။crd

Zawgyi

Leave a Comment