ပြည်သူတွေဘက်က ဝင်ပါချင်ပေမယ့် ဘယ်လိုနေနေအကောင်းပြောမခံရတဲ့ နေခြည်ဦးရဲ့ ခံစားချက်ကို ပရိတ်သတ်တွေသိအောင်ပြောပြလာတဲ့ Teddy

မြန်မာနိုင်ငံက ထူးထူးခြားခြား ကျောင်းသား အရွယ် Beauty Blogger Teddy ကို ပရိသတ်ကြီး တော်တော်များများသိပြီးသား ဖြစ်မှာပါ။ Teddy ကတော့ သူ့ရဲ့ Beauty Blogger လမ်းကြောင်းအစဟာ နေခြည်ဦးရဲ့ Vlog တွေကြည့်ရင်းနဲ့ စတင်ဖြစ်ပေါ် လာတယ်လို့ ပွင့်ပွင့်လင်းလင်းပြောထားပြီး နေခြည်ဦးကိုလည်း တော်တော်လေး လေးစားအားကျသူ တစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Teddy က လက်ရှိပြည်တွင်းအရေးမှာ ဝင်ပါချင်ပေမယ့် ဘာလုပ်လုပ်အကောင်းမြင်မခံရဘူးဆိုတဲ့ နေခြည်ဦးရဲ့ ခံစားချက်ကို နေခြည်ဦးတင်ထားတဲ့ပိုစ့်တစ်ခုအောက်မှာပြောပြလာတာကိုတွေ့ရပါတယ်

 

ဟိုတစ်နေ့ကအမနဲ့ စကားပြောဖြစ်တော့ အမကပြောတယ် သူလဲဝင်ပါချင်တာပေါ့တဲ့ ဒါပင်မဲ့သူဝင်ပါလဲ အကောင်းမှမမြင်ကြတာတဲ့  တစ်ချို့ ကကြတော့ post မတင်ပေးလို့ဆိုပြီးပြောကြတယ် post တင်ပေးတော့လဲ  နင်ငြိမ်ငြိမ်နေရင်ကောင်းသား ဆိုပြီးပြောကြတော့ အမလဲ လူ့အလိုနတ်မလိုက်နိုင်ဆိုသလို ဖြစ်နေတာပေါ့ခင်ဗျာ  ဥပမာစ်ခုပြောရမယ်ဆိုရင် ကိုယ်က အဖွဲ့တစ်ဖွဲ့ထဲကိုစိတ်ပါပါနဲ့ဝင်တယ်ဒါပင်မဲ့ ကိုယ့်ကိုအဲ့အဖွဲ့ကသူတွေက welcome မလုပ်ဖူးအပြစ်တွေဝိုင်းပြောကြတယ်ဆိုစိတ်ထဲ ဘယ်လိုဖြစ်မလဲခင်ဗျာ  တခြား မတင်ဘဲပျောက်နေတဲ့ cele ကြီးတွေ အများကြီးရှိတယ် အမနေရာ ကိုယ်သာဆိုရင် ဆိုတဲ့ စိတ်လေးနဲ့ ကိုယ်ချင်းစာပေးကြပါခင်ဗျာ အမဘက်က လိုက်ပြောတာမဟုတ်ပါဘူး ခုလိုချိန်က ပြည်သူအချင်းချင်း ဝန်းရံရမဲ့အချိန်မလို့ အားလုံးကိုစည်းလုံးစေချင်တဲ့စိတ်နဲ့ပါ❤️ အားလုံး peace ❤️ ဆိုပြီး ရှင်းပြလာပါတယ်

 

Teddy ကတော့ နေခြည်ဦးနဲ့ မောင်နှမတွေလို ခင်မင်နေသူ တစ်ယောက်ဖြစ်ပြီး နေခြည်နဲ့ စကားပြော ဖြစ်စဉ်က နေခြည်ဦးရဲ့ ခံစားချက် အချို့ကို ပရိသတ်တွေသိအောင် ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော် Source: Teddy Crd:Cele Connections