ျပည္တြင္းအခြန္ဝန္ထမ္းမ်ား CDM တြင္ပါဝင္ေၾကာင္း အတည္ျပဳ
စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီး ေအာက္ရွိ ျပည္တြင္းအခြန္ဦးစီးဌာနမွ ဝန္ထမ္းမ်ားက CDM တြင္ ပါဝင္ေၾကာင္း အတည္ျပဳ ယမန္ေန႔ ေဖေဖာ္ဝါရီ ၈ တြင္ ေၾကညာခ်က္ထုတ္ျပန္ထားသည္
စစ္အာဏာသိမ္းမႈကို လုံးဝ လုံးဝ ဆန႔္က်င္ကန႔္ကြက္ေၾကာင္းႏွင့္ ဒီမိုကေရစီနည္းလမ္းတက် ျပည္သူ႔ ဆႏၵျဖင့္ ပြင့္လင္းျမင္သာစြာ ေရြးေကာက္တင္ေျမႇာက္ထားေသာ ျပည္သူ႔အစိုးရ၏ စီမံခန႔္ခြဲမႈေအာက္ တြင္သာ ျပည္သူ႔ဝန္ထမ္းပီသစြာ တာဝန္ထမ္းေဆာင္လိုေၾကာင္း CDM တြင္ပါဝင္ေသာ ျပည္တြင္းအခြန္ဦးစီးဌာန ဝန္ထမ္းမ်ား၏ ေၾကညာခ်က္က ဆိုသည္
စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္၍ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနေသာ အျခားျပည္သူ႔ဝန္ထမ္းမ်ား နည္းတူ CDM လႈပ္ရွားမႈ ေအာင္ျမင္သည္အထိ ဆက္လက္ပူးေပါင္း ပါဝင္ေဆာင္ရြက္သြားမည္ ျဖစ္ၿပီး မည္သူတစ္ဦးတစ္ေယာက္၏ ေသြးထိုးလႈံေဆာ္ျခင္းေၾကာင့္ မဟုတ္ဘဲ မိမိတို႔၏ သေဘာဆႏၵအ ေလ်ာက္ ပူးေပါင္းပါဝင္ျခင္းျဖစ္သည္ဟုလည္း ဆိုသည္
မဲမသမာမႈေၾကာင့္ အာဏာသိမ္းရပါသည္ ဆိုေသာ အေၾကာင္းျပခ်က္ကို လုံးဝလက္မခံနိုင္ေၾကာင္း ယခင္က ေရြးေကာက္ပြဲေကာ္မရွင္႐ုံးတြင္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး လက္ရွိတြင္ ျပည္တြင္းအခြန္ဦးစီး ဌာနတြင္ တာဝန္ထမ္းေဆာင္ေနသူ ဝန္ထမ္းတစ္ဦးက ၎၏ Facebook စာမ်က္ႏွာတြင္ ေရးတင္ထားသည္
crd- Myanmar Now
Unicode
ပြည်တွင်းအခွန်ဝန်ထမ်းများ CDM တွင်ပါဝင်ကြောင်း အတည်ပြု
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး အောက်ရှိ ပြည်တွင်းအခွန်ဦးစီးဌာနမှ ဝန်ထမ်းများက CDM တွင် ပါဝင်ကြောင်း အတည်ပြု ယမန်နေ့ ဖေဖော်ဝါရီ ၈ တွင် ကြေညာချက်ထုတ်ပြန်ထားသည်
စစ်အာဏာသိမ်းမှုကို လုံးဝ လုံးဝ ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူ့ ဆန္ဒဖြင့် ပွင့်လင်းမြင်သာစွာ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရ၏ စီမံခန့်ခွဲမှုအောက် တွင်သာ ပြည်သူ့ဝန်ထမ်းပီသစွာ တာဝန်ထမ်းဆောင်လိုကြောင်း CDM တွင်ပါဝင်သော ပြည်တွင်းအခွန်ဦးစီးဌာန ဝန်ထမ်းများ၏ ကြေညာချက်က ဆိုသည်
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော အခြားပြည်သူ့ဝန်ထမ်းများ နည်းတူ CDM လှုပ်ရှားမှု အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်၏ သွေးထိုးလှုံဆော်ခြင်းကြောင့် မဟုတ်ဘဲ မိမိတို့၏ သဘောဆန္ဒအ လျောက် ပူးပေါင်းပါဝင်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်
မဲမသမာမှုကြောင့် အာဏာသိမ်းရပါသည် ဆိုသော အကြောင်းပြချက်ကို လုံးဝလက်မခံနိုင်ကြောင်း ယခင်က ရွေးကောက်ပွဲကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပြည်တွင်းအခွန်ဦးစီး ဌာနတွင် တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ရေးတင်ထားသည်
crd- Myanmar Now