အောင်ဘာလေ ထီဖွင့်မည့်ရက်ကို ပုံမှန်အတိုင်း ကျင်းပနိုင်မည်မဟုတ်ဘဲ ရက်ရွှေ့ဆိုင်းလိုက်ကြောင်းကြေငြာ




Unicode

၂၅ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲကို လာမည့် မတ်လ ၁၅ ရက်သို့ပြောင်းလဲ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှထုတ်ပြန်ကြေညာထားသည်။ ယင်းသို့ပြောင်းလဲရခြင်းမှာ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ပြည်နယ်အား လုံးတို့ တွင် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေအရ ထီလုပ်ငန်း ဖြင့်အသက်မွေးဝမ်းကြောင်း ပြုသူ လက် ပွေ့၊တွန်းလှည်း တို့ဖြင့် ထီရောင်း ချသူများ ထီရောင်းနိုင်မှု မရှိခြင်း၊ ထီ ကံစမ်းသူများအနေ ဖြင့်လည်း ထီထိုးရန် အခက်အခဲဖြစ်နေခြင်းကြောင့် ပြည်သူများ စီးပွားရေး အဆင်ပြေစေရန်အတွက် ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ငွေကျပ် ၁၀၀၀ တန်အောင်ဘာလေ ထီစာအုပ်များကို ထီစာအုပ် ဝယ်ယူရရှိခွင့်သူများထံသို့ မူလ အက္ခရာ ၃၉ လုံး၊ထီ အုပ်ရေ ၃,၁၉၀,၉၀၂ အုပ်ကို ခွဲဝေရောင်းချခဲ့ပြီး ထီကံစမ်းသူ ပြည်သူများအား ၆၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည် ၂၅ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲကို လာမည့် မတ်လ ၁၅ ရက်သို့ပြောင်းလဲ ဖွင့်လှစ်သွား မည်ဖြစ်သော်လည်း၂၆ ကြိမ်မြောက် အောင်ဘာလေ ထီလက်မှတ်များကိုမူ ပုံမှန်အတိုင်း ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်တွင် ရောင်းချပေးသွားမည်ဖြစ်ပြီး ထီဖွင့်မည့်ရက်ကို ဧပြီလ ၁ ရက် တွင်ပင် ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်