Unicode
ရုရှားသူလေး မာရီယာဟာ သူမရဲ့မြန်မာနာမည်ကို ဝသုန်မိုးလို့ ပေးထားပြီး မြန်မာယဉ်ကျေးမှု မြန်မာ့ဓလေ့တွေနဲ့ မြန်မာ့စ်စုံတွေကို ချစ်မြတ်နိုးတဲ့အတွက် ရုရှားနိုင်ငံမှာ မြန်မာစာ မေဂျာ အဓိကနဲ့ ကျောင်းပြီးပြီး ရုရှားတက္ကသိုလ်မှာ မြန်မာစာ ပြန်လည်သင်ကြားပေးနေတဲ့ ဆရာမတစ်ဦးလည်း ဖြစ်ပါတယ် ။
သူမကို မာရီယာလို့ ခေါ်တာထက်မြန်မာအမည်ဖြစ်တဲ့ ဝသုန်မိုးလို့ ခေါ်တာကို ပိုသဘောကျတဲ့သူပါ။ ကျွန်မက မြန်မာစာကို ရေးတတ်ဖတ်တတ်ပြီး စာပါရိုက်တတ်တယ် ။ မြန်မာစာ မြန်မာဘာသာစကားက အရမ်းချစ်စရာကောင်းလို့ မပြောပဲ မသင်ပဲ မနေနိုင်ဘူး။ မြန်မာနိုင်ငံကို ၂ ခါရောက်ဖူးပြီး ပထမတစ်ခေါက်က ၃လ ကြာတယ် ။
ဒုတိယတစ်ခေါက်က မြန်မာပြည် အနှံ့လျောက်လည်ခဲ့တယ်။ ကျမနေတာက ရုရှားနိုင်ငံ မောစကိုမြို့မှာပါ။ မြန်မာနိုင်ငံကို ထပ်သွားဖို့လည်း စီစဉ်ထားတယ် ။ မြန်မာစာ မေဂျာနဲ့ မာစတာဘွဲ့ပါယူထားတာ ။ မြန်မာ့ အကြောင်းကို ရုရှားလို ဆောင်ပါးရေးဖြစ်တယ် ။ ရုရှားအကြောင်းတွေကို မြန်မာလို ဆောင်းပါးရေးပြီး တင်ဖြစ်တယ်။ မယုံရင် wathonemoe youtubeနဲ့ wathonemoe facebookတို့မှာ ဝင်ရောက် ကြည့်နိုင်ပါတယ် လို့ ရုရှားသူလေး ဝသုန်မိုးကပြောကြားလိုက်ပါတယ် ။
ကဲ ပရိတ်သတ်ကြီးတို့ရေမြန်မာ့ ရေမြေနဲ့ မြန်မာဓလေ့တွေကို ချစ်မြတ်နိုးတဲ့ နိုင်ငံခြားသူလေးကို အားတက်အောင် ကောမန့် လေးတွေ ပေးခဲ့ကြပါဦးနော်။ ချစ်သော ပရိတ်သတ်ကြီး ကျန်းမာ ပျော်ရွင် ကြပါစေလို့ ဆုတောင်းပေးရင်း ။ crd- မူရင်း