“စစ္တပ္ပိုင္ ဦးပိုင္နဲ႔ ဂ်ပန္ကုမၸဏီ လမ္းခြဲၿပီ”
ျမန္မာစစ္တပ္ပိုင္ ျမန္မာ့စီးပြါးေရးဦးပိုင္လိမိတက္နဲ႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ ဂ်ပန္နိုင္ငံက Kirin Holdings ကုမၸဏီက ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းယူလိုက္တဲ့ စစ္တပ္ေၾကာင့္ စီးပြါးေရးဖက္စပ္ပူးတြဲလုပ္ကိုင္မႈကို အဆုံးသတ္လိုက္ၿပီလို႔ ဒီကေန႔မွာပဲ တရားဝင္ေၾကညာလိုက္ပါတယ္။
ျမန္မာနိုင္ငံမွာ ျမန္မာဘီယာ အပါအဝင္ ဘီယာနဲ႔အေဖ်ာ္ယမကာေတြ ထုတ္လုပ္တဲ့ လုပ္ငန္းမွန္သမၽွကို စြန႔္လႊတ္ဖို႔ ဆုံးျဖတ္လိုက္ၿပီး ျမန္မာစစ္တပ္ရဲ့အာဏာသိမ္းမႈအေပၚ အလြန္အမင္းစိုးရိမ္ေၾကာင္းနဲ႔ လက္ရွိမွာေတာ့ ပူးတြဲလုပ္ကိုင္မႈရပ္စဲေရးအတြက္ အေရးေပၚလုပ္ေဆာင္စရာရွိတာေတြ လုပ္သြားရမွာျဖစ္တယ္လို႔ ကီရင္ကုမၸဏီရဲ့ ေၾကညာခ်က္က ဆိုပါတယ္။
ကီရင္ကုမၸဏီနဲ႔ ျမန္မာ့စီးပြါးေရးဦးပိုင္တို႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ Myanmar Brewery နဲ႔ Mandalay Brewery လုပ္ငန္းႏွစ္မ်ိဳးကေန အၿပီးတိုင္လမ္းခြဲဖို႔ ဆုံးျဖတ္လိုက္တာဟာ လက္ရွိအာဏာသိမ္းစစ္တပ္ကပိုင္ဆိုင္တဲ့လုပ္ငန္းေၾကာင့္ျဖစ္ၿပီး ရခိုင္ျပည္နယ္က ဂ်ီနိုဆိုက္အမႈေတြက်ဴးလြန္ခဲ့တဲ့အဖြဲ႕ကို ေငြေၾကးေတြေထာက္ပံ့မႈေတြလုပ္ခဲ့တယ္ဆိုတာေၾကာင့္ ကီရင္ကုမၸဏီက ဦးပိုင္ကို စာရင္းစစ္ရာက ျငင္းဆန္ခဲ့လို႔ အျမတ္ေငြခြဲေဝမႈ ရပ္ဆိုင္းထားတာလည္း တစ္ႏွစ္ေက်ာ္ေလာက္ ရွိေနပါတယ္။
မူရင္း: Kamayut Media
Unicode
“စစ်တပ်ပိုင် ဦးပိုင်နဲ့ ဂျပန်ကုမ္ပဏီ လမ်းခွဲပြီ”
မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွါးရေးဦးပိုင်လိမိတက်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံက Kirin Holdings ကုမ္ပဏီက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူလိုက်တဲ့ စစ်တပ်ကြောင့် စီးပွါးရေးဖက်စပ်ပူးတွဲလုပ်ကိုင်မှုကို အဆုံးသတ်လိုက်ပြီလို့ ဒီကနေ့မှာပဲ တရားဝင်ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ မြန်မာဘီယာ အပါအဝင် ဘီယာနဲ့အဖျော်ယမကာတွေ ထုတ်လုပ်တဲ့ လုပ်ငန်းမှန်သမျှကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီး မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ လက်ရှိမှာတော့ ပူးတွဲလုပ်ကိုင်မှုရပ်စဲရေးအတွက် အရေးပေါ်လုပ်ဆောင်စရာရှိတာတွေ လုပ်သွားရမှာဖြစ်တယ်လို့ ကီရင်ကုမ္ပဏီရဲ့ ကြေညာချက်က ဆိုပါတယ်။
ကီရင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွါးရေးဦးပိုင်တို့ ဖက်စပ်လုပ်ကိုင်နေတဲ့ Myanmar Brewery နဲ့ Mandalay Brewery လုပ်ငန်းနှစ်မျိုးကနေ အပြီးတိုင်လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဟာ လက်ရှိအာဏာသိမ်းစစ်တပ်ကပိုင်ဆိုင်တဲ့လုပ်ငန်းကြောင့်ဖြစ်ပြီး ရခိုင်ပြည်နယ်က ဂျီနိုဆိုက်အမှုတွေကျူးလွန်ခဲ့တဲ့အဖွဲ့ကို ငွေကြေးတွေထောက်ပံ့မှုတွေလုပ်ခဲ့တယ်ဆိုတာကြောင့် ကီရင်ကုမ္ပဏီက ဦးပိုင်ကို စာရင်းစစ်ရာက ငြင်းဆန်ခဲ့လို့ အမြတ်ငွေခွဲဝေမှု ရပ်ဆိုင်းထားတာလည်း တစ်နှစ်ကျော်လောက် ရှိနေပါတယ်။
မူရင်း: Kamayut Media