Unicode
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင် မီဒီယာတွေနဲ့ တွေ့ဆုံဖို့ရှိတယ် မြန်မာအတွက် ကျနော့်အသံတွေ ဟိန်းနေစေရပါမယ် ဆိုတဲ့ Sinon Loresca။ မြန်မာ ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ ဖိလစ်ပိုင် ဂေးမော်ဒယ် Sinon Loresca ဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားခဲ့ပြီး ယနေ့၊ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီး သတင်းမီဒီယာ တခုနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်
ဒီနေ့ ကျနော် ဖိလစ်ပိုင်နိုင်ငံက အကြီးမားဆုံး သတင်းမီဒီယာ တခုနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာအတွက် ကျနော့်အသံတွေ ဟိန်းနေစေရပါမယ်။ ကျနော်Philippines ကို ပြန်ရောက်ပါပြီ။ မြန်မာပြည်သူ ပြည်သားတွေနဲ့ အတူ ဒီကနေ ရပ်တည်ပေးမှာပါ။ ကမ္ဘာတခုလုံး ကျနော့်အသံ ပြန့်သွားစေရပါမယ် လို့ Sinon က ပြောပါတယ်။မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူများဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုများပြုလုပ်နေကြသလို၊ ဖိလစ်ပိုင် မော်ဒယ် Sinon ကလည်း မြန်မာပြည်သူများနဲ့အတူ ရပ်တည်ကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်crd photo crd : Sinon Loresca Facebook