ဂၽြန္လြင္ရဲ့ ေမာ္ဒယ္မ်ားကို CDM အားမေပးဖို႔ ေျပာတဲ့အသံဖိုင္ လူမႈကြန္ယက္ေပၚမွာပ်ံ႕ႏွံ့ေန

လူမႈကြန္ယက္မွာ ဂၽြန္လြင္ရဲ့အသံနဲ႔ ဖိုင္တစ္ခု ျပည္သူေတြၾကားမွာ ျပန႔္ႏွံလ်က္ရွိၿပီး အဆိုပါ အသံဖိုင္ႏွင့္ ပတ္သက္ၿပီး ဂၽြန္လြင္ကို ေဝဖန္မႈမ်ား ရွိေနတယ္လို႔သတင္းရရွိထားပါတယ္။ အဲ့ဒီ အသံဖိုင္ထဲမွာ CDM ကို အားေပးမယ္ဆိုရင္ ေမာ္ဒယ္ေတြအေနနဲ႔ ေသခ်ာ စဥ္းစားၿပီးမွ လုပ္သင့္ေၾကာင္းနဲ႔ CDM ကို အားေပးတာမ်ိဳးက စစ္ေကာင္စီမွ မလိုလားတာေၾကာင့္ မိသားစုေတြပါ ဒုကၡေရာက္နိုင္ေၾကာင္း သတိေပးထားတာ ျဖစ္ပါတယ္။ ဂၽြန္လြင့္ဆီကို သက္ဆိုင္ရာက ဖုန္းနဲ႔သတိေပးလာတဲ့အတြက္ သူကလဲ CDM နဲ႔ဆိုင္တဲ့ ပိုစ့္ေတြကို သူ႔အေကာင့္ကေန ဖ်က္လိုက္ၿပီလို႔လဲ ေျပာဆိုထားပါတယ္

ျပည္သူေတြရဲ့ ေဝဖန္မႈေတြေၾကာင့္ ဂၽြန္လြင္ရဲ့ ေဖ့ဘြတ္အေကာင့္ အခု Deactivate ျပဳလုပ္သြားတာကိုလဲ သိရွိရပါတယ္။ ဂၽြန္လြင္က တစ္ခ်ိန္က စစ္တပ္နဲ႔အရမ္းရင္းႏွီးတဲ့ Grand Royal အရက္ IBTC က ဦးေအာင္မိုးေက်ာ္ရဲ့ ညီအရင္းျဖစ္တယ္ လို႔လဲ အလြတ္တန္း သတင္းေထာက္ ျမတ္ေက်ာ္သူ Mratt Kyaw Thu က ေျပာထားပါတယ္

ယခုအခါ စစ္တပ္ဘက္မွ CDM တြင္ ပါဝင္လႈပ္ရွားေနတဲ့ နိုင္ငံ့ဝန္ထမ္းမ်ားေတြကိုေရာ အားေပးေနသူေတြကိုေရာ အရွိန္အဟုန္ျမႇင့္ၿပီး ဖမ္းဆီး ထိန္းသိမ္းေနတာကို ေတြ႕ေနရၿပီး ျပည္သူေတြဘက္မွလဲ CDM ကို တစ္စိုက္မတ္မတ္ တြန္းအားေပးၿပီး နိုင္ငံ့ဝန္ထမ္းေတြကလဲ CDM ကို ပိုၿပီး တိုးျမႇင့္လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္ crd: We မီဒီယာ

Unicode

လူမှုကွန်ယက်မှာ ဂျွန်လွင်ရဲ့အသံနဲ့ ဖိုင်တစ်ခု ပြည်သူတွေကြားမှာ ပြန့်နှံလျက်ရှိပြီး အဆိုပါ အသံဖိုင်နှင့် ပတ်သက်ပြီး ဂျွန်လွင်ကို ဝေဖန်မှုများ ရှိနေတယ်လို့သတင်းရရှိထားပါတယ်။ အဲ့ဒီ အသံဖိုင်ထဲမှာ CDM ကို အားပေးမယ်ဆိုရင် မော်ဒယ်တွေအနေနဲ့ သေချာ စဉ်းစားပြီးမှ လုပ်သင့်ကြောင်းနဲ့ CDM ကို အားပေးတာမျိုးက စစ်ကောင်စီမှ မလိုလားတာကြောင့် မိသားစုတွေပါ ဒုက္ခရောက်နိုင်ကြောင်း သတိပေးထားတာ ဖြစ်ပါတယ်။ ဂျွန်လွင့်ဆီကို သက်ဆိုင်ရာက ဖုန်းနဲ့သတိပေးလာတဲ့အတွက် သူကလဲ CDM နဲ့ဆိုင်တဲ့ ပိုစ့်တွေကို သူ့အကောင့်ကနေ ဖျက်လိုက်ပြီလို့လဲ ပြောဆိုထားပါတယ်

ပြည်သူတွေရဲ့ ဝေဖန်မှုတွေကြောင့် ဂျွန်လွင်ရဲ့ ဖေ့ဘွတ်အကောင့် အခု Deactivate ပြုလုပ်သွားတာကိုလဲ သိရှိရပါတယ်။ ဂျွန်လွင်က တစ်ချိန်က စစ်တပ်နဲ့အရမ်းရင်းနှီးတဲ့ Grand Royal အရက် IBTC က ဦးအောင်မိုးကျော်ရဲ့ ညီအရင်းဖြစ်တယ် လို့လဲ အလွတ်တန်း သတင်းထောက် မြတ်ကျော်သူ Mratt Kyaw Thu ကပြောထားပါတယ်

ယခုအခါ စစ်တပ်ဘက်မှ CDM တွင် ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံ့ဝန်ထမ်းများတွေကိုရော အားပေးနေသူတွေကိုရော အရှိန်အဟုန်မြှင့်ပြီး ဖမ်းဆီး ထိန်းသိမ်းနေတာကိုတွေ့နေရပြီး ပြည်သူတွေဘက်မှလဲ CDM ကို တစ်စိုက်မတ်မတ် တွန်းအားပေးပြီး နိုင်ငံ့ဝန်ထမ်းတွေကလဲ CDM ကို ပိုပြီး တိုးမြှင့်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ် crd: We မီဒီယာ