ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ျမန္မာ့တပ္မေတာ္က နိုင္ငံေတာ္အာဏာသိမ္းလိုက္တဲ့အခ်ိန္ကစလို႔ အလႊာအသီးသီးမွျပည္သူအမ်ား ကန႔္ကြက္ေၾကာင္း ဆႏၵထုတ္ေဖာ္ေနၾကပါတယ္။ စီဗယ္ဒစ္အိုဘီဒီးရန႔္လို လႈပ္ရွားမႈမ်ိဳး၊ တပ္ပိုင္လုပ္ငန္းမ်ားနဲ႔ ပတ္သက္ ဆက္ႏြယ္တဲ့ လုပ္ငန္းေတြကို အားမေပးေတာ့တာမ်ိဳး က်င့္သုံးေနၾကပါတယ္။ အခုအခါမွာေတာ့ တပ္မေတာ္ပိုင္တဲ့ ျမန္မာဘီယာကို မေရာင္းခ်ေတာ့ေၾကာင္း အသိေပးလာတဲ့ ျပည္သူေတြဘဲျဖစ္ပါတယ္။
ျမန္မာဘီယာက တာဝန္ရွိသူေတြ ဆိုင္မွာယခုလက္ရွိ ေရာင္းခ်ေနတဲ့ ျမန္မာ ပရီမီယမ္ စည္ဘီယာစက္ေတြကို လာေရာက္သိမ္းယူလို႔ရပါၿပီ…ဆက္လက္ ေရာင္းခ်ျခင္း မျပဳေတာ့ေၾကာင္း အသိေပးအပ္ပါသည္။ မွတ္ခ်က္….ျမန္မာပရီမီယမ္ စည္ဘီယာ (၃၆)စည္ဘိုး သြင္းထားတာကိုေတာ့ ဆိုင္သို႔ျပန္လည္ ေပးသြင္းေပးရပါမည္ ဆိုၿပီး စားေသာက္ဆိုင္တစ္ခုရဲ့ fb စာမ်က္ႏွာမွာ တင္ထားပါတယ္။
ေနာက္ထပ္ Bar တခုကေတာ့ ကာစတန္မာမ်ားေကၽြးတဲ့ ထမင္းစားေနတဲ့က်မ…အဆိပ္ပင္ကို ေရမေလာင္းေတာ့ပါ၊ ယေန႔မွစ၍ ျမန္မာဘီယာကို လုံးဝ လုံးဝ ေရာင္းခ်ေတာ့မည္မဟုတ္ဆိုၿပီး လူမႈကြန္ရက္မွာ တင္ထားေၾကာင္းပါ။
ျမန္မာနိုင္ငံသူနိုင္ငံသားမ်ား ေဘးဘယာေဝးကြာလို႔ ေအးခ်မ္းၾကပါေစေၾကာင္း ဆုေတာင္းေပးလိုက္ရပါတယ္။
Unicode
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ အလွှာအသီးသီးမှပြည်သူအများ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေကြပါတယ်။ စီဗယ်ဒစ်အိုဘီဒီးရန့်လို လှုပ်ရှားမှုမျိုး၊ တပ်ပိုင်လုပ်ငန်းများနဲ့ ပတ်သက် ဆက်နွယ်တဲ့ လုပ်ငန်းတွေကို အားမပေးတော့တာမျိုး ကျင့်သုံးနေကြပါတယ်။ အခုအခါမှာတော့ တပ်မတော်ပိုင်တဲ့ မြန်မာဘီယာကို မရောင်းချတော့ကြောင်း အသိပေးလာတဲ့ ပြည်သူတွေဘဲဖြစ်ပါတယ်။
မြန်မာဘီယာက တာဝန်ရှိသူတွေ ဆိုင်မှာယခုလက်ရှိ ရောင်းချနေတဲ့ မြန်မာ ပရီမီယမ် စည်ဘီယာစက်တွေကို လာရောက်သိမ်းယူလို့ရပါပြီ…ဆက်လက် ရောင်းချခြင်း မပြုတော့ကြောင်း အသိပေးအပ်ပါသည်။ မှတ်ချက်….မြန်မာပရီမီယမ် စည်ဘီယာ (၃၆)စည်ဘိုး သွင်းထားတာကိုတော့ ဆိုင်သို့ပြန်လည် ပေးသွင်းပေးရပါမည် ဆိုပြီး စားသောက်ဆိုင်တစ်ခုရဲ့ fb စာမျက်နှာမှာ တင်ထားပါတယ်။
နောက်ထပ် Bar တခုကတော့ ကာစတန်မာများကျွေးတဲ့ ထမင်းစားနေတဲ့ကျမ…အဆိပ်ပင်ကို ရေမလောင်းတော့ပါ၊ ယနေ့မှစ၍ မြန်မာဘီယာကို လုံးဝ လုံးဝ ရောင်းချတော့မည်မဟုတ်ဆိုပြီး လူမှုကွန်ရက်မှာ တင်ထားကြောင်းပါ။
မြန်မာနိုင်ငံသူနိုင်ငံသားများ ဘေးဘယာဝေးကွာလို့ အေးချမ်းကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။