အေမရိကန္ ေလယာဥ္တင္သေဘၤာစု USS နစ္မစ္ဇ္ (CVN 68) ဟာ အေမရိကန္ရဲ့ တပ္မဟာ ၇ စစ္ဆင္ေရး က်င္လည္ရာ နယ္ေျမနဲ႔ အိႏၵိယသမုဒၵရာ ေရျပင္ကို ျဖတ္သန္း ဝင္ေရာက္လာၿပီလို႔ အေမရိကန္စစ္တပ္ ပစိဖိတ္စစ္တိုင္းရဲ့ တရားဝင္ Fb စာမ်က္ႏွာမွာ ေဖာ္ျပပါတယ္။
အခုလို ဝင္ေရာက္လာတာဟာ ပင္လယ္ျပင္လုံျခဳံေရးေဘးကင္းမႈဆိုင္ရာ စစ္ဆင္ေရး ေလ့က်င့္ဖို႔နဲ႔ လုံျခဳံေရး ပူးေပါင္းေဆာင္ရြက္ အားထုတ္မႈေတြကို ေထာက္ပံ့ဖို႔ နစ္မစ္ဇ္ ေလယာဥ္တင္သေဘၤာရဲ့ တိုက္ခိုက္ေရး အုပ္စုကို တပ္ခ်ထားတာလို႔ ဆိုပါတယ္။
ေလယာဥ္တင္သေဘၤာ ပါဝင္တဲ့ တိုက္ခိုက္ေရး ေရယာဥ္စုျဖစ္တဲ့ USS နစ္မ္ဇ္အား ပင္လယ္ေကြ႕ေဒသမွာ တပ္ခ်ထားခဲ့ေပမဲ့ အင္ဒိုပစိဖိတ္ေဒသကို ေရႊ႕ေျပာင္းမယ္လို႔ ပင္တဂြန္ စစ္ဌာနခ်ဳပ္ ေျပာခြင့္ရက ေျပာခဲ့တာပါ။ ဒါေပမယ့္ အီရန္စစ္တပ္ရဲ့ ၿခိမ္းေျခာက္မႈကို ေဆြးေႏြးေျပာဆိုခဲ့ဖို႔ကိုေတာ့ ယဥ္ယဥ္ေက်းေက်း ျငင္းခဲ့ပါတယ္။
crd- DVB သတင္း
Unicode
အမေရိကန် လေယာဉ်တင်သင်္ဘောစု USS နစ်မစ်ဇ် (CVN 68) ဟာ အမေရိကန်ရဲ့ တပ်မဟာ ၇ စစ်ဆင်ရေး ကျင်လည်ရာ နယ်မြေနဲ့ အိန္ဒိယသမုဒ္ဒရာ ရေပြင်ကို ဖြတ်သန်း ဝင်ရောက်လာပြီလို့ အမေရိကန်စစ်တပ် ပစိဖိတ်စစ်တိုင်းရဲ့ တရားဝင် Fb စာမျက်နှာမှာ ဖော်ပြပါတယ်။
အခုလို ဝင်ရောက်လာတာဟာ ပင်လယ်ပြင်လုံခြုံရေးဘေးကင်းမှုဆိုင်ရာ စစ်ဆင်ရေး လေ့ကျင့်ဖို့နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက် အားထုတ်မှုတွေကို ထောက်ပံ့ဖို့ နစ်မစ်ဇ် လေယာဉ်တင်သင်္ဘောရဲ့ တိုက်ခိုက်ရေး အုပ်စုကို တပ်ချထားတာလို့ ဆိုပါတယ်။
လေယာဉ်တင်သင်္ဘော ပါဝင်တဲ့ တိုက်ခိုက်ရေး ရေယာဉ်စုဖြစ်တဲ့ USS နစ်မ်ဇ်အား ပင်လယ်ကွေ့ဒေသမှာ တပ်ချထားခဲ့ပေမဲ့ အင်ဒိုပစိဖိတ်ဒေသကို ရွှေ့ပြောင်းမယ်လို့ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရက ပြောခဲ့တာပါ။ ဒါပေမယ့် အီရန်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုကို ဆွေးနွေးပြောဆိုခဲ့ဖို့ကိုတော့ ယဉ်ယဉ်ကျေးကျေး ငြင်းခဲ့ပါတယ်။
crd- DVB သတင်း