နိုင်ငံခေါင်းဆောင်များ ပြန်လည်လွတ်မြောက်ရေးအတွက် လူထုလှုပ်ရှားမှုတွင်ပါဝင်ကာ ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရော့ကာ ကြီး ဇော်ဝင်းထွဋ်




Unicode

နိုင်ငံ့ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်ရေးအတွက် လူထုလှုပ်ရှားမှုမှာပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဇော်ဝင်းထွဋ်။ ဂီတလောကရဲ့ငွေကြယ်ပွင့် တစ်ပွင့်လို့ ဆိုရလောက်အောင် ထူးခြားတဲ့ အနုပညာ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး အသံကောင်းတဲ့ အပြင် တေးသီချင်းကောင်းကောင်းတွေ ကိုလည်း ဖန်တီးနိုင်စွမ်းရှိတဲ့ ဇော်ဝင်းထွဋ် ကိုတော့ လူကြီးလူငယ် ကျားမမရွေး နှစ်ခြိုက်အားပေးကြတာ ဖြစ်ပါတယ်

အမာခံပရိသတ်တွေ အများအပြား ပိုင်ဆိုင်ထားတဲ့ ဇော်ဝင်းထွဋ်က ယနေ့အချိန် အထိ နာမည်တစ်လုံးနဲ့ ရပ်တည်နေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူရဲ့သီချင်းတွေ ကလည်း ယနေ့ထိတိုင် ပရိသတ်တွေရဲ့ ရင်ထဲမှာ ထင်ကျန်နေဆဲပါပဲနော်။ လတ်တတော့ မှာတော့ ဇော်ဝင်းထွဋ်က ခုဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည် နေတာလည်းဖြစ်ပါတယ်။အခုလည်း ဖမ်းဆီးခံ ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်ရေး အတွက် လူထုလှုပ်ရှားမှုမှာပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် Crd: Cele Zone, Photo : Cele Gabar