ဆရာအၾကည္ေတာ္ရဲ့ ဆရာခ်စ္နိုင္(စိတ္ပညာ)အား ေပးစာ

အစ္ကို ခ်စ္နိုင္ စိတ္ပညာ ခင္ဗ်ား က်ေနာ္တို႔ခရီးအတူထြက္ခဲ့ဖူးပါတယ္ ခ်စ္သုံးခ်စ္ အေန နဲ႔ ေငးၾကည့္ခဲ့ဖူးပါတယ္

လယ္တြင္းသားေစာခ်စ္ ခ်စ္ဦးညိဳ ခ်စ္နိုင္ စိတ္ပညာ ေပါ့၊ က်ေနာ့္ရဲ့ လမ္းႏွစ္သြယ္ ကဗ်ာကို အစ္ကိုႀကိဳက္ခဲ့ပါတယ္

အသက္ထက္ငယ္တဲ့ အစ္ကို႔ရဲ့ ႀကံ့ခိုင္မႈကို က်ေနာ္ႀကိဳက္ပါတယ္ အစ္ကို ခင္ဗ်ား အစ္ကိုက စစ္သား ဘဝကလာမွန္းလဲက်ေနာ္တို႔အားလုံးသိပါတယ္

ဒါေပမဲ့ စာေရးဆရာအျဖစ္ပဲ က်ေနာ္တို႔သတ္မွတ္ၿပီးေပါင္းသင္းခဲ့ပါတယ္ က်ေနာ္တို႔ ခရီးအားလုံး ရည္ရြယ္ခ်က္ တူတယ္လို႔ပဲ ျမင္မိပါတယ္

ကေလးမ်ားအားလုံး ၿငိမ္းခ်မ္းေရး စာတတ္ေျမာက္ေရး တိုးတက္ေရးကိုသာ က်ေနာ္တို႔ သေဘာထား ညီညီ လႈံ႔ေဆာ္ခဲ့ ၾကပါတယ္ သေဘာထား မတိုက္ဆိုင္ရင္ေတာင္ ငါ့ညီ ငါတို႔အေတြးက ဒီလိုကြ ဆိုတာမ်ိဳး ၾကားေယာင္မိပါတယ္

အစ္ကိုခင္ဗ်ား က်ေနာ္ အစ္ကို႔ကို အမွန္တရားခ်စ္ျမတ္နိုးသူ အစစ္ အျဖစ္သာ ျမင္ေယာင္ခ်င္မိပါတယ္ အစ္ကို႔ကို စာေရးဆရာအျဖစ္သာျမင္ေယာင္ခ်င္ပါတယ္

အမွန္တရားသာ ကိုးကြယ္ရာပါ အျမဲတမ္းလဲခ်စ္ျမတ္နိုးခဲ့ပါတယ္ ဒါကိုလဲ က်ေနာ္ ဘယ္ေတာ့ မွ စိတ္မျဖတ္ပါဘူး ဒီစာကို အစ္ကိုျမင္မွာပါ အမွန္တရားကိုခ်စ္ျမတ္နိုးပါ အစ္ကို႔ေခါင္းစဥ္အတိုင္း ခ်စ္လို႔ေျပာတယ္မွတ္ပါ

အစ္ကို႔ရဲ့ညီ .ေမာင္ၾကည္

Unicode

အစ်ကို ချစ်နိုင် စိတ်ပညာ ခင်ဗျား ကျနော်တို့ခရီးအတူထွက်ခဲ့ဖူးပါတယ် ချစ်သုံးချစ် အနေ နဲ့ ငေးကြည့်ခဲ့ဖူးပါတယ်

လယ်တွင်းသားစောချစ် ချစ်ဦးညို ချစ်နိုင် စိတ်ပညာ ပေါ့၊ ကျနော့်ရဲ့ လမ်းနှစ်သွယ် ကဗျာကို အစ်ကိုကြိုက်ခဲ့ပါတယ်

အသက်ထက်ငယ်တဲ့ အစ်ကို့ရဲ့ ကြံ့ခိုင်မှုကို ကျနော်ကြိုက်ပါတယ် အစ်ကို ခင်ဗျား အစ်ကိုက စစ်သား ဘဝကလာမှန်းလဲကျနော်တို့အားလုံးသိပါတယ်

ဒါပေမဲ့ စာရေးဆရာအဖြစ်ပဲ ကျနော်တို့သတ်မှတ်ပြီးပေါင်းသင်းခဲ့ပါတယ် ကျနော်တို့ ခရီးအားလုံး ရည်ရွယ်ချက် တူတယ်လို့ပဲ မြင်မိပါတယ်

ကလေးများအားလုံး ငြိမ်းချမ်းရေး စာတတ်မြောက်ရေး တိုးတက်ရေးကိုသာ ကျနော်တို့ သဘောထား ညီညီ လှုံ့ဆော်ခဲ့ ကြပါတယ် သဘောထား မတိုက်ဆိုင်ရင်တောင် ငါ့ညီ ငါတို့အတွေးက ဒီလိုကွ ဆိုတာမျိုး ကြားယောင်မိပါတယ်

အစ်ကိုခင်ဗျား ကျနော် အစ်ကို့ကို အမှန်တရားချစ်မြတ်နိုးသူ အစစ် အဖြစ်သာ မြင်ယောင်ချင်မိပါတယ် အစ်ကို့ကို စာရေးဆရာအဖြစ်သာမြင်ယောင်ချင်ပါတယ်

အမှန်တရားသာ ကိုးကွယ်ရာပါ အမြဲတမ်းလဲချစ်မြတ်နိုးခဲ့ပါတယ် ဒါကိုလဲ ကျနော် ဘယ်တော့ မှ စိတ်မဖြတ်ပါဘူး ဒီစာကို အစ်ကိုမြင်မှာပါ အမှန်တရားကိုချစ်မြတ်နိုးပါ အစ်ကို့ခေါင်းစဉ်အတိုင်း ချစ်လို့ပြောတယ်မှတ်ပါ

အစ်ကို့ရဲ့ညီ မောင်ကြည်