ပုဒ္မ ၅၀၅ ဆိုသည္မွာ…..

ပုဒ္မ ၅၀ ၅ က





ပုဒ်မ၅၀၅(ခ)



(က)…………………












crd: နန်းယု

Unicode

ပုဒျမ ၅၀ ၅ (က)

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ်တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်

လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တတရားကို မလေးစားခြင်းသော် လည်းကောင်း၊

ပျက်ကွက်ခြင်းသော် လည်း ကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်

တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြပေးထားသည်

ပုဒ်မ၅၀၅(ခ)

ရာဇ သတ်ကြီး ပုဒ်မ၅၀၅(ခ)၏ပြဋ္ဌာန်း ချက်တွင် ဤသို့တွေ့ကြရပါသည်

မည်သူမဆို ဖော်ပြချက်ကို ဖြစ်စေ၊ ကောလာဟလကိုဖြစ် စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင်၊ သို့တည်းမဟုတ် ထုတ်ပြန်ကြေ ညာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင်

(က)………………….

(ခ) နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေထိခိုက်သည့်ပြစ်မှုကို တစ် ဦးတစ်ယောက်သောသူအား ကျူးလွန်ချင်လာအောင် အများ ပြည်သူကိုသော်လည်းကောင်း

အများပြည်သူ၏သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက် ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ် စေရန်အကြံရှိလျှင် သို့တည်း မဟုတ်-ထိုသို့ဖြစ်စေတန်ရာ သည့်အကြောင်းရှိလျှင်

(ဂ)ထိုသူကို ၂ နှစ်ထိထောင်ဒဏ်တစ် မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရ မည်

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အရ ပြစ်မှုကို တရားစွဲဆို ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဆရာကြီးဦးသက်ဖေက ဤသို့ ဖော်ပြထားပါသေးသည်

ရဲအရေးမပိုင် (ရဲစခန်း၌ တိုင်ချက်လက်ခံရေးဖွင့်ခွင့်မရှိ၊ တရားရုံးသို့သာ ဦးတိုက်လျှောက် ထားရမည်ဟုဆိုလိုသည်)

ကနဦးကပင် ဝရမ်းထုတ် ပေးနိုင်သည် (ရာဇဝတ်ကျင့်ထုံး နောက်ဆက်တွဲဇယား-၂ ဖော် ပြချက်အရဖြစ်သည်

တရားသူ ကြီးက ခံဝန်ဝရမ်းဖြင့်ဖြစ်စေ၊ ခံ ဝန်မဲ့ဝရမ်းဖြင့်ဖြစ်စေ၊ သမ္မန်စာ ထုတ်ဆင့်၍ဖြစ်စေ တရားခံကို ဆင့်ဆိုနိုင်သည်)

ကျေအေးခွင့်မရှိ (အမှုပြေငြိမ်းလိုပါက ရုပ်သိမ်းခြင်းပြုနိုင်ပါသည်) မြို့နယ်တရားရုံးများစီရင် ပိုင်ခွင့်ရှိပါသည်

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အရစွဲဆိုမှုသည် အစိုးရက တရားလိုဖြစ်ပြီး ပြည်သူ၊ သို့မဟုတ် စာနယ်ဇင်းမီဒီယာများက စွပ်စွဲခံရသူဖြစ်လေ့ရှိပါသည်

ဤအမှုမျိုးတွင် အစိုးရက သာလျှင် တရားလိုပြုရမည်ဖြစ်သဖြင့် တရားရုံးသို့ဦးတိုက်လျှောက် ထားစွဲဆိုခြင်းမပြုမီသက်ဆိုင်ရာ အစိုးရအဖွဲ့အနေဖြင့် ဥပဒေအ ရာရှိ

(ရှေ့နေချုပ်/ဥပဒေချုပ်)ထံ ဥပဒေအကြံဉာဏ်တောင်းခံလေ့ ရှိပါသည်

crd: နန်းယု