CDM သူငယ္ခ်င္းဆရာဝန္နဲ႔အတူ ေဆးအကူအေနနဲ႔ လုပ္အားေပးရင္း လူနာေတြကို ေဆးဝါးဒါန အခမဲ့ျပဳလုပ္ေနတဲ့ အဆိုေတာ္ နီနီခင္ေဇာ္

အဆိုေတာ္နီနီခင္ေဇာ္ကေတာ့ CDM ေၾကာင့္ေဆး႐ုံမသြားဘဲ ကိုယ္ထူကိုယ္ထ ေဆးခန္းဖြင့္ၿပီး လူနာေတြကို အခမဲ့ကူညီေပးေနတဲ့ ေဆးခန္းမွာ ေဆးအကူအျဖစ္ ပါဝင္ကူညီေပးေနပါတယ္။ ဒါ့အျပင္သူက ေဆးအကူအေနနဲ႔ လုပ္အားေပးရင္း လူနာေတြကို ေဆးဝါးဒါန အခမဲ့ျပဳလုပ္ခဲ့ တယ္ဆိုတဲ့ အေၾကာင္းကိုလည္း ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔က လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရး သားထားပါတယ္

ယေန႔ ေျမာက္ဥကၠလာ ဆ ရပ္ကြက္ ကုသိုလ္ျဖစ္ အခမဲ့ သားဖြားေဆးခန္းေလးမွာ CDM ဆရာဝန္ေတြ ဖြားေပးလိုက္တဲ့ကေလးပါ။ နီနီ့ သူငယ္ခ်င္း ဆရာဝန္ CDM လုပ္ၿပီး ေနာက္ပိုင္း ကိုယ္ထူကိုယ္ထ ဖြင့္ေပးထားတာပါ။ အခက္အခဲေတြၾကားထဲ ေန႔တိုင္းဖြားေပးခဲ့တဲ့ CDM Doctors မ်ား Respect ပါ။အခုမွ သားဖြားေဆးခန္းေလး စလုပ္တာမို႔ အလႉေတြ လႉဒါန္းခ်င္လည္း လႉနိုင္ပါတယ္ရွင္။ ညေနဘက္မွာလည္း ေရႊေဆးခန္းမွာ ေဆးအကူအေနနဲ႔လုပ္အားေပးရင္း လူနာမ်ားအားလုံးကို ေဆးဝါး ဒါန အခမဲ့ ျပဳခဲ့ပါတယ္ လို႔လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသား ထားတာပါ

နီနီခင္ေဇာ္ဟာ Medical Practice မလုပ္တာ ၈ ႏွစ္ရွိသြားၿပီလို႔လည္း သိရပါတယ္။ ဒါေၾကာင့္လည္း CDM ေၾကာင့္ ေဆး႐ုံမသြားဘဲ လူနာေတြကို အခမဲ့ကူညီေပးေနတဲ့ ေဆးခန္းမွာပဲ ေဆးအကူ အျဖစ္ သာ ပါဝင္ကူညီေပးေနခဲ့တာပါ။ ဆက္လက္ၿပီးေတာ့လည္း CDM ေတြ တစ္နိုင္ငံလုံး အျမန္ဆုံးေအာင္ျမင္ရပါမယ္။မဟုတ္ရင္ နန္နာရတဲ့သူေတြဟာ ျပည္သူေတြသာ ျဖစ္လိမ့္မယ္လို႔ ေျပာထားသလို CDM လုပ္ေပးၾကတဲ့ သူ႔သူငယ္ခ်င္းဆရာဝန္ အပါအဝင္ CDM ကို Support ေပးၾကတဲ့ ဝန္ထမ္းမ်ား အားလုံးကို ေလးစားဦးညႊတ္ပါတယ္လို႔လည္း ေရးသားထားပါေသးတယ္ crd- သိမ့္, Pyi Myanmar

Unicode

အဆိုတော်နီနီခင်ဇော်ကတော့ CDM ကြောင့်ဆေးရုံမသွားဘဲ ကိုယ်ထူကိုယ်ထ ဆေးခန်းဖွင့်ပြီး လူနာတွေကို အခမဲ့ကူညီပေးနေတဲ့ ဆေးခန်းမှာ ဆေးအကူအဖြစ်ပါဝင်ကူညီပေးနေပါတယ်။ ဒါ့အပြင်သူက ဆေးအကူအနေနဲ့ လုပ်အားပေးရင်း လူနာတွေကို ဆေးဝါးဒါန အခမဲ့ပြုလုပ်ခဲ့ တယ်ဆိုတဲ့ အကြောင်းကိုလည်းဖေဖော်ဝါရီလ ၁၅ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ရေး သားထားပါတယ်

ယနေ့ မြောက်ဥက္ကလာ ဆ ရပ်ကွက် ကုသိုလ်ဖြစ် အခမဲ့ သားဖွားဆေးခန်းလေးမှာ CDM ဆရာဝန်တွေ ဖွားပေးလိုက်တဲ့ကလေးပါ။ နီနီ့ သူငယ်ချင်း ဆရာဝန် CDMလုပ်ပြီး နောက်ပိုင်း ကိုယ်ထူကိုယ်ထ ဖွင့်ပေးထားတာပါ။ အခက်အခဲတွေကြားထဲ နေ့တိုင်းဖွားပေးခဲ့တဲ့ CDM Doctors များ Respect ပါ။အခုမှ သားဖွားဆေးခန်းလေး စလုပ်တာမို့ အလှူတွေ လှူဒါန်းချင်လည်း လှူနိုင်ပါတယ်ရှင်။ ညနေဘက်မှာလည်း ရွှေဆေးခန်းမှာ ဆေးအကူအနေနဲ့လုပ်အားပေးရင်း လူနာများအားလုံးကို ဆေးဝါး ဒါန အခမဲ့ ပြုခဲ့ပါတယ် လို့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ထားတာပါ

နီနီခင်ဇော်ဟာ Medical Practice မလုပ်တာ ၈ နှစ်ရှိသွားပြီလို့လည်း သိရပါတယ်။ ဒါကြောင့်လည်း CDM ကြောင့် ဆေးရုံမသွားဘဲ လူနာတွေကို အခမဲ့ကူညီပေးနေတဲ့ ဆေးခန်းမှာပဲ ဆေးအကူ အဖြစ် သာ ပါဝင်ကူညီပေးနေခဲ့တာပါ။ ဆက်လက်ပြီးတော့လည်း CDM တွေ တစ်နိုင်ငံလုံး အမြန်ဆုံးအောင်မြင်ရပါမယ်။မဟုတ်ရင် နစ်နာရတဲ့သူတွေဟာ ပြည်သူတွေသာ ဖြစ်လိမ့်မယ်လို့ ပြောထားသလို CDM လုပ်ပေးကြတဲ့ သူ့သူငယ်ချင်းဆရာဝန် အပါအဝင် CDM ကို Support ပေးကြတဲ့ဝန်ထမ်းများ အားလုံးကို လေးစားဦးညွှတ်ပါတယ်လို့လည်း ရေးသားထားပါသေးတယ် crd- သိမ့်, Pyi Myanmar