ေဒါသကိုခ်ဳပ္ထိန္းၿပီး သတိရွိရွိနဲ႔လုပ္ေဆာင္ဖို႔သတိေပးရင္ေဒါသကိုခ်ဳပ္ထိန္းၿပီး သတိရွိရွိနဲ႔လုပ္ေဆာင္ဖို႔သတိေပးရင္း ေအာင္ျမင္မႈပန္းတိုင္ကို အေရာက္သြားနိုင္ရန္ တိုင္းရင္းသားအားလုံးကို ဆုေတာင္းေပးလာတဲ့ ေနတိုး
မင္းသား ေနတိုး ကေတာ့ ျပည္သူလူထုရဲ့ အားေပးမႈေၾကာင့္ ေအာင္ျမင္လာခဲ့သူ တစ္ေယာက္ပီပီ လက္ရွိ ျပည္တြင္းေရးမွာလည္း မွန္ကန္တဲ့ဘက္က ရပ္တည္ၿပီး ျပည္သူေတြကို စိတ္မပ်က္ေစခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ ေနတိုးက ျပည္သူလူထုနဲ႔အတူတူ လမ္းေပၚထြက္ၿပီး ဆႏၵထုတ္ေဖာ္မႈေတြျပဳလုပ္ခဲ့သလို လမ္းေပၚထြက္ၾကမယ့္ ျပည္သူေတြအတြက္လည္း ေဒါသ၊ ေမာဟေတြကို ခ်ဳပ္ထိန္းဖို႔ သတိေပးစကားေျပာ လာတာကို အခုလိုပဲ ေတြ႕ရပါတယ္
“လူတိုင္းမွာ ေလာဘ ေဒါသ ေမာဟ ဆိုတာ ရွိၾကတာပါဘဲ။ အခုအခ်ိန္မွာပိုၿပီး သတိထားရမယ့္အရာကိုပဲ သတိေပးခ်င္ ပါတယ္ခင္ဗ်ာ။ ကၽြန္ေတာ္တို႔ျပည္သူေတြဟာ မေက်နပ္မႈေၾကာင့္ျဖစ္တဲ့ေဒါသ မခံခ်င္တဲ့စိတ္ေတြေၾကာင့္ျဖစ္တဲ့ေဒါသ မႀကိဳက္မကႏွစ္သက္မႈေဒါသ အားငယ္မႈေၾကာင့္ျဖစ္လာတဲ့ေဒါသ ေၾကာက္ရြံ့မႈကေပါက္ဖြားလာတဲ့ေဒါသစသျဖင့္ ေဒါသမ်ိဳးစုံေတြနဲ႔ျဖတ္သန္းေနၾကရမယ္လို႔ကၽြန္ေတာ္ထင္ပါတယ္။ ဒါ့အျပင္စိတ္ခံစားမႈ မ်ိဳးရိုးဗီဇနဲ႔ခႏၶာကိုယ္ရဲ့ ဇီဝကမၼ အေပၚမူတည္ၿပီး သည္းခံနိုင္မႈေတြဟာလဲမတူနိုင္ၾကပါဘူး။ တခုခုကို ဖ်က္ဆီးျဖစ္လိုက္ခ်င္တဲ့ေဒါသေတြ သူေျပာတာကိုနားထဲကန႔္လန႔္ျဖစ္ၿပီးေအာ္ဟစ္ဆဲဆိုတာေတြ လက္တုန႔္ျပန္ခ်င္တဲ့စိတ္ေတြနဲ႔အတူ မီးဟုန္းဟုန္းေတာက္ေလာင္ေနတဲ့ေဒါသမီးမ်ိဳးေတြလဲ ျဖစ္လာနိုင္ပါတယ္ ”
“အဓိကအေရး အႀကီးဆုံးက ကၽြန္ေတာ္တို႔ဟာ ဒီလိုစိတ္ခံစားမႈေတြ ျဖစ္လာတဲ့အခါ တိုင္းသတိရွိရွိနဲ႔ ထိန္းခ်ဳပ္နိုင္ဖို႔နဲ႔ ၿမိဳသိပ္ထားနိုင္ဖို႔ အေရးႀကီးပါတယ္ တဦးကိုတဦးသတိေပးေနဖို႔လဲလိုအပ္ပါတယ္။ အလြန္အေရးႀကီးတဲ့အခ်ိန္ပါ။ ေဒါသအရမ္းထြက္လာတဲ့အခါ အျပဳအမူေတြကိုထိန္းခ်ဳပ္ေပး႐ုံသာမကဘဲ ခႏၶာရဲ့ တုံ႔ျပန္ပုံေတြကိုပါ ထိန္းခ်ဳပ္နိုင္ဖို႔လိုပါတယ္။ ႏွလုံးခုန္ေတြျမန္လာမယ္ ရင္ဘတ္ေတြတင္းၾကပ္လာၿပီးမ်က္ႏွာေတြနီရဲလာတဲ့အခါပုခုန္းေတြကိုလႈပ္ခါၿပီးသတိေပးတာမ်ိဳးေတြ ႂကြက္သားေတာင့္တင္းတာေတြ ေလ်ာ့ေအာင္လုပ္တာမ်ိဳးေတြအျပင္ အသက္ရႈတာပုံမွန္ျဖစ္ေအာင္ျပန္လုပ္ေပးပါ စိတ္ကို ေျဖးေျဖးခ်င္းျပန္ေလၽွာ့ၿပီး တဆင့္ျခင္း ေဒါသစိတ္ကို ထိန္းနိုင္ဖို႔ႀကိဳးစားၾကရေအာင္ပါ ဒီထက္ေကာင္းမဲ့နည္းေတြလဲအမ်ားႀကီးရွိေနနိုင္ပါတယ္ အဓိကကေတာ့ ထိန္းခ်ဳပ္နိုင္ဖို႔ပါဘဲခင္ဗ်ာ..”
“(ေဒါသဟူသည္မည္သို႔ေသာ ေအာင္ျမင္ျခင္းမ်ိဳးကို မၽွမေဆာင္က်ဥ္းေပးနိုင္ပါ )ဆိုတဲ့ တရားေတာ္မ်ားလဲ ရွိတာမလို႔အားလုံးသတိရွိေစလိုပါတယ္ခင္ဗ်ာ..🙏ျပည္သူျပည္သားတိုင္းရင္းသားညီအကိုေမာင္ႏွမမ်ားအားလုံး အႏၲရာယ္ကင္းေဘးရွင္းစြာျဖင့္ .ေအာင္ျမင္မႈပန္းတိုင္ဆီကိုအေရာက္လွမ္းနိုင္ၾကပါေစ🙏 ျမန္မာျပည္ႀကီးအျမန္ဆုံးၿငိမ္းခ်မ္းပါေစခင္ဗ်ာ …🙏🙏🙏..ေနတိုး]]” ဆိုၿပီး သူ႔ရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာကေနတဆင့္ ေျပာလာပါတယ္
ေနတိုးကေတာ့ တိုင္းရင္းသားျပည္သူ အားလုံး အႏၲရာယ္ကင္းေဘးရွင္း စြာျဖင့္ .ေအာင္ျမင္မႈ ပန္းတိုင္ဆီကို အေရာက္လွမ္းနိုင္ၾကဖို႔ ဆုေတာင္းေပး လာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္
Credit:Cele Connections
Unicode
ဒေါသကိုချုပ်ထိန်းပြီး သတိရှိရှိနဲ့လုပ်ဆောင်ဖို့သတိပေးရင်ဒေါသကိုချုပ်ထိန်းပြီး သတိရှိရှိနဲ့လုပ်ဆောင်ဖို့သတိပေးရင်း အောင်မြင်မှုပန်းတိုင်ကို အရောက်သွားနိုင်ရန် တိုင်းရင်းသားအားလုံးကို ဆုတောင်းပေးလာတဲ့ နေတိုး
မင်းသား နေတိုး ကတော့ ပြည်သူလူထုရဲ့ အားပေးမှုကြောင့် အောင်မြင်လာခဲ့သူ တစ်ယောက်ပီပီ လက်ရှိ ပြည်တွင်းရေးမှာလည်း မှန်ကန်တဲ့ဘက်က ရပ်တည်ပြီး ပြည်သူတွေကို စိတ်မပျက်စေခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ နေတိုးက ပြည်သူလူထုနဲ့အတူတူ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့သလို လမ်းပေါ်ထွက်ကြမယ့် ပြည်သူတွေအတွက်လည်း ဒေါသ၊ မောဟတွေကို ချုပ်ထိန်းဖို့ သတိပေးစကားပြော လာတာကို အခုလိုပဲ တွေ့ရပါတယ်
“လူတိုင်းမှာ လောဘ ဒေါသ မောဟ ဆိုတာ ရှိကြတာပါဘဲ။ အခုအချိန်မှာပိုပြီး သတိထားရမယ့်အရာကိုပဲ သတိပေးချင် ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ပြည်သူတွေဟာ မကျေနပ်မှုကြောင့်ဖြစ်တဲ့ဒေါသ မခံချင်တဲ့စိတ်တွေကြောင့်ဖြစ်တဲ့ဒေါသ မကြိုက်မကနှစ်သက်မှုဒေါသ အားငယ်မှုကြောင့်ဖြစ်လာတဲ့ဒေါသ ကြောက်ရွံ့မှုကပေါက်ဖွားလာတဲ့ဒေါသစသဖြင့် ဒေါသမျိုးစုံတွေနဲ့ဖြတ်သန်းနေကြရမယ်လို့ကျွန်တော်ထင်ပါတယ်။ ဒါ့အပြင်စိတ်ခံစားမှု မျိုးရိုးဗီဇနဲ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ အပေါ်မူတည်ပြီး သည်းခံနိုင်မှုတွေဟာလဲမတူနိုင်ကြပါဘူး။ တခုခုကို ဖျက်ဆီးဖြစ်လိုက်ချင်တဲ့ဒေါသတွေ သူပြောတာကိုနားထဲကန့်လန့်ဖြစ်ပြီးအော်ဟစ်ဆဲဆိုတာတွေ လက်တုန့်ပြန်ချင်တဲ့စိတ်တွေနဲ့အတူ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ဒေါသမီးမျိုးတွေလဲ ဖြစ်လာနိုင်ပါတယ် ”
“အဓိကအရေး အကြီးဆုံးက ကျွန်တော်တို့ဟာ ဒီလိုစိတ်ခံစားမှုတွေ ဖြစ်လာတဲ့အခါ တိုင်းသတိရှိရှိနဲ့ ထိန်းချုပ်နိုင်ဖို့နဲ့ မြိုသိပ်ထားနိုင်ဖို့ အရေးကြီးပါတယ် တဦးကိုတဦးသတိပေးနေဖို့လဲလိုအပ်ပါတယ်။ အလွန်အရေးကြီးတဲ့အချိန်ပါ။ ဒေါသအရမ်းထွက်လာတဲ့အခါ အပြုအမူတွေကိုထိန်းချုပ်ပေးရုံသာမကဘဲ ခန္ဓာရဲ့ တုံ့ပြန်ပုံတွေကိုပါ ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ နှလုံးခုန်တွေမြန်လာမယ် ရင်ဘတ်တွေတင်းကြပ်လာပြီးမျက်နှာတွေနီရဲလာတဲ့အခါပုခုန်းတွေကိုလှုပ်ခါပြီးသတိပေးတာမျိုးတွေ ကြွက်သားတောင့်တင်းတာတွေ လျော့အောင်လုပ်တာမျိုးတွေအပြင် အသက်ရှုတာပုံမှန်ဖြစ်အောင်ပြန်လုပ်ပေးပါ စိတ်ကို ဖြေးဖြေးချင်းပြန်လျှော့ပြီး တဆင့်ခြင်း ဒေါသစိတ်ကို ထိန်းနိုင်ဖို့ကြိုးစားကြရအောင်ပါ ဒီထက်ကောင်းမဲ့နည်းတွေလဲအများကြီးရှိနေနိုင်ပါတယ် အဓိကကတော့ ထိန်းချုပ်နိုင်ဖို့ပါဘဲခင်ဗျာ..”
“(ဒေါသဟူသည်မည်သို့သော အောင်မြင်ခြင်းမျိုးကို မျှမဆောင်ကျဉ်းပေးနိုင်ပါ )ဆိုတဲ့ တရားတော်များလဲ ရှိတာမလို့အားလုံးသတိရှိစေလိုပါတယ်ခင်ဗျာ..🙏ပြည်သူပြည်သားတိုင်းရင်းသားညီအကိုမောင်နှမများအားလုံး အန္တရာယ်ကင်းဘေးရှင်းစွာဖြင့် .အောင်မြင်မှုပန်းတိုင်ဆီကိုအရောက်လှမ်းနိုင်ကြပါစေ🙏 မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေခင်ဗျာ …🙏🙏🙏..နေတိုး]]” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောလာပါတယ်
နေတိုးကတော့ တိုင်းရင်းသားပြည်သူ အားလုံး အန္တရာယ်ကင်းဘေးရှင်း စွာဖြင့် .အောင်မြင်မှု ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်ကြဖို့ ဆုတောင်းပေး လာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်
Credit:Cele Connections