NASA က ျမန္မာအင္ဂ်င္နီယာ ေဒၚမီမီေအာင္ ဦးေဆာင္ၿပီး တီထြင္ထားတဲ့ Ingenuity စူးစမ္းေရး ဟယ္လီေကာ္ပတာ ပါ စက္႐ုပ္ယာဥ္ Perseverance ဟာ အဂၤါၿဂိဳလ္ေပၚကို သတ္မွတ္ခ်ိန္ျဖစ္တဲ့ အေမရိကန္စံေတာ္ခ်ိန္ ၃ နာရီ ၅၅ မိနစ္မွာ အႏၲရာယ္ ကင္းကင္းနဲ႔ ဆင္းသက္နိုင္ၿပီျဖစ္ပါတယ္။ ဒါဟာ အေမရိကန္ အာကာသစူးစမ္းေရးအဖြဲ႕ နာဆာအတြက္ ေနာက္ထပ္ေအာင္ျမင္မႈ တခုျဖစ္ပါတယ္
အေမရိကန္ အာကာသစူးစမ္းေရးအဖြဲ႕ NASA အတြက္ ကမၻာမွ မိုင္သန္းေပါင္း ၁၂၆ သန္း ကြာေဝးေသာ အဂၤါၿဂိဳဟ္ေပၚသို႔ ဟယ္လီေကာ္ပတာပါစက္႐ုပ္ယာဥ္ေျခခ်နိုင္ျခင္းမွာ ေနာက္ထပ္ေအာင္ျမင္မႈအသစ္ တစ္ခုျဖစ္ပါတယ္။ Ingenuity စူးစမ္းေရး ဟယ္လီေကာ္ပတာပါ Perseverance စက္႐ုပ္ယာဥ္သည္ အဂၤါၿဂိဳဟ္ရွိ သက္ရွိသတၱဝါမ်ားအား ရွာေဖြစူးစမ္းမည့္ တာဝန္ျဖင့္ သြားေရာက္ျခင္းျဖစ္ကာ ကင္မရာမ်ား ေလဆာမ်ား စုံလင္စြာပါဝင္သည္။ အဂၤါၿဂိဳဟ္တြင္ရွိေသာေက်ာက္မ်ား အႂကြင္းအက်န္မ်ားကို ကမၻာၿဂိဳဟ္ေပၚသို႔ ျပန္လည္ သယ္ယူလာမည္ျဖစ္ၿပီး စူးစမ္းေလ့လာစမ္းသပ္မႈမ်ား ေအာင္ျမင္ပါက ေနာင္အနာဂတ္တြင္ ပို၍ႀကီးမားေသာ စက္႐ုပ္ယာဥ္မ်ားကို အဂၤါၿဂိဳဟ္သို႔ ပို႔လႊတ္နိုင္မည္ျဖစ္သည္။
1968 ခုႏွစ္တြင္ ေမြးဖြားခဲ့ေသာ ေဒၚမီမီေအာင္သည္ University of Illinois တြင္ Electrical Engineering ဘာသာရပ္ကို သင္ယူခဲ့ၿပီး NASA Jet Propulsion Laboratory JPL တြင္ 1990 မွစ၍ အာကာသစူးစမ္းေရး အလုပ္လုပ္ကိုင္ခဲ့ျခင္းျဖစ္သည္။ ယခုတြင္ ေဒၚမီမီေအာင္သည္ NASA ၏ အင္ဂ်င္နီယာအႀကီးအကဲမ်ားအနက္ တစ္ဦးျဖစ္ၿပီး Ingenuity စူးစမ္းေရး ဟယ္လီေကာ္ပတာကို ဦးေဆာင္တီထြင္ခဲ့ပါသည္ crd
Unicode
NASA က မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်ပြီး တီထွင်ထားတဲ့ Ingenuity စူးစမ်းရေး ဟယ်လီကော်ပတာ ပါ စက်ရုပ်ယာဉ် Perseverance ဟာအင်္ဂါဂြိုလ်ပေါ်ကို သတ်မှတ်ချိန်ဖြစ်တဲ့ အမေရိကန်စံတော်ချိန် ၃ နာရီ ၅၅ မိနစ်မှာ အန္တရာယ် ကင်းကင်းနဲ့ ဆင်းသက်နိုင်ပြီဖြစ်ပါတယ်။ ဒါဟာ အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့ နာဆာအတွက် နောက်ထပ်အောင်မြင်မှု တခုဖြစ်ပါတယ်
အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့ NASA အတွက် ကမ္ဘာမှ မိုင်သန်းပေါင်း ၁၂၆ သန်း ကွာဝေးသော အင်္ဂါဂြိုဟ်ပေါ်သို့ ဟယ်လီကော်ပတာပါစက်ရုပ်ယာဉ်ခြေချနိုင်ခြင်းမှာ နောက်ထပ်အောင်မြင်မှုအသစ် တစ်ခုဖြစ်ပါတယ်။ Ingenuity စူးစမ်းရေး ဟယ်လီကော်ပတာပါ Perseverance စက်ရုပ်ယာဉ်သည် အင်္ဂါဂြိုဟ်ရှိ သက်ရှိသတ္တဝါများအား ရှာဖွေစူးစမ်းမည့် တာဝန်ဖြင့် သွားရောက်ခြင်းဖြစ်ကာ ကင်မရာများ လေဆာများ စုံလင်စွာပါဝင်သည်။ အင်္ဂါဂြိုဟ်တွင်ရှိသောကျောက်များအကြွင်းအကျန်များကို ကမ္ဘာဂြိုဟ်ပေါ်သို့ ပြန်လည် သယ်ယူလာမည်ဖြစ်ပြီး စူးစမ်းလေ့လာစမ်းသပ်မှုများ အောင်မြင်ပါက နောင်အနာဂတ်တွင် ပို၍ကြီးမားသောစက်ရုပ်ယာဉ်များကို အင်္ဂါဂြိုဟ်သို့ ပို့လွှတ်နိုင်မည်ဖြစ်သည်
1968 ခုနှစ်တွင် မွေးဖွားခဲ့သော ဒေါ်မီမီအောင်သည် University of Illinois တွင် Electrical Engineering ဘာသာရပ်ကို သင်ယူခဲ့ပြီး NASA Jet Propulsion Laboratory JPL တွင် 1990 မှစ၍ အာကာသစူးစမ်းရေး အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် ဒေါ်မီမီအောင်သည် NASA ၏ အင်ဂျင်နီယာအကြီးအကဲများအနက် တစ်ဦးဖြစ်ပြီး Ingenuity စူးစမ်းရေး ဟယ်လီကော်ပတာကို ဦးဆောင်တီထွင်ခဲ့ပါသည်။ crd