Unicode
၂ ငါးလုံး အထွေထွေသပိတ်နေ့မှာ ဒီမိုကရေစီလိုလားသူတွေရဲ့ ငြိမ်းချမ်းစွာတော်လှန်မှုအားလုံးကို လေးစားပြီး ကျေးဇူးတင်မိပါတယ်လို့ ဆိုလာတဲ့ သရုပ်ဆောင်ပိုင်တံခွန်
သရုပ်ဆောင်ပိုင်တံခွန်ကတော့ ၂ ငါးလုံး အထွေထွေသပိတ်နေ့မှာ ဒီမိုကရေစီကို လိုလာသူတွေရဲ့ ငြိမ်းချမ်းစွာတော်လှန်မှု အားလုံးကို လေးစားကျေးဇူးတင်မိတဲ့အကြောင်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားလာတာဖြစ်ပါတယ်။ ပိုင်တံခွန် ကိုယ်တိုင်ကလည်း ငြိမ်းချမ်းစွာဆန္ဒပြ ပြည်သူတွေနဲ့အတူ တစ်သားထဲ ရပ်တည်ပြီး ဦးဆောင်ဆန္ဒပြ ပါဝင်နေတာလည်း တွေ့ရပါတယ်။ သစ်ပင်အကြီးကြီး တစ်ပင်ရှင်သန်နေတယ်ဆိုတာ သူ့အောက်ခြေမှာကုတ်တွယ်ထားတဲ့ အမြစ်သေးသေးလေး တစ်ပင်ချင်းစီတိုင်းရဲ့ အကျိုးသက်ရောက်မှုပါ
ပင်စည်နဲ့ အကိုင်းအခက် ဘယ်လောက် ထိခိုက်ပါစေ ကျွန်တော်တို့ ကုတ်တွယ်ထားတဲ့ အမြစ်သေးသေးလေးတွေက အရမ်းကို ခိုင်မာလွန်းပါတယ်။ ဒီနေ့ ဒီမိုကရေစီလိုလားတဲ့ ညီအစ်ကို၊ မောင်နှမတွေရဲ့ ငြိမ်းချမ်းစွာ တော်လှန်မှု အားလုံးကိုလေးစားပြီး မြန်မာနိုင်ငံအတွက် တကယ် ကျေးဇူးတင်မိပါတယ်။ အနည်းဆုံးတော့ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ လူတစ်ဦးတစ်ယောက်ချင်းရဲ့ စည်းလုံးမှုကိုအထင်းသား စွဲထင်စေပါတယ်။ အားလုံးကို လေးစားလျက်ပါ လို့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားတာပါ Crd- သိမ့်