အလျိုလျိုပေါ်ထွက်လာတော့မည့် မြို့သိမ်းကြေငြာချက် စာတမ်းများ

အလျိုလျိုပေါ်ထွက်လာတော့မည့် မြို့သိမ်းကြေငြာချက် စာတမ်းများ

” ပြည်သူတွေဘေးကင်းရေး ရှေ့တန်းစခန်းနေရာကို ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်လိုက်တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်-အောင်လံ အသိပေး ”

ဒီတော့ မြို့သိမ်းတို့ ဘာတို့လာရင်လည်း သေချာ အတည်ကျ တည်ပြီ ဖြစ်ပြီဆို ပထမ NUG ဘက်က ယန္တားတည်ဆောက်ပြီးတာနဲ့ ဒုတိယအဆင့် ခုလို ထိန်းချုပ်နယ်မြေ အဖြစ် အသိပေးကြေငြာမှာ ဖြစ်ပါတယ် တတိယကတော့ စိုးမိုး အေးချမ်းသော NUG အစိုးရ အုပ်ချုပ်မှု နယ်မြေများ စသည်ပေါ့လေ

ချက်ခြင်းမကြေငြာသေးပဲ စကစဒေါက်တိုင်တွေ ရှင်းလင်းမောင်းထုတ်ပြီး NUG အစိုးရ ယန္တားလည်ပတ်နိုင်ဖို့ အထိုင်ချ လုပ်ဆောင်နေခြင်းမှာ စစ်တပ်က ရှုံးမဲနှာတင်းပြီး လက်လွတ်ရနယ်မြေတွေကို မစိုးမိုးနိုင်တော့မည့်အတူ ရန်သူသဖွယ် ချေမွဖျက်စီးပြီး NUG မအုပ်ချုပ်နိုင်အောင် လေယာဉ်နဲ့ လာတိုက်မစိုးလို့ပါ

ထိုအတွက် ချက်ခြင်းမကြေငြာသေးပဲ တဆင့်ပြီးတဆင့် ဆင့်ကဲပြောင်းလဲ တည်ဆောက်ပြီးမှ ကြေငြာမှာ ဖြစ်သလို ကာကွယ်ရေးတပ်ဖွဲ့တွေ အုပ်ချုပ်ရေးစသည့် ယန္တရားတွေ ကောင်းစွာ တည်ပြီး လှုပ်ရှားဆောင်ရွက် လည်ပတ်စေပြီးမှ လေယာဉ်ပ-စ်လို အရာမျိုးပါ ထားရှိထားပြီးမှ သေချာ ကြေငြာကြပါလိမ့်မယ် ခုတော့ စိုးမိုး ထိန်းချုပ်နယ်မြေ အဆင့်ပေါ့လေ

အကယ်၍ အဆင့်ကျော်ပြီး ကြေငြာခဲ့ရင် ထိုသို့ သက်မှတ် အောင်ပွဲခံ ကြေငြာတာနဲ့ စစ်တပ်ဟာ NUG ရဲ့ လည်ပတ်နေတဲ့ ယန္တရားနေရာများသို့ ဥပမာ တနေ့က NUG ဆေးရုံ စာသင်ခန်း ထိန်းချုပ်ရေးစခန်း ပြည်သူများရှိရာ စသည့်နေရာတွေသို့ ဝင်ကျဲ အကြမ်းဖက် ပစ်ခ-တ် ယုတ်မာ ဖျက်စီးသွားသည်ကို အားလုံး အသိပါ

ဒီတော့ မြို့သိမ်းခြင်း အနုပညာမှာ လေယာဉ်ပ-စ်မရှိမခြင်း ဒါတွေကြောင့် ဒီမြို့ပိုင်ပြီ ထိန်းချုပ် အုပ်ချုပ်နိုင်ပြီဟု ချက်ခြင်းမကြေငြာပဲ NUG ယန္တား လည်ပတ် စိုးမိုး သေချာ တည်ဆောက်ပြီးမှ အသိပေး ကြေငြာမှာ ဖြစ်သလို ရန်သူ အခြေနေပေါ်မူတည်ပြီးလည်း ကြေငြာနိုင်ပါတယ်

ဒီတော့မြို့သိမ်းခြင်းအနုပညာမှာ ဆင့်ကဲလုပ်ထုံးနည်းအချက်တွေရှိ၍ စကစဒေါက်တိုင်မောင်းထုတ်လိုက်ရုံနဲ့ သိမ်းနိုင်မည်ဟု မဆိုပဲ ထိန်းချုပ်အဆင့်ဆိုတာ နာလည်ရပါမယ် အဆင့်နဲ့ မကြေငြာပဲ သိမ်းပိုက်ထားပြီးသားဖြစ်ပါတယ် ဒီနည်းနဲ့ အခြားနေရာ မြို့တွေကိုလည်း ဆင့်ကဲ ထိန်းချုပ် သိမ်းပိုက်နိုင်ပါတယ်

ပြီးမှ နောက်အဆင့်တွေ အနေနဲ့ သေချာ ချည်တုတ် ဖြည့်စွပ်ပြီး အခိုင်မာ အထိုင်ချ သိမ်းပိုက်ပြီး ကြေငြာမှာပါ NUG ရဲ့ အုပ်ချုပ်ရေး တရားရေး ကာကွယ်ရေးမဏ္ဍိုင်မှန်သမျ လိုအပ်တာတွေ ထူထောင်ပြီး သို့မှ နိုင်ငံတကာရဲ့ Rules စံနှုန်း သက်မှတ်ချက်အရ တရားဝင် အစိုးအဖြစ် အမြန် အသိမှတ်ပြုခံရမှာ ဖြစ်ပါတယ်

သို့‌မှ တလရလည်း ချက်ခြင်း အမြန် အောင်မြင်ဖို့ များစွာ အခွင့်အရေးတွေ ရရှိလာနိုင်မှာ ဖြစ်ပြီး ထိုအခြေနေ အဆင့်တွေဆို မကြေငြာလို့မရပါဘူး နိုင်ငံရေး စစ်ရေး ပြတ်သားစွာ အောင်နိုင်မှုအဖြစ် တရားဝင်မှုနဲ့ ပြည်သူထောက်ခံမှု နယ်မြေ အေးချမ်း စိုးမိုးမှုကို ပြသလို့ NUG ဟာ မြန်မာပြည်ရဲ့ အစိုးရဖြစ်ကြောင်း

ပြည်တွင်းပြည်ပက နိုင်မြင်းလောင်းသက်မှတ်တာထက်ပိုတဲ့ ပုံအောလောင်းဘက်ပါမှုနဲ့ ရန်သူဘက်ပါသူမှန်သမျှ ကြောက်လန့်ပြိုဆင်းပြီး ဗျူဟာနဲ့ လက်ရှိအခြေနေမှန်အရ အားလုံး ငြိမ်သက်သွားမှာ ဖြစ်သလို စစ်တပ်ရဲ့ ယန္တရားမှန်သမျှ ဆုတ်ကွာ ရပ်တန့်ပြီး နောက်ဆုတ် ဒူးထောက်ကြဖို့

မကြာခင် အချိန်တောတွင်းမှာ ယခုလို ကြေငြာအသိပေးမှုများ နေရာစုံမှနေ အလျိုလ်ျုပေါ်ထွက်လာပါတော့မည်ဆိုတာ တော်လှန်နှစ်သစ်မှာ အောင်ပွဲဖြစ်ပါ..ရပါပြီ မိတ်ဆွေများ မင်းကြည်ညိုနေ