ပြည်လုံးကျွတ်သပိတ်မှာ ပြည်သူတွေနဲ့အတူ လက်တွဲညီစွာ ပါဝင်ခဲ့တဲ့မြင့်မြတ်




Source: Myint Myat FB

Unicode

ပရိသတ်ကြီးရေ မြင့်မြတ်ကတော့ အနုပညာလမ်းမှာအောင်မြင်မှုများစွာရရှိထားတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။ မြင့်မြတ်ကတော့ ကျရာဇာတ်ကောင် ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တာကြောင့်လည်း အကယ်ဒမီဆုကိုလည်း ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်

မြင့်မြတ်ကတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီးချစ်ဇနီးလေးနဲ့အတူ သာယာလှပတဲ့မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားနိုင်သူတစ်ဦးဖြစ်ပါတယ်။ပြည်သူတွေရဲ့အချစ်တွေသိမ်းပိုက်ရရှိထားတဲ့မင်းသား ဖြစ်တဲ့မြင့်မြတ်ကတော့ လတ်တလောမှာဖြစ်နေတဲ့ လူထုလှုပ်ရှားမှုတွေများလည်း ပြည်သူလူထုနဲ့အတူ ပါဝင်ပေးခဲ့ပါတယ်

မြင့်မြတ်က ၂၂.၂.၂၀၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ်သပိတ်မှာလည်း မြန်မာပြည်သူပြည်သားများနဲ့ လက်တွဲညီစွာ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ပုံရိပ်လေးကို သူ့ရဲ့လူမှုကွန်ရက်ကနေ မျှဝေလာခဲ့ပါတယ်။ပရိသတ်ကြီးအတွက်လည်း မြင့်မြတ်ဆန္ဒထုတ်ဖော်ခဲ့တဲ့ပုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

Source: Myint Myat FB