လက္ဆစ္ေတြ ခဏခဏခ်ိဳးေနမိရင္ ၾကည့္ထားပါ

ဒီ​ေန႔မွာ​ေတာ့ လက္​ဆစ္​ ​ေျခဆစ္​​ေတြခ်ိဳးတာနဲ႔ပတ္​သတ္​တဲ့ က်န္းမာ​ေရးဗဟုသုတ​ေလး​ေတြကို ပရိသတ္​ႀကီးကို​ေဝမၽွ​ေပးခ်င္​ပါတယ္​။ ေန႔စဥ္​ဘဝမွာ စာအ​ေရးမ်ားသူ​ေတြပဲျဖစ္​ျဖစ္​ ကြန္​ပ်ဴတာအသုံးမ်ားသူ​ေတြပဲျဖစ္​ျဖစ္​ လက္​​ေညာင္းလာတဲ့အခါ လက္​ဆစ္​ခ်ိဳးတတ္​ၾကပါတယ္​။ တခ်ိဳ႕ကလည္း လက္​ဆစ္​ခ်ိဳးရာကထြက္​တဲ့အသံကိုသ​ေဘာက်လို႔ သတိရတိုင္း ခ်ိဳးၾကသူ​ေတြလည္းရွိပါတယ္​

လူႀကီးသူမ​ေတြက​ေတာ့ လက္​ဆစ္​အျမဲခ်ိဳးရင္​ အဆစ္​​ေယာင္​တတ္​တယ္​လို႔ဆိုၾကပါတယ္​။ ဒါ့​ေၾကာင့္ လက္​ဆစ္​​ေျခဆစ္​​ေတြအျမဲခ်ိဳး​ေနရင္​ ဘယ္​​လို​ေတြျဖစ္​လာမလဲ ဘယ္​လိုဆိုးက်ိဳး​ေတြရွိနိုင္​လဲဆိုတာကိုသိခ်င္​​ေနၾကတဲ့ပရိသတ္​ႀကီးအတြက္​ တင္​ဆက္​​ေပးလိုက္​ပါတယ္​။ အရင္​ဆုံးလက္​ဆစ္​ခ်ိဳးတဲ့အခါမွာ လက္​​ေခ်ာင္း​ေတြတကယ္​က်ိဳးတာမဟုတ္​ဘဲ ဘာ​ေၾကာင့္အသံထြက္​လာရတာလဲဆိုတာ​ေလးကို ရွင္းျပ​ေပးခ်င္​ပါတယ္​။ ကၽြန္​​ေတာ္​တို႔ရဲ့ အဆစ္​အျမစ္​​ေတြၾကားမွာ လႈပ္​ရွားမႈ​ေျပျပစ္​​ေစဖို႔ ဆိုင္​နိုဗီးယားဆိုတဲ့အရည္​ပ်စ္​ပ်စ္​​ေတြရွိပါတယ္​

ဆိုင္​နိုဗီးယားအရည္​​ေတြၾကားက နိုင္​ႀတိဳဂ်င္​​ေလအိတ္​​ေလး​ေတြရဲ့ ​ေပါက္​ကြဲမႈ​ေၾကာင့္ လက္​ဆစ္​ခ်ိဳးတဲ့အခါ အသံထြက္​လာျခင္းျဖစ္​တယ္​လို႔ အရိုးႏွင့္ႂကြက္​သား​ေရာဂါဆိုင္​ရာ အထူးကုဆရာဝန္​ႀကီး Dr. Robert Klapper က ဆိုထားပါတယ္​။ စက္​​ေတြ ​ေမာ္​တာ​ေတြ ကားအင္​ဂ်င္​​ေတြမွာ​ေခ်ာဆီထည့္​ေပးရသလို သင့္ခႏၶာကိုယ္​လႈပ္​ရွားရာမွာ ​ေခ်ာ​ေမြ႕ဖို႔အတြက္​ အရိုးအဆစ္​​ေတြၾကားမွာလည္း ဆိုင္​နိုဗီးယားအရည္​​ေတြလိုအပ္​ပါတယ္​။ မဟုတ္​ရင္​ အရိုးႏု​ေတြၾကာရွည္​ခံဖို႔အတြက္​ စိုးရိမ္​ရတယ္​လို႔ သိရပါတယ္​

လက္​ဆစ္​​ေျခဆစ္​​ေတြခ်ိဳးလိုက္​တဲ့အခါမွာ ဆိုင္​နိုးဗီးယားအရည္​ထဲက နိုက္​ႀတိဳဂ်င္​​ေလအိတ္​​ေလး​ေတြ ျပန္​လည္​ျဖစ္​တည္​လာဖို႔ ​ေနာက္​ထပ္​မိနစ္​ ၂၀​ေစာင့္ရပါတယ္​။ သူတို႔ျပန္​လည္​တည္​​ေဆာက္​​ေနတဲ့ ကာလအတြင္း သင့္ရဲ့လႈပ္​ရွားမႈ​ေတြက​ေတာ့ အနည္းငယ္​တင္းက်ပ္​သလိုခံစား​ေနရမွာပဲျဖစ္​ပါတယ္​။ ဒါ့​ေၾကာင့္ လက္​ဆစ္​​ေျခဆစ္​​ေတြခ်ိဳးၿပီးၿပီဆိုရင္​ တစ္​ခုခုကိုတင္းတင္းက်ပ္​က်ပ္​ဆုပ္​ကိုင္​ၿပီး လုပ္​ကိုင္​ရမယ့္အရာ​ေတြကို မိနစ္​၂၀​ေလာက္​​ေတာ့ ​ေနာက္​ဆုတ္​ထားဖို႔လိုပါမယ္​

တစ္​ခ်ိဳ႕က​ေတာ့ ဒီလိုလက္​ဆစ္​ခ်ိဳးလိုက္​မွ ​ေနသာထိုင္​သာရွိတယ္​လို႔ဆိုၾကပါတယ္​။ အမွန္​​ေတာ့ဒါဟာ စိတ္​ပိုင္းဆိုင္​ရာ ​ေျဖ​ေလ်ာ့ခ်က္​သက္​သက္​ပါလို႔ Dr. Klapper ကဆိုထားပါတယ္​။ လက္​ဆစ္​​ေျခဆစ္​ခ်ိဳး​ေနတာ အက်င့္​ပါ​ေနၿပီဆိုသူ​ေတြအတြက္​ ဒီလိုပုံမွန္​ခ်ိဳး​ေနရင္​ အဆစ္​​ေယာင္​ျခင္းကို ျဖစ္​​ေစနိုင္​လားဆိုတဲ့​ေမးခြန္း​ေလးကိုလည္း Dr. Klapper ကအခုလိုပဲ ​ေျဖဆိုထား​ေပးပါတယ္​

လက္​ဆစ္​​ေျခ​ဆစ္​ခ်ိဳးတာ​​ေၾကာင့္​ေတာ့ အဆစ္​​ေယာင္​ျခင္း မျဖစ္​နိုင္​ပါဘူး။ ဒါ​ေပမဲ့ လက္​ဆစ္​​ေျခဆစ္​ခ်ိဳးလိုက္​တဲ့အခါ မသက္​မသာျဖစ္​​ေနၿပီဆိုရင္​​ေတာ့ သင္​အဆစ္​လည္​​ေနတာျဖစ္​ျဖစ္​ အဆစ္​ဖိမိတာပဲျဖစ္​ျဖစ္​ တစ္​ခုခုမွားယြင္း​ေနလို႔ျဖစ္​မယ္​လို႔ ဆိုထားပါတယ္​။ အရိုးအဆစ္​​ေတြထိခိုက္​ထားလို႔ အဆစ္​အျမစ္​​ေယာင္​ယမ္း​ေနမယ္​ဆိုရင္​​ေတာ့ နာက်င္​ျခင္း ​​အႀကိတ္​ထြက္​သလို ​ေဖာင္း​ေနျခင္း စတဲ့ ​ေရွ႕​ေျပးလကၡဏာ​ေတြကို ခံစားရမွာျဖစ္​ပါတယ္​

ဒါ့​ေၾကာင့္​ သင့္လက္​ဆစ္​ခ်ိဳးတဲ့အခါ နာက်င္​ျခင္းမခံစားရဘူးဆိုရင္​ေတာ့ သင့္မွာ အဆစ္​အျမစ္​​ေယာင္​တဲ့​ေရာဂါ​ေဝဒနာမရွိပါဘူးလို႔ ဆိုပါတယ္​။ အဆုံးထိၾကည့္ရႈ​ေပးတဲ့အတြက္​ ​ေက်းဇူးတင္​ပါတယ္​

ေရႊေရာင္လမ္း Writer ; LLA

unicode

ဒီ​နေ့မှာ​တော့ လက်​ဆစ်​ ​ခြေဆစ်​​တွေချိုးတာနဲ့ပတ်​သတ်​တဲ့ ကျန်းမာ​ရေးဗဟုသုတ​လေး​တွေကို ပရိသတ်​ကြီးကို​ဝေမျှ​ပေးချင်​ပါတယ်​။ နေ့စဉ်​ဘဝမှာ စာအ​ရေးများသူ​တွေပဲဖြစ်​ဖြစ်​ ကွန်​ပျူတာအသုံးများသူ​တွေပဲဖြစ်​ဖြစ်​ လက်​​ညောင်းလာတဲ့အခါ လက်​ဆစ်​ချိုးတတ်​ကြပါတယ်​။ တချို့ကလည်း လက်​ဆစ်​ချိုးရာကထွက်​တဲ့အသံကိုသ​ဘောကျလို့ သတိရတိုင်း ချိုးကြသူ​တွေလည်းရှိပါတယ်​

လူကြီးသူမ​တွေက​တော့ လက်​ဆစ်​အမြဲချိုးရင်​ အဆစ်​​ယောင်​တတ်​တယ်​လို့ဆိုကြပါတယ်​။ ဒါ့​ကြောင့် လက်​ဆစ်​​ခြေဆစ်​​တွေအမြဲချိုး​နေရင်​ ဘယ်​​လို​တွေဖြစ်​လာမလဲ ဘယ်​လိုဆိုးကျိုး​တွေရှိနိုင်​လဲဆိုတာကိုသိချင်​​နေကြတဲ့ပရိသတ်​ကြီးအတွက်​ တင်​ဆက်​​ပေးလိုက်​ပါတယ်​။ အရင်​ဆုံးလက်​ဆစ်​ချိုးတဲ့အခါမှာ လက်​​ချောင်း​တွေတကယ်​ကျိုးတာမဟုတ်​ဘဲ ဘာ​ကြောင့်အသံထွက်​လာရတာလဲဆိုတာ​လေးကို ရှင်းပြ​ပေးချင်​ပါတယ်​။ ကျွန်​​တော်​တို့ရဲ့ အဆစ်​အမြစ်​​တွေကြားမှာ လှုပ်​ရှားမှု​ပြေပြစ်​​စေဖို့ ဆိုင်​နိုဗီးယားဆိုတဲ့အရည်​ပျစ်​ပျစ်​​တွေရှိပါတယ်​

ဆိုင်​နိုဗီးယားအရည်​​တွေကြားက နိုင်​တြိုဂျင်​​လေအိတ်​​လေး​တွေရဲ့ ​ပေါက်​ကွဲမှု​ကြောင့် လက်​ဆစ်​ချိုးတဲ့အခါ အသံထွက်​လာခြင်းဖြစ်​တယ်​လို့ အရိုးနှင့်ကြွက်​သား​ရောဂါဆိုင်​ရာ အထူးကုဆရာဝန်​ကြီး Dr. Robert Klapper က ဆိုထားပါတယ်​။ စက်​​တွေ ​မော်​တာ​တွေ ကားအင်​ဂျင်​​တွေမှာ​ချောဆီထည့်​ပေးရသလို သင့်ခန္ဓာကိုယ်​လှုပ်​ရှားရာမှာ ​ချော​မွေ့ဖို့အတွက်​ အရိုးအဆစ်​​တွေကြားမှာလည်း ဆိုင်​နိုဗီးယားအရည်​​တွေလိုအပ်​ပါတယ်​။ မဟုတ်​ရင်​ အရိုးနု​တွေကြာရှည်​ခံဖို့အတွက်​ စိုးရိမ်​ရတယ်​လို့ သိရပါတယ်​

လက်​ဆစ်​​ခြေဆစ်​​တွေချိုးလိုက်​တဲ့အခါမှာ ဆိုင်​နိုးဗီးယားအရည်​ထဲက နိုက်​တြိုဂျင်​​လေအိတ်​​လေး​တွေ ပြန်​လည်​ဖြစ်​တည်​လာဖို့ ​နောက်​ထပ်​မိနစ်​ ၂၀​စောင့်ရပါတယ်​။ သူတို့ပြန်​လည်​တည်​​ဆောက်​​နေတဲ့ ကာလအတွင်း သင့်ရဲ့လှုပ်​ရှားမှု​တွေက​တော့ အနည်းငယ်​တင်းကျပ်​သလိုခံစား​နေရမှာပဲဖြစ်​ပါတယ်​။ ဒါ့​ကြောင့် လက်​ဆစ်​​ခြေဆစ်​​တွေချိုးပြီးပြီဆိုရင်​ တစ်​ခုခုကိုတင်းတင်းကျပ်​ကျပ်​ဆုပ်​ကိုင်​ပြီး လုပ်​ကိုင်​ရမယ့်အရာ​တွေကို မိနစ်​၂၀​လောက်​​တော့ ​နောက်​ဆုတ်​ထားဖို့လိုပါမယ်​

တစ်​ချို့က​တော့ ဒီလိုလက်​ဆစ်​ချိုးလိုက်​မှ ​နေသာထိုင်​သာရှိတယ်​လို့ဆိုကြပါတယ်​။ အမှန်​​တော့ဒါဟာ စိတ်​ပိုင်းဆိုင်​ရာ ​ဖြေ​လျော့ချက်​သက်​သက်​ပါလို့ Dr. Klapper ကဆိုထားပါတယ်​။ လက်​ဆစ်​​ခြေဆစ်​ချိုး​နေတာ အကျင့်​ပါ​နေပြီဆိုသူ​တွေအတွက်​ ဒီလိုပုံမှန်​ချိုး​နေရင်​ အဆစ်​​ယောင်​ခြင်းကို ဖြစ်​​စေနိုင်​လားဆိုတဲ့​မေးခွန်း​လေးကိုလည်း Dr. Klapper ကအခုလိုပဲ ​ဖြေဆိုထား​ပေးပါတယ်​

လက်​ဆစ်​​ခြေ​ဆစ်​ချိုးတာ​​ကြောင့်​တော့ အဆစ်​​ယောင်​ခြင်း မဖြစ်​နိုင်​ပါဘူး။ ဒါ​ပေမဲ့ လက်​ဆစ်​​ခြေဆစ်​ချိုးလိုက်​တဲ့အခါ မသက်​မသာဖြစ်​​နေပြီဆိုရင်​​တော့ သင်​အဆစ်​လည်​​နေတာဖြစ်​ဖြစ်​ အဆစ်​ဖိမိတာပဲဖြစ်​ဖြစ်​ တစ်​ခုခုမှားယွင်း​နေလို့ဖြစ်​မယ်​လို့ ဆိုထားပါတယ်​။ အရိုးအဆစ်​​တွေထိခိုက်​ထားလို့ အဆစ်​အမြစ်​​ယောင်​ယမ်း​နေမယ်​ဆိုရင်​​တော့ နာကျင်​ခြင်း ​​အကြိတ်​ထွက်​သလို ​ဖောင်း​နေခြင်း စတဲ့ ​ရှေ့​ပြေးလက္ခဏာ​တွေကို ခံစားရမှာဖြစ်​ပါတယ်​ ဒါ့​ကြောင့်​ သင့်လက်​ဆစ်​ချိုးတဲ့အခါ နာကျင်​ခြင်းမခံစားရဘူးဆိုရင်​တော့ သင့်မှာ အဆစ်​အမြစ်​​ယောင်​တဲ့​ရောဂါ​ဝေဒနာမရှိပါဘူးလို့ ဆိုပါတယ်​။ အဆုံးထိကြည့်ရှု​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​

ရွှေရောင်လမ်း Writer ; LLA