သလဲဘာကျေးရွာ စစ်တပ်နှင့်ပျူစောထီး စစ်စခန်းကို PDF မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ပြီး အောင်ပွဲခံနေတဲ့ PDF လူငယ်လေးရဲ့ ရုပ်သံ

အရာတော်မြို့နယ်၊ သလဲဘာကျေးရွာ စစ်တပ်နှင့်ပျူစောထီး စစ်စခန်းကို PDF မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက် မီးရှို့ရှင်းလင်း(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီး စစ်စခန်းကို PDF မဟာမိတ်တပ်များက ယမန်နေ့ ဝင်ရောက် တိုက်ခိုက် သိမ်း ပိုက် နိုင်ခဲ့ကြောင်း PDF မဟာမိတ်တပ်ပေါင်းစုက ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် တိုက်နယ်စွန်(စွန်) PDF အဖွဲ့နှင့် မဟာမိတ် အဖွဲ့များ ပူးပေါင်းပြီး စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချ တပ်စွဲ ထား သည့် အရာတော်မြို့နယ် သလဲပါရွာ စစ်စခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း၊

ယမန်နေ့ ညနေ ၄ နာရီ ၁၃ မိနစ်အချိန် စစ်တပ်နှင့် ပျူစောထီး အင် အား ၇၀ ကျော် အထိုင်ချထားသည့် ရွာအပြင် ဘုန်းကြီးကျောင်း စစ်စခန်းကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်

ယမန်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင် သလဲဘာကျေးရွာ အပြင် စစ်စခန်း မှ ပျူစောထီးများ ဆုတ်ခွာ ထွက်ပြေးကြပြီး တိုက်နယ်စွန် (စွန်) PDF နှင့် မဟာ မိတ်အဖွဲ့များက လိုက်လံတိုက်ခိုက်ရာ ညနေ ၅ နာရီ ၂၅ မိနစ်အချိန် ရွာ အခြေအနီးအထိ ရောက်ရှိကြောင်း၊

ညနေ ၆ နာရီ ၁၅ မိနစ်အချိန် ပျူစောထီး ကျေးရွာ၏ ရွာအခြေကို စတင် ဝင်ရောက်ပြီး မီးရှို့နိုင်ခဲ့ကြောင်း၊ ည ၈ နာရီ အချိန် သလဲဘာပျူရွာမှ စစ်တပ်နှင့်ပျူစောထီးများက သလဲဘာ မူးဘေး တံ တား မှ ပြန် လည် ပစ်ခတ် ထိုးစစ်ဆင်လာကြောင်း၊

ည ၈ နာရီခွဲအချိန် မဟာ မိတ် PDF တပ် ပေါင်းစုက ရွာထဲထိဝင်ရောက်ပြီး မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ ည ၁၁ နာရီ အချိန် တွင် ရွာထဲအထိ ရသ၍ ဝင်ရောက်ပြီး ရှင်းလင်းမှုများ ဆောင် ရွက်ခဲ့ ကြောင်း သိရှိရသည်။

PDF သတင်းရင်းမြစ်တချို့၏ အဆိုအရ သလဲဘာရွာရှိ စစ်တပ်နှင့် ပျူစောထီး စစ်စခန်းမှ စုစုပေါင်း စစ်သားနှင့်ပျူစောထီး အနည်းဆုံး ၂၀ ဦး သေဆုံး ကြောင်း ပြောဆိုကြသည်