Unicode
လေးဖက်နာကို ဆေးရုံဆေးခန်းသွားစရာမလိုတဲ့ အလွယ်ကူဆုံးဆေးနည်း
ဆေးနည်း ၁ – တရုတ်စကားပွင့်ကို နေရိပ်တွင် အခြောက်လှမ်းထား၍ လေလုံအောင် သိမ်းထားကာ တစ်ခါသုပ်စာကို ပြုတ်၍ အခြားအသုပ်များသုပ်သလို မကြာခဏ သုပ်စားပါ။
ဆေးနည်း ၂ – မြင်းခွါရွက်ကို ရေစင်အောင်ဆေးကြောပြီး အရည်ညှစ်ယူကာ ၃ ဇွန်းခန့်ကို ပျားရည်တစ်ဇွန်းဖြင့် ရောစပ်၍ တစ်နေ့ ၂ ကြိမ် သောက်ပါ
ဆေးနည်း ၃ – တောင်မရိုးပင်အခေါက်မှုန့် ၁ဝသား၊ မြင်းခွါ နွယ် အခြောက်မှုန့် ၁၀ သား၊ ပဲနံ့သာစေ့ ၅ ကျပ်သား၊ ဆင်တုံးမနွယ် ၅ ကျပ်သား၊ နံ့သာနီ ၃ ကျပ်သား၊ကရဝေးရွက် ၂ ကျပ်သား၊ စူဠာနဖာ ၂ ကပြွသား၊ ဆေးပုလဲ ၂ ကျပ်သား၊ မုတ်ခါးစစ်စစ် ၁ ကျပ်သား ဆေးအားလုံးကို ပရဆေးဆိုင်များတွင် မေးဝယ်နိုင်သည်။၎င်းဆေးများကို ရောကြိတ်ပြီး ဆေးမှုန့်ကို ပျားရည် ၂၅ ကျပ်သားဖြင့် နယ်ထား၍ လေလုံသည့် အဝကျယ်ပုလင်းတွင် ထည့်ထားကာ ဟင်းစားဇွန်း ၁ ဇွန်းခန့်ကို မနက်၊ ညတစ်နေ့ ၂ ကြိမ်၊ တစ်လခွဲ စားပါ။ လွယ်ကူသက်သာပြီး တကယ်ထိရောက်သည့် သဘာဝဆေးနည်းလေးဖြစ်ပါသည်
Crd –စောနွဲ့နေဆိုင် ပူတာအို