ဖိလစ္ပိုင္နိုင္ငံကို ျပန္သြားရၿပီျဖစ္တဲ့ Sino Loresca

မဂၤလာပါ ပရိသတ္ႀကီးတို႔ေရ… ဒီကေန႔မွာေတာ့ ဖိလစ္ပိုင္ ကမၻာေက်ာ္ Cat Walk ေမာ္ဒယ္ စီႏြန္ ဟာ ျမန္မာျပည္ကို ႏႈတ္ဆက္ထြက္ခြာသြားခဲ့ရပါၿပီ …။ ဖိလစ္ပိုင္ နိုင္ငံသား တစ္ေယာက္ ျဖစ္ေပမယ့္ ျမန္မာနိုင္ငံမွာ ေမြးဖြားသူ တစ္ေယာက္လို ျမန္မာနိုင္ငံကို ခ်စ္ခင္ၿပီး ျမန္မာနိုင္ငံမွ လူမ်ိဳး ‌ေတြကို တကယ္ ခ်စ္ျမတ္နိုးတာ အားလုံးအသိပဲ ျဖစ္မွာပါ ။ စီႏြန္ဟာ ျမန္မာနိုင္ငံကို ခ်စ္ခင္ၿပီး ျမန္မာနိုင္ငံမွ အ‌ေျခခံ လူတန္းစားေတြ အဆင္မေၿပ ဆင္းရဲ ‌ခ်ိဳ႕တဲ့ သူေတြကို အျမဲ ကူညီ ေနတတ္သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ စီႏြန္ဟာ ျမန္မာနိုင္ငံကို တကယ့္ကို ခ်စ္ၿပီး အလႉအတန္း ေတြမွာလဲ တကယ့္ကို တက္ႂကြစြာ ပါဝင္ တဲ့ အႏုပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္ ။

ဆီႏြန္ကေတာ့ သူ႔နိုင္ငံျဖစ္တဲ့ ဖိလစ္ပိုင္နိုင္ငံကို ဒီေန႔ ေဖေဖာ္ဝါရီလ ၁၅ ရက္မွာ ျပန္သြားၿပီျဖစ္ပါ တယ္။ ျမန္မာပရိသတ္ေတြကိုလည္း ျပန္လည္ဆုံေတြ႕ၾကမယ္ေနာ္၊ အခုေတာ့ ႏႈတ္ဆက္ ခဲ့ပါတယ္။ Bye for now and see you again လို႔ သူရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန ႏႈတ္ဆက္စာေရးသား ထားတာျဖစ္ပါတယ္။

ပရိတ္သတ္ေတြကလည္း ဒီကာလႀကီးၿပီးဆုံးလို႔ ေအးခ်မ္းတဲ့ တေန႔ၾကရင္ ျပန္လည္ဆုံေတြ႕ၾကရေအာင္ဆိုၿပီး ဝမ္းနည္းစြာ ႏႈတ္ဆက္ေနၾကပါတယ္။ ဒုကၡေရာက္ေနသူေတြကို ကူညီလႉဒါန္းေနတဲ့ အျပဳံးခ်ိဳခ်ိဳနဲ႔ စီႏြန္ရဲ့ ပုံရိပ္ေတြကေတာ့ ျမန္မာပရိတ္သတ္ေတြၾကားမွာ အျမဲတမ္းအမွတ္ရေနမိၾကမွာပါ။

Unicode

မင်္ဂလာပါ ပရိသတ်ကြီးတို့ရေ… ဒီကနေ့မှာတော့ ဖိလစ်ပိုင် ကမ္ဘာကျော် Cat Walk မော်ဒယ် စီနွန် ဟာ မြန်မာပြည်ကို နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါပြီ …။ ဖိလစ်ပိုင် နိုင်ငံသား တစ်ယောက် ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ မွေးဖွားသူ တစ်ယောက်လို မြန်မာနိုင်ငံကို ချစ်ခင်ပြီး မြန်မာနိုင်ငံမှ လူမျိုး ‌တွေကို တကယ် ချစ်မြတ်နိုးတာ အားလုံးအသိပဲ ဖြစ်မှာပါ ။ စီနွန်ဟာ မြန်မာနိုင်ငံကို ချစ်ခင်ပြီး မြန်မာနိုင်ငံမှ အ‌ခြေခံ လူတန်းစားတွေ အဆင်မပြေ ဆင်းရဲ ‌ချို့တဲ့ သူတွေကို အမြဲ ကူညီ နေတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ စီနွန်ဟာ မြန်မာနိုင်ငံကို တကယ့်ကို ချစ်ပြီး အလှူအတန်း တွေမှာလဲ တကယ့်ကို တက်ကြွစွာ ပါဝင် တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ် ။

ဆီနွန်ကတော့ သူ့နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကို ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက်မှာ ပြန်သွားပြီဖြစ်ပါ တယ်။ မြန်မာပရိသတ်တွေကိုလည်း ပြန်လည်ဆုံတွေ့ကြမယ်နော်၊ အခုတော့ နှုတ်ဆက် ခဲ့ပါတယ်။ Bye for now and see you again လို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ နှုတ်ဆက်စာရေးသား ထားတာဖြစ်ပါတယ်။

ပရိတ်သတ်တွေကလည်း ဒီကာလကြီးပြီးဆုံးလို့ အေးချမ်းတဲ့ တနေ့ကြရင် ပြန်လည်ဆုံတွေ့ကြရအောင်ဆိုပြီး ဝမ်းနည်းစွာ နှုတ်ဆက်နေကြပါတယ်။ ဒုက္ခရောက်နေသူတွေကို ကူညီလှူဒါန်းနေတဲ့ အပြုံးချိုချိုနဲ့ စီနွန်ရဲ့ ပုံရိပ်တွေကတော့ မြန်မာပရိတ်သတ်တွေကြားမှာ အမြဲတမ်းအမှတ်ရနေမိကြမှာပါ။